ပရိသတ်ရှေ့မှာ ပျောက်ကွယ်သလိုဖြစ်နေသော တေးသံရှင် စိုးစန္ဒာထွန်းက အခွေသစ် ထုတ် လုပ်ဖို့စီစဉ်နေ

 
ပရိသတ်ရှေ့မှာ ပျောက်ကွယ်သလိုဖြစ်နေသော တေးသံရှင် စိုးစန္ဒာထွန်းက အခွေသစ် ထုတ် လုပ်ဖို့စီစဉ်နေ

ပရိသတ်တွေရဲ့အရှေ့မှာ ပျောက်ကွယ်သလိုဖြစ်နေတဲ့ တေးသံရှင် စိုးစန္ဒာထွန်းဟာ ယခု ဇူလိုင်လထဲ “နှလုံးသားရဲ့ဧကရီ”လို့ နာမည်ရတဲ့ မြန်မာသံစဉ်တေးသီချင်းခွေကို ဖြန့်ချိသွားဖို့ စီစဉ်နေပါတယ်။“ကျွန်မက ဘာသာရေးနဲ့ ပုပ္ပားဘက်က ကျွန်မပိုင်တဲ့ ခြံဘက်မှာ ဘုရားတည်နေတယ်၊ ဒါကြောင့် လည်း အနုပညာလောကနဲ့ အဆက်ပြတ်သွားတယ်၊ အရေးကြီးတဲ့ အခမ်းအနားပွဲလမ်း သဘင်တွေတော့ တက်ဖြစ်ပါတယ်၊ ရန်ကုန်ကို ရောက်ရင်လည်း ရန်ဖန်ရံခါတော့ ဆိုဖြစ်တယ်၊ အခုတစ်ခါ ပြန်လည်ပြီးတော့ အခွေထုတ်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်၊ ထုတ်လုပ်သူကလည်း ပိုက်ဆံပေါလို့တော့ မဟုတ်ဘူး၊ ဒီအခွေကြီးကို ဖော်ကြူးတယ်၊ ဒီသီချင်းတွေကို ရူးသွပ်တယ်၊ ဒါကြောင့် အနုပညာနဲ့ ပေါင်းစပ်ပြီးတော့ အခွေထုတ်ဖို့ အခုလိုစီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်၊ ဒီလထဲထွက်မှာပါ၊ ဘယ်နေ့လဲ ဆိုတာတော့ ပြောလို့မရသေးဘူး၊ ဘာလို့လဲ ဆိုတော့ အခွေကူးရတဲ့အပိုင်းက အခက်အခဲလေးတွေ ရှိသေးတာကြောင့် ဖြစ်ပါတယ်”လို့ တေးသံရှင် စိုးစန္ဒာထွန်းက ရှင်းပြပါတယ်။

“နှလုံးသားရဲ့ဧကရီ”လို့ နာမည်ရတဲ့ အဆိုပါအခွေမှာ တေးရေး နှလုံးသား၊ ဂီတမှူးအဖြစ် အောင်မြတ်ထွဋ်၊ အကယ်ဒမီ ဓိရာမိုရ်၊ ဇော်မင်းဦးတို့ကလည်းကောင်း၊ အသံဖမ်း Pro၊ ဒါရိုက်တာ ညွန့်လှိုင်လှိုင်၊ ညီညီ(လဝန်းသစ်)တို့က ရိုက်ကူးထားကာ ရန်အောင်၊ နေမျိုးအောင်၊ ဝတ်မှုံရွှေရည်၊ ဖူးစုံ၊ ချစ်စနိုးဦး စတဲ့ သရုပ်ဆောင်တွေ အပါအဝင် သရုပ်ဆောင်အများကြီး ထည့်သွင်း ရိုက်ကူး ထား သလို ကုန်ကျစရိတ် အနေဖြင့်လည်း ကျပ်သိန်း ၁၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

