ပရိသတ်တွေရယ်မောရမယ့် “တောက်ချလိုက်မယ်”ရုပ်ရှင်ကား ရုံတင်တော့မည်

ပရိသတ်တွေရယ်မောရမယ့် “တောက်ချလိုက်မယ်”ရုပ်ရှင်ကား ရုံတင်တော့မည်

ပရိသတ်တွေ ဘဝအမောပြေကာ ရယ်မောရမယ့် “တောက်ချလိုက်မယ်”လို့နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကား လာမယ့် ဒီဇင်ဘာ ၅ ရက်မှာ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။

အဆိုပါ ဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းက သမ္မတ ရုပ်ရှင်ရုံမှာ ဒီဇင်ဘာ ၂ ရက် ည ၇နာရီက ကျင်းပခဲ့ပြီး ဇာတ်ကားထဲပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ၎င်းတို့ရဲ့ အမာခံပရိသတ်တွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တွေတက်ရောက်ခဲ့ကြပါတယ်။ “မယုံရင် လာကြည့်လှည့်ပါ၊ မရယ်ရရင် ကျွန်တော့်ကို ကြိုက်သလိုပြော၊ တကယ့်ကို ရယ်ရမယ့်ကားလို့ အာမခံပါတယ်၊ ကျွန်တော်တို့ အနုပညာ မောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် ဟန်ချက်ညီညီနဲ့ သရုပ်ဆောင်ထားကြပါတယ်၊ ပရိသတ်တွေ စိတ်ဝင်စားစေမယ့်ကားလည်း ဖြစ်မှာပါ” လို့ သရုပ်ဆောင် ဒိန်းဒေါင်က ပြောပါတယ်။

ထိုဇာတ်ကားဟာ ဇာတ်လမ်း နှင့် ဒါရိုက်တာအဖြစ် ခင်လှိုင်(ဉာဏ်ကြီးရှင်)က ရိုက်ကူးထားသလို သရုပ်ဆောင် တွေအဖြစ် ခန့်စည်သူ၊ မြင့်မြတ်၊ ပကိထရစ်ရှာ၊ ရွှေသမီး၊ ခင်လှိုင်၊ ဒိန်းဒေါင်နဲ့ အခြားသော သရုပ်ဆောင်များစွာ တို့က ပါဝင်ထားကြသလို ရယ်ရွှင်ဖွယ်ဖန်တီးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

“ဒီကားထဲမှာက ကျောင်းတော်က ရန်စတွေနဲ့ တစ်ယောက်နဲပတစ်ယောက် ဆံချည်တစ်မျှင်တောင်မှ အကြောမခံဘဲနဲ့ အားပြိုင်မှုတွေပေါ့၊ အကုန်လုံးက ရယ်ရအောင်လို့ ဖန်တီးထားပါတယ်၊ ဒီကားလေးကို လာကြည့်ပါလို့ပြောချင်ပါတယ်၊ ပရိသတ်ကြိုက်ကြမယ့် ကားလည်းဖြစ် မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ အများကြီး ကြိုးစားထားတဲ့ ကားလည်းဖြစ်ပါတယ်”လို့ သရုပ်ဆောင် ခင်လှိုင်က ရှင်းပြပါတယ်။
ယင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင် ခန့်စည်သူကလည်း “ဇာတ်လမ်းအကြောင်းကို ကြိုမပြောတော့ဘူးနော်၊ ကြိုပြီးပြောရင် ဖီလင်ပျက်မှာစိုးလို့ပါ၊ ဟာသတွေကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်စွမ်းရှိတဲ့ ကိုခင်လှိုင်တို့ ကိုဒိန်းဒေါင်တို့နဲ့ အပြိုင်ဘယ်လို သရုပ်ဆောင်မလဲဆိုတာ လာကြည့်လှည့်ပါ၊ ကျွန်တော်တို့ကလည်း ဝိုင်းဝန်းပြီး ပံ့ပိုးအားဖြည့်ထားတယ်”လို့ ပြောပါတယ်။

ထိုရုပ်ရှင်ကားကို Love+2 Film Production ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားလည်းဖြစ်သလို စိတ်ဖိစီးမှုများ ပြေပျောက်စေကာ ပျော်ရွှင် ရယ်မောပြီး မိသားစုအပန်းဖြေကြည့်ရှုနိုင်ဖို့ ဖန်တီးထားတယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ပရိသတ္ေတြ ဘဝအေမာေျပကာ ရယ္ေမာရမယ့္ “ေတာက္ခ်လိုက္မယ္”လို႔နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကား လာမယ့္ ဒီဇင္ဘာ ၅ ရက္မွာ ႐ုံတင္ျပသသြားဖို႔ စီစဥ္ထားပါတယ္။

