ပရိသတ်တွေအတွက် အွန်လိုင်းမှတစ်ဆင့် Single Song တွေနဲ့ ဖျော်ဖြေပေးသွားဖို့စီစဉ်ထားတဲ့တေးသံရှင် ဂျူဝယ်လ်

ပရိသတ်တွေအတွက် အွန်လိုင်းမှတစ်ဆင့် Single Song တွေနဲ့ ဖျော်ဖြေပေးသွားဖို့စီစဉ်ထားတဲ့တေးသံရှင် ဂျူဝယ်လ်

အခုလိုကာလမှာ ဖျော်ဖြေပွဲတွေမကျင်းပဖြစ်ပေမယ့် ပရိသတ်တွေအတွက် အွန်လိုင်းကနေSingle Song တွေနဲ့ ဖျော်ဖြေတာတွေကို လုပ်ဆောင်ပေးသွားဖို့ စီစဉ်ထားတယ်လို့ တေးသံရှင် ဂျူဝယ်လ်က ပြောပါတယ်။“အခုလိုကာလမှာ ပွဲလမ်းသဘင်တွေ မလုပ်ဖြစ်တာ လည်း ကောင်းပါတယ်၊ Positive လူနာလည်း တွေ့နေတယ် ဆိုတော့ ဘာပဲပြောပြောပေါ့၊ ဖြစ်နိုင်ရင် အကြောင်းသိပ်မရှိရင် အပြင် မထွက် တာ ကောင်းပါတယ်၊ အနုပညာရှင်တွေ တော်တော်များများလည်း ဒီလိုပဲလေ၊ အကြောင်းကိစ္စမရှိရင် မထွက်ဖြစ်တော့ဘူး၊ အိမ်ထဲမှာနေရင်း ပျင်းလာတာ တော့ရှိတာပေါ့၊ ကိုယ့်ရဲ့ သီချင်းတွေအတွက် ပြင်ဆင်သင့်တာတွေလည်း ပြင်ဆင်ရင်းနဲ့ပါ၊ ပရိသတ်တွေ လည်း ပျင်းနေကြမယ်ထင်ပါတယ်၊ ဒါကြောင့်လည်း Single Song လေးတွေ လုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်၊ သင်္ကြန်ကာလလည်း မပျင်းရအောင်လို့ စဉ်းစားထားတယ်”လို့ တေးသံရှင် ဂျူဝယ်လ်က ပြောပါတယ်။

ယခုလို ပွင့်လင်းရာသီကာလအပါအဝင် သင်္ကြန်ကာလတွေဟာ သာမန်အားဖြင့်ပွဲလမ်းသဘင်တွေ ပေါများတဲ့ရာသီ ကာလဖြစ်သလို မျိုးဆက်သစ်တေးသံရှင်တွေအဖို့ မိမိတို့မှာရှိတဲ့ အနုပညာအရည်အသွေးတွေကို ချပြဖို့ အခွင့်အလမ်း များတဲ့ကာလလည်း ဖြစ်ပေမယ့် ယခုအခါ ရုတ်တရက်ရောဂါအခြေအနေတွေကြောင့် နေထိုင်သွားလာမှုကို သတိပြု နေရတယ်လို့ သိရပါတယ်။ “အနုပညာဆိုတာ အချိန်ပေးပြီးတော့ လုပ်မှဖြစ်မှာပါ၊ ဂျူဝယ်လ်တို့ ဆိုရင်လည်း အခုထိ ကြိုးစားဆဲကာလပါ၊ အောင်မြင်တဲ့ အနေအထားမျိုးတော့ မဖြစ်သေးပါဘူး၊ အောင်မြင်မှုတစ်ခုကိုရဖို့ အချိန်တွေ အများကြီးပေးဆပ်ရတယ်ဆိုတာ လက်ခံပါတယ်၊ ဒါကြောင့်လည်း အခုထိ ကြိုးစားနေပါတယ်၊ ပရိသတ်တွေ အတွက်လည်း အခုလိုကာလမှာ အွန်လိုင်းကနေအစီအစဉ်တွေကို ကြိုးပမ်းလုပ်ဆောင်သွားမှာပါ၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးတော့ နေထိုင်ပြုမူဖို့ ပြောချင်ပါတယ်”လို့ တေးသံရှင် ဂျူဝယ်လ်က ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အကုန် ၂၀၂၀ နှစ်ဆန်းကတည်းက ဖျော်ဖြေပွဲတွေကို ဆက်တိုက် သွားရောက်ဖျော်ဖြေရသလို မူလက လာမယ့် သင်္ကြန်ကာလထဲ ဖျော်ဖြေပေးဖို့ဖိတ်ကြားတာတွေရှိခဲ့ပြီး အစီအစဉ်တွေရေးဆွဲထားပေမယ့် လက်ရှိမှာ အစီအစဉ်အားလုံးကို ဖျက်သိမ်းကာ ကျန်းမာရေးကိစ္စကိုသာ အလေးထားနေကြတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)

