ပရိသတ်ရင်ထဲရောက်ခဲ့တဲ့သီချင်းတွေကို ပုံစံပြောင်းကာ ပြန်လည်သီဆိုဖို့ပြင်ဆင်နေတဲ့ တေးသံရှင် လွှမ်းပိုင်

ပရိသတ်ရင်ထဲရောက်ခဲ့တဲ့သီချင်းတွေကို ပုံစံပြောင်းကာ ပြန်လည်သီဆိုဖို့ပြင်ဆင်နေတဲ့ တေးသံရှင် လွှမ်းပိုင်

တေးသံရှင် လွှမ်းပိုင်ဟာ ပရိသတ်ရင်ထဲရောက်စေခဲ့တဲ့သီချင်းတွေကို ပုံစံပြောင်းကာ ပြန်လည်သီဆိုဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ကျွန်တော် ဂီတလောကမှာရှိခဲ့တဲ့ အချိန်အတိုင်းအတာကာလထဲမှာ ပရိတ်သတ်တွေရင်ထဲမှာ ကျန်ရှိနေသေးတဲ့ သီချင်းတချို့တွေရှိနေသေးလို့လဲ ကျေးဇူးတင်ပါတယ်။ကျွန်တော်လည်း ကြိုက်နှစ်သက်ခဲ့ရတဲ့ အဲ့ဒီသီချင်းဟောင်းလေးတွေကို ပြန်လည်အမှတ်တရအနေနဲ့ Acoustic Version ပြန်ထုတ်ဖို့စဉ်းစားမိတာနဲ့ အခုစီစဉ်နေတာဖြစ်ပါတယ်” လို့ သူကရှင်းပြပါတယ်။

သူဟာ အခုဆိုရင် ဂီတလောကမှာ ၁၀ နှစ်ကျော်လောက်ရှိလာခဲ့သလို သရုပ်ဆောင်အလုပ်တွေကိုပါ လုပ်ကိုင်လာပေမယ့် သူ့ရဲ့ဖြတ်သန်းခဲ့တဲ့တစ်လျှောက်မှာ ပရိသတ်လည်းနှစ်သက်သလို သူလည်းနှစ်သက်ခဲ့တဲ့ သီချင်းလေးတွေကို ပုံစံလေးနည်းနည်းပြောင်းပြီး ပြန်လည်ဆန်းသစ်ကာ သီဆိုဖို့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း “၁၀၀ တန်” ဆိုတဲ့ သီချင်းကို ပရိသတ်တွေနားဆင်နိုင်ဖို့ လူမှုကွန်ရက်ကနေ Live အဖြစ်ဖြင့် ဖျော်ဖြေခဲ့သလို အဲ့ဒီသီချင်းကလည်း မူလသီဆိုခဲ့တဲ့ပုံစံလိုမဟုတ်ဘဲ ပုံစံလေးပြောင်းပြီး လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒီနေ့ ဒီအချိန်အထိ ကျွန်တော့်ကိုအားပေးကြတဲ့ ပရိသတ်ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်၊ ဒီ ၁၀ နှစ်ကျော်ကာလထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ထုတ်လုပ်ခဲ့တဲ့ တေးသီချင်းတွေကို ပြန်လည်ဆန်းသစ်သွားမှာပါ၊ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော့်ကို အားပေးဖို့မျှော်လင့်ပါတယ်” လို့ သူကရှင်းပြပါတယ်။

သူဟာ ပျော်စရာကြီး (၂) တေးသီချင်းအခွေထဲက “ခုန်လိုက်” လို့ နာမည်ရတဲ့သီချင်းနဲ့ ပရိသတ်အသိအမှတ်ပြုတာကို ခံခဲ့ရတာလည်းဖြစ်သလို “ဂီတစာဆိုလွှမ်းပိုင်”၊ “ဂီတဗေဒ” အစရှိတဲ့ တေးသီချင်းခွေတွေဟာလည်း လူငယ်ပရိသတ်တွေရဲ့ကြားမှာ နှစ်ခြိုက်မှုများစွာရခဲ့သလို သူ့အတွက်လည်း အောင်မြင်မှုရစေတဲ့ တေးသီချင်းတွေဖြစ်ခဲ့ပါတယ်။လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေထဲ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်အလုပ်ကို လုပ်လာခဲ့ပေမယ့် ဂီတအလုပ်ကို ပိုပြီးအားစိုက်လုပ်ကိုင်သွားဖို့လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၂
( Zawgyi )
ေတးသံရွင္ လႊမ္းပိုင္ဟာ ပရိသတ္ရင္ထဲေရာက္ေစခဲ့တဲ့သီခ်င္းေတြကို ပုံစံေျပာင္းကာ ျပန္လည္သီဆိုဖို႔ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္ ဂီတေလာကမွာရွိခဲ့တဲ့ အခ်ိန္အတိုင္းအတာကာလထဲမွာ ပရိတ္သတ္ေတြရင္ထဲမွာ က်န္ရွိေနေသးတဲ့ သီခ်င္းတခ်ိဳ႕ေတြရွိေနေသးလို႔လဲ ေက်းဇူးတင္ပါတယ္။ကြၽန္ေတာ္လည္း ႀကိဳက္ႏွစ္သက္ခဲ့ရတဲ့ အဲ့ဒီသီခ်င္းေဟာင္းေလးေတြကို ျပန္လည္အမွတ္တရအေနနဲ႔ Acoustic Version ျပန္ထုတ္ဖို႔စဥ္းစားမိတာနဲ႔ အခုစီစဥ္ေနတာျဖစ္ပါတယ္” လို႔ သူကရွင္းျပပါတယ္။

