ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် Single Song တွေကို စီစဉ်နေတဲ့ တေးသံရှင် ဝိုင်းလေး

ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် Single Song တွေကို စီစဉ်နေတဲ့ တေးသံရှင် ဝိုင်းလေး

တေးသံရှင် ဝိုင်းလေး ဟာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်စေဖို့အတွက် လက်ရှိမှာ Single Song တွေကို စီစဉ်နေပြီး အွန်လိုင်းပေါ်မှာတင်ပေးကာ ဖြန့်ချီသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

သူမကိုယ်တိုင်လည်း တေးသီချင်းတွေကို သီဆိုနေသလို ခံစားချက်ပေါ်မူတည်ပြီး သီချင်းရေးတာတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။သူမရေးသားထားတဲ့ တေးသီချင်းတွေထဲက တစ်ချို့ဟာ ပရိသတ်တွေရဲ့ ခံစားချက်တွေနဲ့ တူညီခဲ့တာကြောင့် နှစ်သက်အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

“အခုအချိန်က မိုးရာသီကာလလည်း ဖြစ်နေတော့ လောလောဆယ်မှာ ပွဲတွေနားထားတယ်၊ တေးသီချင်းတွေအတွက် Music Video တွေ ရိုက်ဖို့တော့ ရှိပါတယ်၊ အခုခေတ်ကလည်း တစ်ခွေချင်းဝယ်တဲ့ခေတ်က ကုန်သွားပြီ၊ ပရိသတ်ကိုလည်း ချစ်တယ်၊ အဆက်မပြတ်လည်း ကြိုးစားဖို့ ဒီလိုလုပ်တာဖြစ်ပါတယ်၊ Single Song တွေကျတော့ အရင်းအနှီး ကုန်ကျစရိတ်လည်း သိပ်ပြီးတော့ မရှိဘူး၊ ဒါကြောင့်လည်း ပါပါတယ်” လို့ တေးသံရှင် ဝိုင်းလေး က ပြောပါတယ်။

Single Song တွေကို အွန်လိုင်းမှာတင်တဲ့အခါ အားပေးကြည့်ရှုမှုအပေါ် မူတည်ပြီးတော့ နောက်ပိုင်းမှာ ပရိသတ်ပိုမိုစိတ်ဝင်စားတဲ့ သီချင်းတွေကိုသာ ရွေးချယ်ပြီး Music Video တွေကို ရိုက်ကူးသွားဖို့ရှိသလို ယခုနှစ်ကုန်ပိုင်းမှာ DVD အယ်လ်ဘမ်ကို ဖြန့်ချီဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

“ဝိုင်းလေးက အခု တေးရေးဆရာတစ်ယောက်လိုတော့ သီအိုရီပိုင်းကို မနိုင်သေးပါဘူး၊ ခံစားချက်ကို ရိုးသားစွာနဲ့ သီချင်းရေးတာ ဖြစ်ပါတယ်၊ ပရိသတ်တွေနဲ့ အကြိုက်တွေတူပြီးတော့ အားပေးတာကိုလည်း ဝမ်းသာမိတယ်၊ ပရိသတ်တွေရဲ့ Current ဖြစ်နေတဲ့ အခြေအနေ ဖီလင်လေးတွေကို လေ့လာပြီးတော့ ရေးဖြစ်တာ ဖြစ်ပါတယ်” လို့ တေးသံရှင် ဝိုင်းလေး က ရှင်းပြပါတယ်။

သူမဟာ အားလပ်တဲ့အချိန်တွေမှာ Tik Tok ဆော့ကစား ရိုက်ကူးတာတွေရှိသလို မကြာသေးခင်က Sorry not Sorry တေးသီချင်းကို ဖြန့်ချီခဲ့တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
( Zawgyi )
ေတးသံရွင္ ဝိုင္းေလး ဟာ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္ေစဖို႔အတြက္ လက္ရွိမွာ Single Song ေတြကို စီစဥ္ေနၿပီး အြန္လိုင္းေပၚမွာတင္ေပးကာ ျဖန႔္ခ်ီသြားဖို႔ရွိတယ္လို႔ ဆိုပါတယ္။