“သီချင်းကလည်းခမ်းနားတယ်၊ တေးဂီတ တွေကလည်းခမ်းနားပါတယ်၊ ထုတ်လုပ်မှုကိုလည်း အဆင့်မြင့်မြင့်လုပ်ထားတယ်၊ ဂီတလောကမှာ အခွေမထွက်တာ ကြာပါပြီ၊ ပြန်ပြီးလုပ်ရတဲ့အတွက် ငွေအင်အား လူအင်အား စိတ်အင်အားရော ခွန်အားအပြည့်နဲ့ လုပ်ထားရတာပါ၊ အားလုံးနှလုံးသားတွေနဲ့ လုပ်ရတာ၊ အရင်ခေတ်တုန်းကဆိုရင် တီဗွီကြော်ငြာတွေထိုးလာရင် အောင်မြင်လာခဲ့တာပဲ၊ ဒီဘက်ခေတ်က လုပ်ရတဲ့အပိုင်းတွေက အရင်နဲ့မတူဘူး၊ ငွေသုံးရတာလည်း မတူတော့ဘူး၊ အဆင့်တန်းမြင့်မြင့် ထုတ်လုပ်နိုင်ဖို့ မလွယ်တော့ဘူး၊ ထုတ်လုပ်သူတွေ ကလည်း ရောင်းမကောင်းတော့ သိပ်ပြီးမထုတ်ကြတော့တာလည်း ပါတာပေါ့”လို့လည်း တေးသံရှင် စိုးစန္ဒာထွန်းက ဆက်လက်ပြောကြားပါတယ်။

ထိုတေးအယ်လ်ဘမ်ထဲမှာ သီချင်းအားလုံး ၁၀ ပုဒ်ပါဝင်ပြီး Title Songs ဖြစ်တဲ့ “နှလုံးသားရဲ့ဧကရီ” သီချင်းကို ဗားရှင်းနှစ်မျိုးနဲ့ တီးခတ်ထားတာကြောင့် တေးသီချင်း စုစုပေါင်း ၁၁ ပုဒ်ဖြစ်နေကြောင်း၊ အချစ်၊ အလွမ်း၊ အဆွေး၊ ဒဏ္ဍာရီ ရသစုံပါဝင်သလို အမတော်စောမွန်လှရဲ့ သမိုင်းကြောင်းကို ဖော်ကြူးထားတဲ့ တေးသီချင်းတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုတေးသီချင်းနဲ့ပတ်သက်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲတစ်ရပ်ကိုတော့ ဇူလိုင် ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံပလာဇာရှိ CBC Ballroom မှာ အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါ တယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၁၄

(  Zawgyi  )

 ပရိသတ္ေတြရဲ႕အေရွ႕မွာ ေပ်ာက္ကြယ္သလိုျဖစ္ေနတဲ့ ေတးသံရွင္ စိုးစႏၵာထြန္းဟာ ယခု ဇူလိုင္လထဲ “ႏွလုံးသားရဲ႕ဧကရီ”လို႔ နာမည္ရတဲ့ ျမန္မာသံစဥ္ေတးသီခ်င္းေခြကို ျဖန႔္ခ်ိသြားဖို႔ စီစဥ္ေနပါတယ္။“ကြၽန္မက ဘာသာေရးနဲ႔ ပုပၸားဘက္က ကြၽန္မပိုင္တဲ့ ၿခံဘက္မွာ ဘုရားတည္ေနတယ္၊ ဒါေၾကာင့္ လည္း အႏုပညာေလာကနဲ႔ အဆက္ျပတ္သြားတယ္၊ အေရးႀကီးတဲ့ အခမ္းအနားပြဲလမ္း သဘင္ေတြေတာ့ တက္ျဖစ္ပါတယ္၊ ရန္ကုန္ကို ေရာက္ရင္လည္း ရန္ဖန္ရံခါေတာ့ ဆိုျဖစ္တယ္၊ အခုတစ္ခါ ျပန္လည္ၿပီးေတာ့ အေခြထုတ္ဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္၊ ထုတ္လုပ္သူကလည္း ပိုက္ဆံေပါလို႔ေတာ့ မဟုတ္ဘူး၊ ဒီအေခြႀကီးကို ေဖာ္ၾကဴးတယ္၊ ဒီသီခ်င္းေတြကို ႐ူးသြပ္တယ္၊ ဒါေၾကာင့္ အႏုပညာနဲ႔ ေပါင္းစပ္ၿပီးေတာ့ အေခြထုတ္ဖို႔ အခုလိုစီစဥ္ခဲ့ၾကတာ ျဖစ္ပါတယ္၊ ဒီလထဲထြက္မွာပါ၊ ဘယ္ေန႔လဲ ဆိုတာေတာ့ ေျပာလို႔မရေသးဘူး၊ ဘာလို႔လဲ ဆိုေတာ့ အေခြကူးရတဲ့အပိုင္းက အခက္အခဲေလးေတြ ရွိေသးတာေၾကာင့္ ျဖစ္ပါတယ္”လို႔ ေတးသံရွင္ စိုးစႏၵာထြန္းက ရွင္းျပပါတယ္။

