ပရိသတ်တွေအတွက် Music Video ပြင်ဆင်ထားတဲ့ တေးသံရှင် ပိုပို

ပရိသတ်တွေအတွက် Music Video ပြင်ဆင်ထားတဲ့ တေးသံရှင် ပိုပို

တေးသံရှင် ပိုပိုဟာ အခုလို ကာလမှာ ပရိသတ်တွေအနေနဲ့ မပျင်းစေဘဲခံစားနားဆင်နိုင်မယ့် အပြင် ဖျော်ဖြေရေး အတွက်ပါ ပြင်ဆင်ထားတဲ့ Music Video တစ်ပုဒ်ကို စီစဉ်နေပြီး မကြာခင် မှာ အွန်လိုင်းကတစ်ဆင့် တင်ဆက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဇာတ်လမ်းလေးလိုကြည့်လို့ရအောင် ရိုက်နေပါတယ်၊ အဲ့ဒီ Music Video လေးကို လာမယ့် ၂၀ ရက်နေ့မှာ တင်ဆက်သွားမယ်၊ မင်းသားနှစ်ယောက်နဲ့ ရိုက်ထားပါတယ်၊ ပရိသတ်တွေ နှစ်သက် မယ်လို့ မျှော်လင့် ပါတယ်၊ အခုလို ကာလမှာ Stay Home လည်းနေကြရင်း မပျင်းရအောင် စီစဉ်ထားတာ ဖြစ်ပါတယ်”လို့ တေးသံရှင် ပိုပိုက ရှင်းပြပါတယ်။ အခုလိုကာလထဲမှာ သူမ ကိုယ်တိုင်လည်း အိမ်မှာနေရင်း သီချင်းရေးစပ်တာတွေ၊ တေးဂီတပိုင်း ပြင်ဆင်တာတွေနဲ့ လုပ်ဆောင်နေတာ တွေရှိသလို ရေးစပ်လုပ်ဆောင်ပြီးခဲ့တဲ့ တေးသီချင်း တွေကိုလည်း အခါ အားလျော်စွာ အွန်လိုင်းကနေတစ်ဆင့် ဖျော်ဖြေလေ့ရှိပါတယ်။ အဲ့ဒီလိုတေးသီချင်းတွေ လုပ်ကိုင်ရင်း ပျင်းလာတဲ့အခါ သစ်ပင်ကလေးတွေကို တစ်ပိုင်တနိုင်စိုက်ပျိုးတာတွေနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယခုလိုကာလထဲမှာ သူတင်ဆက်ခဲ့တဲ့ တေးသီချင်းတွေအနက် “Holiday” လို့ နာမည်ရတဲ့ သီချင်း ဟာလည်း လူငယ်လူရွယ်တွေကျောင်းသား၊ ကျောင်းသူတွေကြားမှာ ခံစားချက်နဲ့ ကိုက်ညီ တဲ့ အခြေအနေမျိုးဖြစ်ခဲ့တဲ့ အတွက် နှစ်သက်အားပေးမှုတွေမြင့်လာခဲ့ပါတယ်။ လာမယ့် ၂၀ ရက် နေ့မှာ တင်ဆက်သွားဖို့ ပြင်ဆင်နေတဲ့ Music Video ဟာ ပရိသတ်တွေကို တင်ဆက်ခဲ့ဖူးတဲ့ “ဖြေ”လို့နာမည်ရတဲ့ သီချင်းကို Music Video အနေနဲ့ ပြင်ဆင်ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ-ကိုနိုင်NG)
ရန်ကုန်၊ ဇွန် ၁၄

(  Zawgyi  )

 ေတးသံရွင္ ပိုပိုဟာ အခုလို ကာလမွာ ပရိသတ္ေတြအေနနဲ႔ မပ်င္းေစဘဲခံစားနားဆင္ႏိုင္မယ့္ အျပင္ ေဖ်ာ္ေျဖေရး အတြက္ပါ ျပင္ဆင္ထားတဲ့ Music Video တစ္ပုဒ္ကို စီစဥ္ေနၿပီး မၾကာခင္ မွာ အြန္လိုင္းကတစ္ဆင့္ တင္ဆက္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ဇာတ္လမ္းေလးလိုၾကည့္လို႔ရေအာင္ ႐ိုက္ေနပါတယ္၊ အဲ့ဒီ Music Video ေလးကို လာမယ့္ ၂၀ ရက္ေန႔မွာ တင္ဆက္သြားမယ္၊ မင္းသားႏွစ္ေယာက္နဲ႔ ႐ိုက္ထားပါတယ္၊ ပရိသတ္ေတြ ႏွစ္သက္ မယ္လို႔ ေမွ်ာ္လင့္ ပါတယ္၊ အခုလို ကာလမွာ Stay Home လည္းေနၾကရင္း မပ်င္းရေအာင္ စီစဥ္ထားတာ ျဖစ္ပါတယ္”လို႔ ေတးသံရွင္ ပိုပိုက ရွင္းျပပါတယ္။ အခုလိုကာလထဲမွာ သူမ ကိုယ္တိုင္လည္း အိမ္မွာေနရင္း သီခ်င္းေရးစပ္တာေတြ၊ ေတးဂီတပိုင္း ျပင္ဆင္တာေတြနဲ႔ လုပ္ေဆာင္ေနတာ ေတြရွိသလို ေရးစပ္လုပ္ေဆာင္ၿပီးခဲ့တဲ့ ေတးသီခ်င္း ေတြကိုလည္း အခါ အားေလ်ာ္စြာ အြန္လိုင္းကေနတစ္ဆင့္ ေဖ်ာ္ေျဖေလ့ရွိပါတယ္။ အဲ့ဒီလိုေတးသီခ်င္းေတြ လုပ္ကိုင္ရင္း ပ်င္းလာတဲ့အခါ သစ္ပင္ကေလးေတြကို တစ္ပိုင္တႏိုင္စိုက္ပ်ိဳးတာေတြနဲ႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ယခုလိုကာလထဲမွာ သူတင္ဆက္ခဲ့တဲ့ ေတးသီခ်င္းေတြအနက္ “Holiday” လို႔ နာမည္ရတဲ့ သီခ်င္း ဟာလည္း လူငယ္လူ႐ြယ္ေတြေက်ာင္းသား၊ ေက်ာင္းသူေတြၾကားမွာ ခံစားခ်က္နဲ႔ ကိုက္ညီ တဲ့ အေျခအေနမ်ိဳးျဖစ္ခဲ့တဲ့ အတြက္ ႏွစ္သက္အားေပးမႈေတြျမင့္လာခဲ့ပါတယ္။ လာမယ့္ ၂၀ ရက္ ေန႔မွာ တင္ဆက္သြားဖို႔ ျပင္ဆင္ေနတဲ့ Music Video ဟာ ပရိသတ္ေတြကို တင္ဆက္ခဲ့ဖူးတဲ့ “ေျဖ”လို႔နာမည္ရတဲ့ သီခ်င္းကို Music Video အေနနဲ႔ ျပင္ဆင္႐ိုက္ကူးေနတာျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ-ကိုႏိုင္NG)
ရန္ကုန္၊ ဇြန္ ၁၄