ပရိသတ် စိတ်ဝင်စားသည့် “ ကျိန်စာ” ရုပ်သံဇာတ်လမ်းတွဲ မကြာခင်ရိုက်ကူးမည်

ပရိသတ် စိတ်ဝင်စားသည့် “ ကျိန်စာ” ရုပ်သံဇာတ်လမ်းတွဲ  မကြာခင်ရိုက်ကူးမည်

“ ကျိန်စာ” လို့ နာမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲကို မကြာခင်မှာ ရိုက်ကူးသွားဖို့ စီစဉ်ထားပြီး ယင်းဇာတ်လမ်းတွဲ နဲ့ပတ်သက်တဲ့ ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့က ရွှေတိဂုံစေတီတော် အောင်မြေမှာ ယနေ့(စက်တင်ဘာ ၁၇ရက်) မနက်က ကျင်းပခဲ့ပါတယ်။

 “ကျိန်စာဆိုတာ ဘယ်လောက် ဆိုးသလဲ၊ ဘယ်လောက်အထိကို ဖြစ်စေတတ်သလဲ ဆိုတဲ့ဟာတွေ အပါအဝင် ပညာပေးမှုတွေအနေနဲ့ ရိုက်ကူးပြသသွား မှာပါ၊ ဒီလထဲမှာ တစ်ချို့ပြင်ဆင်စရာရှိတာတွေပြင်ပြီး အမြန်ဆုံး ရိုက်ကူးသွားမှာပါ၊ ပရိသတ်တွေအနေနဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”လို့လည်း ဒါရိုက်တာ ဒီလွှမ်းက ပြောပါတယ်။ မြန်မာ့ လူမှု အဖွဲ့အစည်းထဲမှာ ဖြစ်လေ့ရှိတဲ့အခြေအနေတွေအပါအဝင် ကိုးကွယ်ယုံကြည်မှုတွေ၊ အငြိုးမာန်မာန ကြီးမားမှုကြောင့် သောကရောက် ရတာတွေအပါအဝင် စိတ်ဝင်စားဖွယ်ရိုက်ကူးပြီး Free To Air ရုပ်သံလိုင်း တွေကနေ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကားလေးက အရင်ရိုက်နေကျ ဇာတ်လမ်းတွဲတွေနဲ့ နည်းနည်းလေးကွာတယ်၊ ဟိုဘက်ခေတ်ကိုညွှန်း ပြတာ မျိုးတော့ မဟုတ်ဘူး၊ တကယ့်ကိုစိတ်ဝင်စားစရာ ကောင်းစေမယ့် ဒရမ်မာဇာတ်ကားလေးပါပဲ၊ သရုပ်ဆောင် သစ်တွေလည်း အများကြီးပါဝင်ပါတယ်၊ မျိုးဆက်သစ် သရုပ်ဆောင်တွေကို လက်တွဲခေါ်ရင်းနဲ့ ရိုက်ကူးသွား မှာပါ၊ ဇာတ်ကိုတော့ အသေးစိတ် မပြောပြ တော့ဘူးနော်၊ သေချာတာတစ်ခုက စိတ်ဝင်စားစရာကောင်းမယ့် ဇာတ်ကားဖြစ်လာလိမ့်မယ်လို့တော့ ပြောနိုင်ပါတယ်”လို့ သရုပ်ဆောင် ခင်မို့မို့အေးက ပြောပါတယ်။

ထိုဇာတ်လမ်းတွဲကို ဒါရိုက်တာ ဒီလွှမ်းက ပုံဖော်ဖန်တီးမှာဖြစ်သလို သရုပ်ဆောင်တွေ အဖြစ် မိုးထက်မြင့်၊ အောင်ကောင်းမြတ်၊ ထူးဟန်၊ ဖူးပွင့်သခင်၊ ချိုမာ(အနော)၊ ဖူးပွင့်ခိုင်၊ ပန်ဆုပြည့်၊ ဦးဝင်းမြိုင်၊ ဇင်မျိုး၊ မောင်မောင်မျိုးသန့်၊ ခင်မို့မို့အေး၊ ဦးဘဂျမ်း၊ အီးတီနဲ့ သရုပ်ဆောင်ပေါင်း များစွာ တို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ ၁၇

(  Zawgyi  )

