ပရိသတ်တွေအတွက် Single Songs တွေ စီစဉ်နေတဲ့ တေးသံရှင် ငွေဇင်လှိုင်း

ပရိသတ်တွေအတွက် Single Songs တွေ စီစဉ်နေတဲ့ တေးသံရှင် ငွေဇင်လှိုင်း

Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲကနေ Top 11 ပြိုင်ပွဲဝင်တွေကြားမှာ ထင်ရှားလူသိများလာခဲ့တဲ့ တေးသံရှင် ငွေဇင်လှိုင်းဟာ ယခုဆိုရင် ပရိသတ်တွေအတွက် Single Songs တွေကို စီစဉ်ကာ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အခု သီချင်းလေးတွေ လုပ်ထားတာရှိပါတယ်၊ နယ်ပွဲတွေမှာလည်း လာဖျော်ဖြေတဲ့အခါ ပရိသတ်တွေအတွက် သီချင်းကောင်းတွေ စီစဉ်ထားပါတယ်” လို့ တေးသံရှင် ငွေဇင်လှိုင်း က ပြောပါတယ်။

သူမကို နယ်ပွဲတွေမှာ သီဆိုဖျော်ဖြေဖို့ ကမ်းလှမ်းထားတာတွေရှိသလို ရှိုးပွဲတွေမှာ လိုက်လံဖျော်ဖြေနေရင်းနဲ့ အားလပ်တဲ့အချိန်တွေမှာ Single Songs တွေကို စီစဉ်နေတာဖြစ်ပါတယ်။သူမအတွက် ကေအမ်နိုင်း က ရေးသားပေးထားသော တေးသီချင်းကိုလည်း သီဆိုကာ EDM အမျိုးအစား ဖန်တီးထားပြီး Music ဗီဒီယိုရိုက်ကာ ပရိသတ်တွေအတွက် ဖြန့်ချီပေးသွားဖို့ လုပ်ဆောင်နေတာလည်း ရှိတယ်လို့ သိရပါတယ်။

“နယ်ပွဲတွေမှာ ဖျော်ဖြေဖို့ သီချင်းတွေအတွက်လည်း စီစဉ်နေရတာနဲ့ တစ်ဖက်ကလည်း Single Songs ကို လုပ်နေတာရှိပါတယ်၊ Single Songs တွေက ပရိသတ်တွေနဲ့ ပိုနီးစပ်တယ်လို့ ခံစားရပါတယ်၊ အမှတ်တရလေးတစ်ခုအနေနဲ့လည်း ဖြစ်တာပေါ့” လို့ သူမက ရှင်းပြပါတယ်။

သူမဟာ တေးသီချင်းတွေကို ဝါသနာအရ လုပ်ဆောင်နေတာ ဖြစ်တာကြောင့် တေးသီချင်းကောင်းတွေ ထုတ်လုပ်ဖြန့်ချီနိုင်ဖို့ကို အဓိကထားပြီး ကြိုးပမ်းလို့နေသူလည်း ဖြစ်ပါတယ်။

“ညီမတို့လို အဆိုတော်သစ်တွေအနေနဲ့က အခုခေတ်က အခက်အခဲတွေရှိတာပေါ့၊ အမြတ်အစွန်းကိုပဲ ကြည့်ပြီးတော့ လုပ်တာမျိုးတော့ မဟုတ်ပါဘူး၊ အနုပညာခံစားချက်နဲ့ ပရိသတ်ဆီကို ညီမရဲ့ အနုပညာခံစားချက်တွေ မျှဝေတာလည်း ဖြစ်ပါတယ်” လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

တေးသံရှင် ငွေဇင်လှိုင်းဟာ လက်ရှိမှာ အသည်းကွဲ တေးသီချင်းအမျိုးအစားကို စမတ်ကျတဲ့ လူငယ်မျက်နှာသစ်တွေ ခေါ်သုံးပြီး Music ဗီဒီယို ရိုက်ကူးမှု လုပ်ကိုင်တာတွေရှိသလို အမှတ်တရရှိနေတုန်းလို့ နာမည်ရတဲ့ စီးရီးလည်း ထွက်ရှိထားပြီး တေးသံရှင် ဇော်ကြီး၊ ကောင်းမြတ်ဝင်း တို့နဲ့ သီဆိုထားတဲ့ သီချင်းတွေလည်း ထွက်ရှိထားတယ်လို့ သိရပါတယ်။

သူမဟာ ယောဂလေ့ကျင့်ခန်းများကို လုပ်ဆောင်တဲ့ သင်တန်းဆရာမအဖြစ် လုပ်ဆောင်နေသူလည်းဖြစ်သလို အချိန်ရရင်ရသလို ယောဂလေ့ကျင့်ခန်း သင်ကြားတာတွေကို လုပ်ဆောင်နေပြီး သရုပ်ဆောင် သက်မွန်မြင့် ရဲ့ ယောဂလေ့ကျင့်ခန်း သင်ကြားရေး ဆရာမတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၁
ဓာတ်ပုံ - ကိုနိုင် NG

( Zawgyi )

Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲကေန Top 11 ၿပိဳင္ပြဲဝင္ေတြၾကားမွာ ထင္ရွားလူသိမ်ားလာခဲ့တဲ့ ေတးသံရွင္ ေငြဇင္လႈိင္းဟာ ယခုဆိုရင္ ပရိသတ္ေတြအတြက္ Single Songs ေတြကို စီစဥ္ကာ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

“အခု သီခ်င္းေလးေတြ လုပ္ထားတာရွိပါတယ္၊ နယ္ပြဲေတြမွာလည္း လာေဖ်ာ္ေျဖတဲ့အခါ ပရိသတ္ေတြအတြက္ သီခ်င္းေကာင္းေတြ စီစဥ္ထားပါတယ္” လို႔ ေတးသံရွင္ ေငြဇင္လႈိင္း က ေျပာပါတယ္။

သူမကို နယ္ပြဲေတြမွာ သီဆိုေဖ်ာ္ေျဖဖို႔ ကမ္းလွမ္းထားတာေတြရွိသလို ရႈိးပြဲေတြမွာ လိုက္လံေဖ်ာ္ေျဖေနရင္းနဲ႔ အားလပ္တဲ့အခ်ိန္ေတြမွာ Single Songs ေတြကို စီစဥ္ေနတာျဖစ္ပါတယ္။သူမအတြက္ ေကအမ္ႏိုင္း က ေရးသားေပးထားေသာ ေတးသီခ်င္းကိုလည္း သီဆိုကာ EDM အမ်ိဳးအစား ဖန္တီးထားၿပီး Music ဗီဒီယို႐ိုက္ကာ ပရိသတ္ေတြအတြက္ ျဖန႔္ခ်ီေပးသြားဖို႔ လုပ္ေဆာင္ေနတာလည္း ရွိတယ္လို႔ သိရပါတယ္။

“နယ္ပြဲေတြမွာ ေဖ်ာ္ေျဖဖို႔ သီခ်င္းေတြအတြက္လည္း စီစဥ္ေနရတာနဲ႔ တစ္ဖက္ကလည္း Single Songs ကို လုပ္ေနတာရွိပါတယ္၊ Single Songs ေတြက ပရိသတ္ေတြနဲ႔ ပိုနီးစပ္တယ္လို႔ ခံစားရပါတယ္၊ အမွတ္တရေလးတစ္ခုအေနနဲ႔လည္း ျဖစ္တာေပါ့” လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ ေတးသီခ်င္းေတြကို ဝါသနာအရ လုပ္ေဆာင္ေနတာ ျဖစ္တာေၾကာင့္ ေတးသီခ်င္းေကာင္းေတြ ထုတ္လုပ္ျဖန႔္ခ်ီႏိုင္ဖို႔ကို အဓိကထားၿပီး ႀကိဳးပမ္းလို႔ေနသူလည္း ျဖစ္ပါတယ္။

“ညီမတို႔လို အဆိုေတာ္သစ္ေတြအေနနဲ႔က အခုေခတ္က အခက္အခဲေတြရွိတာေပါ့၊ အျမတ္အစြန္းကိုပဲ ၾကည့္ၿပီးေတာ့ လုပ္တာမ်ိဳးေတာ့ မဟုတ္ပါဘူး၊ အႏုပညာခံစားခ်က္နဲ႔ ပရိသတ္ဆီကို ညီမရဲ႕ အႏုပညာခံစားခ်က္ေတြ မွ်ေဝတာလည္း ျဖစ္ပါတယ္” လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။

ေတးသံရွင္ ေငြဇင္လႈိင္းဟာ လက္ရွိမွာ အသည္းကြဲ ေတးသီခ်င္းအမ်ိဳးအစားကို စမတ္က်တဲ့ လူငယ္မ်က္ႏွာသစ္ေတြ ေခၚသုံးၿပီး Music ဗီဒီယို ႐ိုက္ကူးမႈ လုပ္ကိုင္တာေတြရွိသလို အမွတ္တရရွိေနတုန္းလို႔ နာမည္ရတဲ့ စီးရီးလည္း ထြက္ရွိထားၿပီး ေတးသံရွင္ ေဇာ္ႀကီး၊ ေကာင္းျမတ္ဝင္း တို႔နဲ႔ သီဆိုထားတဲ့ သီခ်င္းေတြလည္း ထြက္ရွိထားတယ္လို႔ သိရပါတယ္။

သူမဟာ ေယာဂေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္တဲ့ သင္တန္းဆရာမအျဖစ္ လုပ္ေဆာင္ေနသူလည္းျဖစ္သလို အခ်ိန္ရရင္ရသလို ေယာဂေလ့က်င့္ခန္း သင္ၾကားတာေတြကို လုပ္ေဆာင္ေနၿပီး သ႐ုပ္ေဆာင္ သက္မြန္ျမင့္ ရဲ႕ ေယာဂေလ့က်င့္ခန္း သင္ၾကားေရး ဆရာမတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့သူလည္း ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၁
ဓာတ္ပုံ - ကိုႏိုင္ NG