သူမကိုယ္တိုင္လည္း ေတးသီခ်င္းေတြကို သီဆိုေနသလို ခံစားခ်က္ေပၚမူတည္ၿပီး သီခ်င္းေရးတာေတြကိုလည္း လုပ္ေဆာင္လ်က္ရွိပါတယ္။သူမေရးသားထားတဲ့ ေတးသီခ်င္းေတြထဲက တစ္ခ်ိဳ႕ဟာ ပရိသတ္ေတြရဲ႕ ခံစားခ်က္ေတြနဲ႔ တူညီခဲ့တာေၾကာင့္ ႏွစ္သက္အားေပးမႈကိုလည္း ရရွိခဲ့ပါတယ္။

“အခုအခ်ိန္က မိုးရာသီကာလလည္း ျဖစ္ေနေတာ့ ေလာေလာဆယ္မွာ ပြဲေတြနားထားတယ္၊ ေတးသီခ်င္းေတြအတြက္ Music Video ေတြ ႐ိုက္ဖို႔ေတာ့ ရွိပါတယ္၊ အခုေခတ္ကလည္း တစ္ေခြခ်င္းဝယ္တဲ့ေခတ္က ကုန္သြားၿပီ၊ ပရိသတ္ကိုလည္း ခ်စ္တယ္၊ အဆက္မျပတ္လည္း ႀကိဳးစားဖို႔ ဒီလိုလုပ္တာျဖစ္ပါတယ္၊ Single Song ေတြက်ေတာ့ အရင္းအႏွီး ကုန္က်စရိတ္လည္း သိပ္ၿပီးေတာ့ မရွိဘူး၊ ဒါေၾကာင့္လည္း ပါပါတယ္” လို႔ ေတးသံရွင္ ဝိုင္းေလး က ေျပာပါတယ္။

Single Song ေတြကို အြန္လိုင္းမွာတင္တဲ့အခါ အားေပးၾကည့္ရႈမႈအေပၚ မူတည္ၿပီးေတာ့ ေနာက္ပိုင္းမွာ ပရိသတ္ပိုမိုစိတ္ဝင္စားတဲ့ သီခ်င္းေတြကိုသာ ေ႐ြးခ်ယ္ၿပီး Music Video ေတြကို ႐ိုက္ကူးသြားဖို႔ရွိသလို ယခုႏွစ္ကုန္ပိုင္းမွာ DVD အယ္လ္ဘမ္ကို ျဖန႔္ခ်ီဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

“ဝိုင္းေလးက အခု ေတးေရးဆရာတစ္ေယာက္လိုေတာ့ သီအိုရီပိုင္းကို မႏိုင္ေသးပါဘူး၊ ခံစားခ်က္ကို ႐ိုးသားစြာနဲ႔ သီခ်င္းေရးတာ ျဖစ္ပါတယ္၊ ပရိသတ္ေတြနဲ႔ အႀကိဳက္ေတြတူၿပီးေတာ့ အားေပးတာကိုလည္း ဝမ္းသာမိတယ္၊ ပရိသတ္ေတြရဲ႕ Current ျဖစ္ေနတဲ့ အေျခအေန ဖီလင္ေလးေတြကို ေလ့လာၿပီးေတာ့ ေရးျဖစ္တာ ျဖစ္ပါတယ္” လို႔ ေတးသံရွင္ ဝိုင္းေလး က ရွင္းျပပါတယ္။

သူမဟာ အားလပ္တဲ့အခ်ိန္ေတြမွာ Tik Tok ေဆာ့ကစား ႐ိုက္ကူးတာေတြရွိသလို မၾကာေသးခင္က Sorry not Sorry ေတးသီခ်င္းကို ျဖန႔္ခ်ီခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း