“ႏွလုံးသားရဲ႕ဧကရီ”လို႔ နာမည္ရတဲ့ အဆိုပါအေခြမွာ ေတးေရး ႏွလုံးသား၊ ဂီတမႉးအျဖစ္ ေအာင္ျမတ္ထြဋ္၊ အကယ္ဒမီ ဓိရာမိုရ္၊ ေဇာ္မင္းဦးတို႔ကလည္းေကာင္း၊ အသံဖမ္း Pro၊ ဒါ႐ိုက္တာ ၫြန႔္လႈိင္လႈိင္၊ ညီညီ(လဝန္းသစ္)တို႔က ႐ိုက္ကူးထားကာ ရန္ေအာင္၊ ေနမ်ိဳးေအာင္၊ ဝတ္မႈံေ႐ႊရည္၊ ဖူးစုံ၊ ခ်စ္စႏိုးဦး စတဲ့ သ႐ုပ္ေဆာင္ေတြ အပါအဝင္ သ႐ုပ္ေဆာင္အမ်ားႀကီး ထည့္သြင္း ႐ိုက္ကူး ထား သလို ကုန္က်စရိတ္ အေနျဖင့္လည္း က်ပ္သိန္း ၁၀၀၀ နီးပါး ရွိတယ္လို႔ သိရပါတယ္။

“သီခ်င္းကလည္းခမ္းနားတယ္၊ ေတးဂီတ ေတြကလည္းခမ္းနားပါတယ္၊ ထုတ္လုပ္မႈကိုလည္း အဆင့္ျမင့္ျမင့္လုပ္ထားတယ္၊ ဂီတေလာကမွာ အေခြမထြက္တာ ၾကာပါၿပီ၊ ျပန္ၿပီးလုပ္ရတဲ့အတြက္ ေငြအင္အား လူအင္အား စိတ္အင္အားေရာ ခြန္အားအျပည့္နဲ႔ လုပ္ထားရတာပါ၊ အားလုံးႏွလုံးသားေတြနဲ႔ လုပ္ရတာ၊ အရင္ေခတ္တုန္းကဆိုရင္ တီဗြီေၾကာ္ျငာေတြထိုးလာရင္ ေအာင္ျမင္လာခဲ့တာပဲ၊ ဒီဘက္ေခတ္က လုပ္ရတဲ့အပိုင္းေတြက အရင္နဲ႔မတူဘူး၊ ေငြသုံးရတာလည္း မတူေတာ့ဘူး၊ အဆင့္တန္းျမင့္ျမင့္ ထုတ္လုပ္ႏိုင္ဖို႔ မလြယ္ေတာ့ဘူး၊ ထုတ္လုပ္သူေတြ ကလည္း ေရာင္းမေကာင္းေတာ့ သိပ္ၿပီးမထုတ္ၾကေတာ့တာလည္း ပါတာေပါ့”လို႔လည္း ေတးသံရွင္ စိုးစႏၵာထြန္းက ဆက္လက္ေျပာၾကားပါတယ္။

ထိုေတးအယ္လ္ဘမ္ထဲမွာ သီခ်င္းအားလုံး ၁၀ ပုဒ္ပါဝင္ၿပီး Title Songs ျဖစ္တဲ့ “ႏွလုံးသားရဲ႕ဧကရီ” သီခ်င္းကို ဗားရွင္းႏွစ္မ်ိဳးနဲ႔ တီးခတ္ထားတာေၾကာင့္ ေတးသီခ်င္း စုစုေပါင္း ၁၁ ပုဒ္ျဖစ္ေနေၾကာင္း၊ အခ်စ္၊ အလြမ္း၊ အေဆြး၊ ဒ႑ာရီ ရသစုံပါဝင္သလို အမေတာ္ေစာမြန္လွရဲ႕ သမိုင္းေၾကာင္းကို ေဖာ္ၾကဴးထားတဲ့ ေတးသီခ်င္းေတြလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ထိုေတးသီခ်င္းနဲ႔ပတ္သက္တဲ့ စာနယ္ဇင္းမိတ္ဆက္ပြဲတစ္ရပ္ကိုေတာ့ ဇူလိုင္ ၁၂ ရက္ ညေနပိုင္းက ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံပလာဇာရွိ CBC Ballroom မွာ အခမ္းအနားတစ္ရပ္ကို က်င္းပခဲ့ပါ တယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၁၄