သူဟာ အခုဆိုရင္ ဂီတေလာကမွာ ၁၀ ႏွစ္ေက်ာ္ေလာက္ရွိလာခဲ့သလို သ႐ုပ္ေဆာင္အလုပ္ေတြကိုပါ လုပ္ကိုင္လာေပမယ့္ သူ႔ရဲ႕ျဖတ္သန္းခဲ့တဲ့တစ္ေလွ်ာက္မွာ ပရိသတ္လည္းႏွစ္သက္သလို သူလည္းႏွစ္သက္ခဲ့တဲ့ သီခ်င္းေလးေတြကို ပုံစံေလးနည္းနည္းေျပာင္းၿပီး ျပန္လည္ဆန္းသစ္ကာ သီဆိုဖို႔လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ဇြန္လကုန္ပိုင္းကလည္း “၁၀၀ တန္” ဆိုတဲ့ သီခ်င္းကို ပရိသတ္ေတြနားဆင္ႏိုင္ဖို႔ လူမႈကြန္ရက္ကေန Live အျဖစ္ျဖင့္ ေဖ်ာ္ေျဖခဲ့သလို အဲ့ဒီသီခ်င္းကလည္း မူလသီဆိုခဲ့တဲ့ပုံစံလိုမဟုတ္ဘဲ ပုံစံေလးေျပာင္းၿပီး လုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

“ဒီေန႔ ဒီအခ်ိန္အထိ ကြၽန္ေတာ့္ကိုအားေပးၾကတဲ့ ပရိသတ္ကိုလည္း ေက်းဇူးအရမ္းတင္ပါတယ္၊ ဒီ ၁၀ ႏွစ္ေက်ာ္ကာလထဲမွာ ျဖတ္သန္းခဲ့ရတဲ့ အေတြ႕အႀကဳံေတြ၊ ထုတ္လုပ္ခဲ့တဲ့ ေတးသီခ်င္းေတြကို ျပန္လည္ဆန္းသစ္သြားမွာပါ၊ ပရိသတ္ေတြအေနနဲ႔လည္း ကြၽန္ေတာ့္ကို အားေပးဖို႔ေမွ်ာ္လင့္ပါတယ္” လို႔ သူကရွင္းျပပါတယ္။

သူဟာ ေပ်ာ္စရာႀကီး (၂) ေတးသီခ်င္းအေခြထဲက “ခုန္လိုက္” လို႔ နာမည္ရတဲ့သီခ်င္းနဲ႔ ပရိသတ္အသိအမွတ္ျပဳတာကို ခံခဲ့ရတာလည္းျဖစ္သလို “ဂီတစာဆိုလႊမ္းပိုင္”၊ “ဂီတေဗဒ” အစရွိတဲ့ ေတးသီခ်င္းေခြေတြဟာလည္း လူငယ္ပရိသတ္ေတြရဲ႕ၾကားမွာ ႏွစ္ၿခိဳက္မႈမ်ားစြာရခဲ့သလို သူ႔အတြက္လည္း ေအာင္ျမင္မႈရေစတဲ့ ေတးသီခ်င္းေတြျဖစ္ခဲ့ပါတယ္။လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲ ပါဝင္သ႐ုပ္ေဆာင္ရင္း သ႐ုပ္ေဆာင္အလုပ္ကို လုပ္လာခဲ့ေပမယ့္ ဂီတအလုပ္ကို ပိုၿပီးအားစိုက္လုပ္ကိုင္သြားဖို႔လည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၂