ပရိသတ်အတွက် တေးသီချင်းတွေ ဖန်တီးနေတဲ့ တေးသံရှင် ဇော်ကြီး

ပရိသတ်အတွက် တေးသီချင်းတွေ ဖန်တီးနေတဲ့ တေးသံရှင် ဇော်ကြီး

Myanmar Idol Season 3 ကနေ လူသိများခဲ့တဲ့ တေးသံရှင် ဇော်ကြီး ဟာ လက်ရှိမှာတော့ ပရိသတ်တွေအတွက် တေးသီချင်းတွေကို ဖန်တီးနေပါတယ်။

"နွေတုန်းကတော့ နယ်ပွဲတွေမှာ ပါဝင်သီဆိုဖြစ်ခဲ့တယ်၊ အခုက မိုးတွင်းဆိုတော့ နားနေရင်း သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလုပ်နေပါတယ်၊ မိုးအကုန် ပွင့်လင်းရာသီထဲမှာတော့ ပရိသတ်တွေ ခံစားနားဆင်နိုင်မှာပါ" လို့ တေးသံရှင် ဇော်ကြီး က ဆိုပါတယ်။

ထိုသို့ တေးသီချင်းတွေအတွက် လုပ်ကိုင်နေသလို ဂီတနယ်ပယ်ထဲက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အပေါင်းအသင်းတွေက စီစဉ်ကျင်းပတဲ့ အခမ်းအနားပွဲတွေ၊ တေးစီးရီးမိတ်ဆက်ပွဲတွေကိုလည်း တက်ရောက်အားပေးရင်း ဝန်းရံလို့နေပါတယ်။

"မနှစ်တုန်းက ဒီလိုအချိန်ဟာ ပြိုင်ပွဲကာလ camp သွင်းထားတော့ အပြင်ကို သိပ်မထွက်ဖြစ်ခဲ့ဘူး၊ အခုတော့ အဲ့ဒီကာလက မထွက်ဖြစ်တာတွေကို အတိုးချပြီး သွားနေတာပါ၊ တစ်ချို့အပေါင်းအသင်းတွေက ဖိတ်လာတဲ့ ပွဲတွေဆိုလည်း ရောက်ဖြစ်အောင်တော့ သွားပါတယ်၊ မနှစ်တုန်းကဆိုရင် ကျွန်တော်တို့ဒေသက မရောက်ဖြစ်ခဲ့တဲ့ ကရင်ရိုးရာပွဲတော်တွေကို ဒီနှစ်တက်ရောက်ဖြစ်တယ်၊ ကျွန်တော့်ကို အားပေးတဲ့သူတွေ တွေ့ရလို့လည်း အရမ်းပျော်ရွှင်မိတယ်" လို့ တေးသံရှင် ဇော်ကြီး က ရှင်းပြပါတယ်။

ပြည်တွင်းက တေးစီးရီးလောကမှာ တေးသီချင်းခွေတစ်ခွေ ပေါက်ဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေတွေရှိပေမယ့် ဝါသနာကို အရင်းခံကာ ပရိသတ်အတွက် ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

"အောင်မြင်နေတဲ့ စီနီယာ အစ်ကို အစ်မတွေတောင်မှ ဒီလိုခေတ်ကာလမှာ ခွေတစ်ခွေပေါက်ဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေမှာ ကျွန်တော်တို့ အသစ်တွေအနေနဲ့ ကိုယ်ဖန်တီးတဲ့ အနုပညာကို တွက်ချေကိုက်တာတွေ မကိုက်တာတွေထက် ပရိသတ်အရှေ့ ချပြနိုင်ဖို့တော့ ကြိုးစားနေတာပေါ့"လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ထို့အပြင် လာမယ့် ပွင်းလင်းရာသီကာလဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေထဲမှာလည်း Myanmar Idol မှာ ပြိုင်ပွဲဝင်ရင်း မောင်နှစ်မတွေလို ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့အတူ သီဆိုဖျော်ဖြေတာတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားတာတွေ ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဩဂုတ် - ၁၃

( Zawgyi )

Myanmar Idol Season 3 ကေန လူသိမ်ားခဲ့တဲ့ ေတးသံရွင္ ေဇာ္ႀကီး ဟာ လက္ရွိမွာေတာ့ ပရိသတ္ေတြအတြက္ ေတးသီခ်င္းေတြကို ဖန္တီးေနပါတယ္။

