ပရိသတ် အမြင်ဆန်းစေမယ့်ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ဖို့ ရှိနေတယ်လို့ အိချောပိုက ပြောလာ

ပရိသတ် အမြင်ဆန်းစေမယ့်ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ဖို့ ရှိနေတယ်လို့ အိချောပိုက ပြောလာ

ပြည်တွင်းအနုပညာရှင်တွေထဲမှာ အောင်မြင်မှုရနေသော သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိချောပိုဟာ ပရိသတ်တွေ အမြင်ဆန်းသစ်စေမယ့် ဇာတ်ကောင်ကာရိုက်တာမျိုးနဲ့ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ ပြောပါတယ်။

“စူရဲ့ ပရိသတ်တွေရှေ့မှာ အမြင်ဆန်းစေမယ့် ကာရိုက်တာမျိုးနဲ့ ရိုက်ဖို့ရှိပါတယ်၊ တိတိကျကျဖြစ်ရင်တော့ ထုတ်ပြောပါ့မယ်၊ ချစ်ရတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ အားပေးရကျိုး နပ်အောင်လည်း ကြိုးစားနေပါတယ်၊ အဝတ်အစားတွေနဲ့ပတ်သက်လို့တော့ ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ ကာရိုက်တာအရ လုပ်သင့်တယ်ဆိုရင် လုပ်တယ်၊ စူက အပြင်သွားရင်တော့ ဂျင်းဘောင်းဘီ တီရှပ်လောက်နဲ့ ပေါ့ပေါ့ပါးပါး သွားတာများတယ်လေ၊ကာရိုက်တာအရတော့ဝတ်ဆင် တာတွေရှိပါတယ်”လို့ သရုပ်ဆောင် အိချောပို က ရုပ်ရှင်အထူးပွဲတစ်ခုကို တက်ရောက်လာစဉ်
ပြောကြား ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အပြင်မှာသတင်းတွေထွက်ပေါ်နေတာကြောင့်လည်း သူမရဲ့ ချစ်သူဟာ သရုပ်ဆောင်ထဲကမဟုတ်သလို မော်ဒယ်တွေ ထဲကလည်း မဟုတ်ဘူးလို့ ပြန်လည်ကြေညာခဲ့ပါတယ်။

“စူ အနေနဲ့ အေးအေးဆေးအေးနဲ့ တည်တည်ငြိမ်ငြိမ်လေးရှိတာကို ပိုသဘောကျပါတယ်၊ ကောလာ ဟလ ဆိုတာ ဒီလိုပဲရှိပါတယ်၊ စူတို့လည်း ဒီအရွယ်ရောက်နေပြီ ရည်းစားမထားဖူးတာ မဟုတ်ဘူးလေ၊ ထားဖူးတယ်၊ ဒီလိုတော့ရှိတာပေါ့လေ၊ လူဆိုတာက ကိုယ်နဲ့စိတ်သဘောထားချင်း မတိုက် ဆိုင်လို့ပဲ ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ကွဲသွားရတာတွေလည်းရှိတယ်၊ လမ်းခွဲလိုက် ရတာမျိုး လည်း ရှိနိုင်တာပဲလေ၊ လက်ရှိအချစ်ရေးအခြေအနေက ဖြေရှင်းထားတဲ့ အနေအထားပါပဲ။

ငယ်တဲ့အသက်အရွယ်မှာလည်း ဒီလိုပဲ ရှိခဲ့တာပေါ့နော်”လို့ သရုပ်ဆောင် အိချောပိုက ပြောပါတယ်။ယခု ၂၀၁၉ ခုနှစ်ထဲမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရုံတင်ဖို့ဆက်တိုက် ထွက်ပေါ်လာကြ သလို ဆက်လက်ရိုက်ကူးမယ့် ကားတွေလည်းရှိနေပြီး သာမန်သရုပ်ဆောင်နေကျ ကာရိုက်တာမျိုးနဲ့ မတူသော အခြေအနေမျိုးကို သရုပ်ဆောင်ဖို့ ပြင်ဆင်ထားပေမယ့် ဇာတ်ကား ရိုက်ကူးမှုအတွက် လိုအပ်တဲ့ပြောဆိုဆွေးနွေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။      
                   
 မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၂၅ 

(  Zawgyi  )

 ျပည္တြင္းအႏုပညာရွင္ေတြထဲမွာ ေအာင္ျမင္မႈရေနေသာ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ အိေခ်ာပိုဟာ ပရိသတ္ေတြ အျမင္ဆန္းသစ္ေစမယ့္ ဇာတ္ေကာင္ကာ႐ိုက္တာမ်ိဳးနဲ႔ ပါဝင္သ႐ုပ္ေဆာင္ဖို႔ရွိတယ္လို႔ ေျပာပါတယ္။