အဆိုပါ ဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ကို ရန္ကုန္ၿမိဳ႕၊ အလံျပဘုရားလမ္းက သမၼတ ႐ုပ္ရွင္႐ုံမွာ ဒီဇင္ဘာ ၂ ရက္ ည ၇နာရီက က်င္းပခဲ့ၿပီး ဇာတ္ကားထဲပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြ၊ ၎တို႔ရဲ႕ အမာခံပရိသတ္ေတြ၊ ဖိတ္ၾကားထားတဲ့ဧည့္သည္ေတြတက္ေရာက္ခဲ့ၾကပါတယ္။ “မယုံရင္ လာၾကည့္လွည့္ပါ၊ မရယ္ရရင္ ကြၽန္ေတာ့္ကို ႀကိဳက္သလိုေျပာ၊ တကယ့္ကို ရယ္ရမယ့္ကားလို႔ အာမခံပါတယ္၊ ကြၽန္ေတာ္တို႔ အႏုပညာ ေမာင္ႏွမေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ဟန္ခ်က္ညီညီနဲ႔ သ႐ုပ္ေဆာင္ထားၾကပါတယ္၊ ပရိသတ္ေတြ စိတ္ဝင္စားေစမယ့္ကားလည္း ျဖစ္မွာပါ” လို႔ သ႐ုပ္ေဆာင္ ဒိန္းေဒါင္က ေျပာပါတယ္။

ထိုဇာတ္ကားဟာ ဇာတ္လမ္း ႏွင့္ ဒါ႐ိုက္တာအျဖစ္ ခင္လႈိင္(ဉာဏ္ႀကီးရွင္)က ႐ိုက္ကူးထားသလို သ႐ုပ္ေဆာင္ ေတြအျဖစ္ ခန႔္စည္သူ၊ ျမင့္ျမတ္၊ ပကိထရစ္ရွာ၊ ေ႐ႊသမီး၊ ခင္လႈိင္၊ ဒိန္းေဒါင္နဲ႔ အျခားေသာ သ႐ုပ္ေဆာင္မ်ားစြာ တို႔က ပါဝင္ထားၾကသလို ရယ္႐ႊင္ဖြယ္ဖန္တီးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

“ဒီကားထဲမွာက ေက်ာင္းေတာ္က ရန္စေတြနဲ႔ တစ္ေယာက္နဲပတစ္ေယာက္ ဆံခ်ည္တစ္မွ်င္ေတာင္မွ အေၾကာမခံဘဲနဲ႔ အားၿပိဳင္မႈေတြေပါ့၊ အကုန္လုံးက ရယ္ရေအာင္လို႔ ဖန္တီးထားပါတယ္၊ ဒီကားေလးကို လာၾကည့္ပါလို႔ေျပာခ်င္ပါတယ္၊ ပရိသတ္ႀကိဳက္ၾကမယ့္ ကားလည္းျဖစ္ မယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ ကြၽန္ေတာ္တို႔ အမ်ားႀကီး ႀကိဳးစားထားတဲ့ ကားလည္းျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ခင္လႈိင္က ရွင္းျပပါတယ္။
ယင္းနဲ႔ပတ္သက္ၿပီး သ႐ုပ္ေဆာင္ ခန႔္စည္သူကလည္း “ဇာတ္လမ္းအေၾကာင္းကို ႀကိဳမေျပာေတာ့ဘူးေနာ္၊ ႀကိဳၿပီးေျပာရင္ ဖီလင္ပ်က္မွာစိုးလို႔ပါ၊ ဟာသေတြကို ပိုင္ပိုင္ႏိုင္ႏိုင္လုပ္ႏိုင္စြမ္းရွိတဲ့ ကိုခင္လႈိင္တို႔ ကိုဒိန္းေဒါင္တို႔နဲ႔ အၿပိဳင္ဘယ္လို သ႐ုပ္ေဆာင္မလဲဆိုတာ လာၾကည့္လွည့္ပါ၊ ကြၽန္ေတာ္တို႔ကလည္း ဝိုင္းဝန္းၿပီး ပံ့ပိုးအားျဖည့္ထားတယ္”လို႔ ေျပာပါတယ္။

ထို႐ုပ္ရွင္ကားကို Love+2 Film Production ရဲ႕ ပြဲဦးထြက္ ႐ုပ္ရွင္ဇာတ္ကားလည္းျဖစ္သလို စိတ္ဖိစီးမႈမ်ား ေျပေပ်ာက္ေစကာ ေပ်ာ္႐ႊင္ ရယ္ေမာၿပီး မိသားစုအပန္းေျဖၾကည့္ရႈႏိုင္ဖို႔ ဖန္တီးထားတယ္လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း