"ေႏြတုန္းကေတာ့ နယ္ပြဲေတြမွာ ပါဝင္သီဆိုျဖစ္ခဲ့တယ္၊ အခုက မိုးတြင္းဆိုေတာ့ နားေနရင္း သူငယ္ခ်င္းေတြနဲ႔အတူ သီခ်င္းေတြလုပ္ေနပါတယ္၊ မိုးအကုန္ ပြင့္လင္းရာသီထဲမွာေတာ့ ပရိသတ္ေတြ ခံစားနားဆင္ႏိုင္မွာပါ" လို႔ ေတးသံရွင္ ေဇာ္ႀကီး က ဆိုပါတယ္။

ထိုသို႔ ေတးသီခ်င္းေတြအတြက္ လုပ္ကိုင္ေနသလို ဂီတနယ္ပယ္ထဲက လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္း အေပါင္းအသင္းေတြက စီစဥ္က်င္းပတဲ့ အခမ္းအနားပြဲေတြ၊ ေတးစီးရီးမိတ္ဆက္ပြဲေတြကိုလည္း တက္ေရာက္အားေပးရင္း ဝန္းရံလို႔ေနပါတယ္။

"မႏွစ္တုန္းက ဒီလိုအခ်ိန္ဟာ ၿပိဳင္ပြဲကာလ camp သြင္းထားေတာ့ အျပင္ကို သိပ္မထြက္ျဖစ္ခဲ့ဘူး၊ အခုေတာ့ အဲ့ဒီကာလက မထြက္ျဖစ္တာေတြကို အတိုးခ်ၿပီး သြားေနတာပါ၊ တစ္ခ်ိဳ႕အေပါင္းအသင္းေတြက ဖိတ္လာတဲ့ ပြဲေတြဆိုလည္း ေရာက္ျဖစ္ေအာင္ေတာ့ သြားပါတယ္၊ မႏွစ္တုန္းကဆိုရင္ ကြၽန္ေတာ္တို႔ေဒသက မေရာက္ျဖစ္ခဲ့တဲ့ ကရင္႐ိုးရာပြဲေတာ္ေတြကို ဒီႏွစ္တက္ေရာက္ျဖစ္တယ္၊ ကြၽန္ေတာ့္ကို အားေပးတဲ့သူေတြ ေတြ႕ရလို႔လည္း အရမ္းေပ်ာ္႐ႊင္မိတယ္" လို႔ ေတးသံရွင္ ေဇာ္ႀကီး က ရွင္းျပပါတယ္။

ျပည္တြင္းက ေတးစီးရီးေလာကမွာ ေတးသီခ်င္းေခြတစ္ေခြ ေပါက္ဖို႔ဆိုတာ မလြယ္ကူတဲ့ အေျခအေနေတြရွိေပမယ့္ ဝါသနာကို အရင္းခံကာ ပရိသတ္အတြက္ ႀကိဳးစားေနတယ္လို႔ သူက ဆိုပါတယ္။

"ေအာင္ျမင္ေနတဲ့ စီနီယာ အစ္ကို အစ္မေတြေတာင္မွ ဒီလိုေခတ္ကာလမွာ ေခြတစ္ေခြေပါက္ဖို႔ဆိုတာ မလြယ္ကူတဲ့ အေျခအေနမွာ ကြၽန္ေတာ္တို႔ အသစ္ေတြအေနနဲ႔ ကိုယ္ဖန္တီးတဲ့ အႏုပညာကို တြက္ေခ်ကိုက္တာေတြ မကိုက္တာေတြထက္ ပရိသတ္အေရွ႕ ခ်ျပႏိုင္ဖို႔ေတာ့ ႀကိဳးစားေနတာေပါ့"လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ထို႔အျပင္ လာမယ့္ ပြင္းလင္းရာသီကာလျဖစ္တဲ့ ေအာက္တိုဘာ၊ ႏိုဝင္ဘာလေတြထဲမွာလည္း Myanmar Idol မွာ ၿပိဳင္ပြဲဝင္ရင္း ေမာင္ႏွစ္မေတြလို ခင္မင္ခဲ့ရတဲ့ သူငယ္ခ်င္းေတြနဲ႔အတူ သီဆိုေဖ်ာ္ေျဖတာေတြကို လုပ္ေဆာင္သြားဖို႔ စီစဥ္ထားတာေတြ ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဩဂုတ္ - ၁၃