(  Zawgyi  )

 အခုလိုကာလမွာ ေဖ်ာ္ေျဖပြဲေတြမက်င္းပျဖစ္ေပမယ့္ ပရိသတ္ေတြအတြက္ အြန္လိုင္းကေနSingle Song ေတြနဲ႔ ေဖ်ာ္ေျဖတာေတြကို လုပ္ေဆာင္ေပးသြားဖို႔ စီစဥ္ထားတယ္လို႔ ေတးသံရွင္ ဂ်ဴဝယ္လ္က ေျပာပါတယ္။“အခုလိုကာလမွာ ပြဲလမ္းသဘင္ေတြ မလုပ္ျဖစ္တာ လည္း ေကာင္းပါတယ္၊ Positive လူနာလည္း ေတြ႕ေနတယ္ ဆိုေတာ့ ဘာပဲေျပာေျပာေပါ့၊ ျဖစ္ႏိုင္ရင္ အေၾကာင္းသိပ္မရွိရင္ အျပင္ မထြက္ တာ ေကာင္းပါတယ္၊ အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ဒီလိုပဲေလ၊ အေၾကာင္းကိစၥမရွိရင္ မထြက္ျဖစ္ေတာ့ဘူး၊ အိမ္ထဲမွာေနရင္း ပ်င္းလာတာ ေတာ့ရွိတာေပါ့၊ ကိုယ့္ရဲ႕ သီခ်င္းေတြအတြက္ ျပင္ဆင္သင့္တာေတြလည္း ျပင္ဆင္ရင္းနဲ႔ပါ၊ ပရိသတ္ေတြ လည္း ပ်င္းေနၾကမယ္ထင္ပါတယ္၊ ဒါေၾကာင့္လည္း Single Song ေလးေတြ လုပ္ေပးသြားဖို႔ စီစဥ္ထားပါတယ္၊ သၾကၤန္ကာလလည္း မပ်င္းရေအာင္လို႔ စဥ္းစားထားတယ္”လို႔ ေတးသံရွင္ ဂ်ဴဝယ္လ္က ေျပာပါတယ္။

ယခုလို ပြင့္လင္းရာသီကာလအပါအဝင္ သၾကၤန္ကာလေတြဟာ သာမန္အားျဖင့္ပြဲလမ္းသဘင္ေတြ ေပါမ်ားတဲ့ရာသီ ကာလျဖစ္သလို မ်ိဳးဆက္သစ္ေတးသံရွင္ေတြအဖို႔ မိမိတို႔မွာရွိတဲ့ အႏုပညာအရည္အေသြးေတြကို ခ်ျပဖို႔ အခြင့္အလမ္း မ်ားတဲ့ကာလလည္း ျဖစ္ေပမယ့္ ယခုအခါ ႐ုတ္တရက္ေရာဂါအေျခအေနေတြေၾကာင့္ ေနထိုင္သြားလာမႈကို သတိျပဳ ေနရတယ္လို႔ သိရပါတယ္။ “အႏုပညာဆိုတာ အခ်ိန္ေပးၿပီးေတာ့ လုပ္မွျဖစ္မွာပါ၊ ဂ်ဴဝယ္လ္တို႔ ဆိုရင္လည္း အခုထိ ႀကိဳးစားဆဲကာလပါ၊ ေအာင္ျမင္တဲ့ အေနအထားမ်ိဳးေတာ့ မျဖစ္ေသးပါဘူး၊ ေအာင္ျမင္မႈတစ္ခုကိုရဖို႔ အခ်ိန္ေတြ အမ်ားႀကီးေပးဆပ္ရတယ္ဆိုတာ လက္ခံပါတယ္၊ ဒါေၾကာင့္လည္း အခုထိ ႀကိဳးစားေနပါတယ္၊ ပရိသတ္ေတြ အတြက္လည္း အခုလိုကာလမွာ အြန္လိုင္းကေနအစီအစဥ္ေတြကို ႀကိဳးပမ္းလုပ္ေဆာင္သြားမွာပါ၊ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ၿပီးေတာ့ ေနထိုင္ျပဳမူဖို႔ ေျပာခ်င္ပါတယ္”လို႔ ေတးသံရွင္ ဂ်ဴဝယ္လ္က ရွင္းျပပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္ အကုန္ ၂၀၂၀ ႏွစ္ဆန္းကတည္းက ေဖ်ာ္ေျဖပြဲေတြကို ဆက္တိုက္ သြားေရာက္ေဖ်ာ္ေျဖရသလို မူလက လာမယ့္ သၾကၤန္ကာလထဲ ေဖ်ာ္ေျဖေပးဖို႔ဖိတ္ၾကားတာေတြရွိခဲ့ၿပီး အစီအစဥ္ေတြေရးဆြဲထားေပမယ့္ လက္ရွိမွာ အစီအစဥ္အားလုံးကို ဖ်က္သိမ္းကာ က်န္းမာေရးကိစၥကိုသာ အေလးထားေနၾကတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)