“စူရဲ႕ ပရိသတ္ေတြေရွ႕မွာ အျမင္ဆန္းေစမယ့္ ကာ႐ိုက္တာမ်ိဳးနဲ႔ ႐ိုက္ဖို႔ရွိပါတယ္၊ တိတိက်က်ျဖစ္ရင္ေတာ့ ထုတ္ေျပာပါ့မယ္၊ ခ်စ္ရတဲ့ ပရိသတ္အားလုံးကို ေက်းဇူးတင္ပါတယ္၊ အားေပးရက်ိဳး နပ္ေအာင္လည္း ႀကိဳးစားေနပါတယ္၊ အဝတ္အစားေတြနဲ႔ပတ္သက္လို႔ေတာ့ ကိုယ္လုပ္တဲ့ အလုပ္ အေပၚမွာ ကာ႐ိုက္တာအရ လုပ္သင့္တယ္ဆိုရင္ လုပ္တယ္၊ စူက အျပင္သြားရင္ေတာ့ ဂ်င္းေဘာင္းဘီ တီရွပ္ေလာက္နဲ႔ ေပါ့ေပါ့ပါးပါး သြားတာမ်ားတယ္ေလ၊ကာ႐ိုက္တာအရေတာ့ဝတ္ဆင္ တာေတြရွိပါတယ္”လို႔ သ႐ုပ္ေဆာင္ အိေခ်ာပို က ႐ုပ္ရွင္အထူးပြဲတစ္ခုကို တက္ေရာက္လာစဥ္
ေျပာၾကား ခဲ့တာျဖစ္ပါတယ္။

သူမရဲ႕ အခ်စ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ အျပင္မွာသတင္းေတြထြက္ေပၚေနတာေၾကာင့္လည္း သူမရဲ႕ ခ်စ္သူဟာ သ႐ုပ္ေဆာင္ထဲကမဟုတ္သလို ေမာ္ဒယ္ေတြ ထဲကလည္း မဟုတ္ဘူးလို႔ ျပန္လည္ေၾကညာခဲ့ပါတယ္။

“စူ အေနနဲ႔ ေအးေအးေဆးေအးနဲ႔ တည္တည္ၿငိမ္ၿငိမ္ေလးရွိတာကို ပိုသေဘာက်ပါတယ္၊ ေကာလာ ဟလ ဆိုတာ ဒီလိုပဲရွိပါတယ္၊ စူတို႔လည္း ဒီအ႐ြယ္ေရာက္ေနၿပီ ရည္းစားမထားဖူးတာ မဟုတ္ဘူးေလ၊ ထားဖူးတယ္၊ ဒီလိုေတာ့ရွိတာေပါ့ေလ၊ လူဆိုတာက ကိုယ္နဲ႔စိတ္သေဘာထားခ်င္း မတိုက္ ဆိုင္လို႔ပဲ ျဖစ္ျဖစ္ အေၾကာင္းေၾကာင္းေၾကာင့္ ကြဲသြားရတာေတြလည္းရွိတယ္၊ လမ္းခြဲလိုက္ ရတာမ်ိဳး လည္း ရွိႏိုင္တာပဲေလ၊ လက္ရွိအခ်စ္ေရးအေျခအေနက ေျဖရွင္းထားတဲ့ အေနအထားပါပဲ။

ငယ္တဲ့အသက္အ႐ြယ္မွာလည္း ဒီလိုပဲ ရွိခဲ့တာေပါ့ေနာ္”လို႔ သ႐ုပ္ေဆာင္ အိေခ်ာပိုက ေျပာပါတယ္။ယခု ၂၀၁၉ ခုႏွစ္ထဲမွာ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ႐ုံတင္ဖို႔ဆက္တိုက္ ထြက္ေပၚလာၾက သလို ဆက္လက္႐ိုက္ကူးမယ့္ ကားေတြလည္းရွိေနၿပီး သာမန္သ႐ုပ္ေဆာင္ေနက် ကာ႐ိုက္တာမ်ိဳးနဲ႔ မတူေသာ အေျခအေနမ်ိဳးကို သ႐ုပ္ေဆာင္ဖို႔ ျပင္ဆင္ထားေပမယ့္ ဇာတ္ကား ႐ိုက္ကူးမႈအတြက္ လိုအပ္တဲ့ေျပာဆိုေဆြးေႏြးတာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။      
                   
 မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၂၅