 “ က်ိန္စာ” လို႔ နာမည္ရတဲ့ ႐ုပ္သံဇာတ္လမ္းတြဲကို မၾကာခင္မွာ ႐ိုက္ကူးသြားဖို႔ စီစဥ္ထားၿပီး ယင္းဇာတ္လမ္းတြဲ နဲ႔ပတ္သက္တဲ့ ကန္ေတာ့ပြဲ အခမ္းအနားကို ရန္ကုန္ၿမိဳ႕က ေ႐ႊတိဂုံေစတီေတာ္ ေအာင္ေျမမွာ ယေန႔(စက္တင္ဘာ ၁၇ရက္) မနက္က က်င္းပခဲ့ပါတယ္။

 “က်ိန္စာဆိုတာ ဘယ္ေလာက္ ဆိုးသလဲ၊ ဘယ္ေလာက္အထိကို ျဖစ္ေစတတ္သလဲ ဆိုတဲ့ဟာေတြ အပါအဝင္ ပညာေပးမႈေတြအေနနဲ႔ ႐ိုက္ကူးျပသသြား မွာပါ၊ ဒီလထဲမွာ တစ္ခ်ိဳ႕ျပင္ဆင္စရာရွိတာေတြျပင္ၿပီး အျမန္ဆုံး ႐ိုက္ကူးသြားမွာပါ၊ ပရိသတ္ေတြအေနနဲ႔ စိတ္ဝင္တစား ေစာင့္ၾကည့္ရမယ့္ ဇာတ္ကားေကာင္းတစ္ကား ျဖစ္လာမယ္လို႔ ယုံၾကည္ပါတယ္”လို႔လည္း ဒါ႐ိုက္တာ ဒီလႊမ္းက ေျပာပါတယ္။ ျမန္မာ့ လူမႈ အဖြဲ႕အစည္းထဲမွာ ျဖစ္ေလ့ရွိတဲ့အေျခအေနေတြအပါအဝင္ ကိုးကြယ္ယုံၾကည္မႈေတြ၊ အၿငိဳးမာန္မာန ႀကီးမားမႈေၾကာင့္ ေသာကေရာက္ ရတာေတြအပါအဝင္ စိတ္ဝင္စားဖြယ္႐ိုက္ကူးၿပီး Free To Air ႐ုပ္သံလိုင္း ေတြကေန ျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီကားေလးက အရင္႐ိုက္ေနက် ဇာတ္လမ္းတြဲေတြနဲ႔ နည္းနည္းေလးကြာတယ္၊ ဟိုဘက္ေခတ္ကိုၫႊန္း ျပတာ မ်ိဳးေတာ့ မဟုတ္ဘူး၊ တကယ့္ကိုစိတ္ဝင္စားစရာ ေကာင္းေစမယ့္ ဒရမ္မာဇာတ္ကားေလးပါပဲ၊ သ႐ုပ္ေဆာင္ သစ္ေတြလည္း အမ်ားႀကီးပါဝင္ပါတယ္၊ မ်ိဳးဆက္သစ္ သ႐ုပ္ေဆာင္ေတြကို လက္တြဲေခၚရင္းနဲ႔ ႐ိုက္ကူးသြား မွာပါ၊ ဇာတ္ကိုေတာ့ အေသးစိတ္ မေျပာျပ ေတာ့ဘူးေနာ္၊ ေသခ်ာတာတစ္ခုက စိတ္ဝင္စားစရာေကာင္းမယ့္ ဇာတ္ကားျဖစ္လာလိမ့္မယ္လို႔ေတာ့ ေျပာႏိုင္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ခင္မို႔မို႔ေအးက ေျပာပါတယ္။

ထိုဇာတ္လမ္းတြဲကို ဒါ႐ိုက္တာ ဒီလႊမ္းက ပုံေဖာ္ဖန္တီးမွာျဖစ္သလို သ႐ုပ္ေဆာင္ေတြ အျဖစ္ မိုးထက္ျမင့္၊ ေအာင္ေကာင္းျမတ္၊ ထူးဟန္၊ ဖူးပြင့္သခင္၊ ခ်ိဳမာ(အေနာ)၊ ဖူးပြင့္ခိုင္၊ ပန္ဆုျပည့္၊ ဦးဝင္းၿမိဳင္၊ ဇင္မ်ိဳး၊ ေမာင္ေမာင္မ်ိဳးသန႔္၊ ခင္မို႔မို႔ေအး၊ ဦးဘဂ်မ္း၊ အီးတီနဲ႔ သ႐ုပ္ေဆာင္ေပါင္း မ်ားစြာ တို႔ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ ၁၇