ပျံကျဈေးသည်တွေရဲ့ဘဝကိုကိုယ်ချင်းစာအလှူပြုနေတဲ့ သရုပ်ဆောင် အေးမြတ်သူ

ပျံကျဈေးသည်တွေရဲ့ဘဝကိုကိုယ်ချင်းစာအလှူပြုနေတဲ့ သရုပ်ဆောင် အေးမြတ်သူ

အခုလို COVID 19 ရောဂါကာလထဲ အနုပညာရှင်တွေအသီးသီးဟာ အနုပညာ အလုပ်တွေ နားထားချိန် မိမိတို့ နိုင်သလောက် ကုသိုလ်ပြုမှုတွေနဲ့ ပါဝင်လုပ်ကိုင်နေကြ‌ပြီး သရုပ်ဆောင် အေးမြတ်သူဟာလည်း ပျံကျဈေးသည်တွေရဲ့ ဘဝကိုကိုယ်ချင်းစာကာ ပျံကျဈေးသည်တွေရဲ့ စားဝတ်နေရေးအတွက် အဖွဲ့ဖွဲ့စည်း လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အခုလိုမျိုးမှာ လူတိုင်းထိခိုက်တယ်ဆိုပေမယ့် ဒီနေ့ရောင်းရမှ စားသောက်ဖို့ရပြီး မနက်ဖြန် အတွက် အရင်းအနှီး လုပ်ရမယ့် ပျံကျဈေးသည်တွေဆိုရင် အင်မတန်မှ ခက်ခဲပါလိမ့်မယ်၊ ဒါကြောင့်လည်း အေးမြတ်သူတို့က I Donation  ဆိုပြီး ဖွဲ့ထားပြီးတော့ ပျံကျဈေးသည်တွေ၊ ခေါင်းရွက်ဗျက်ထိုးသည်တွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေတွေနဲ့ အနှေးယာဉ် လုပ်သားတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေကို ထောက်ပံ့မှာဖြစ်ပါတယ်၊ လက်ရှိမှာလည်း ထောက်ပံ့ နေတာတွေရှိသလို ဆက်ပြီးလည်းလုပ်သွားမယ်”လို့ ၎င်းက ပြောပါတယ်။

အဆိုပါ အဖွဲ့ကို ပရိသတ်တွေနဲ့တခြားသော အလှူရှင်တွေလည်း ပူးပေါင်းပါဝင်ကြပြီး လက်ရှိမှာ ရန်ကုန်မြို့ရဲ့ မြို့နယ် ၈ ခုမှာရှိတဲ့ ပျံကျဈေးသည်တွေကို ထောက်ပံ့မှုတွေစတင်နေပြီလို့ သိရ ပါတယ်။ “အရင်ကဆိုရင်လေ အေးမြတ်သူ ကိုယ်တိုင်က ဈေးသည်ပါ၊ ရပ်ကွက်မှာ ရောင်းခဲ့ ရတာလေ၊ ဟိုးဆိုင်အကြီးကြီးမဟုတ်ဘူး၊ အဲ့ဒါကြောင့်လည်း ဒီနေ့ ရောင်းလို့ရတဲ့ငွေကို မနက်ဖြန် အရင်းလုပ်တဲ့ ဈေးသည်တွေအားလုံးကို ကိုယ်ချင်းစာတယ်၊ အဲ့ဒီအတွက်လည်း ပိုတက်ကြွပြီး ပါဝင်ဖြစ်တယ်၊ ငွေသားတွေအပြင် COVID ကာကွယ်ဖို့ Mask တွေ၊ Hand Gel တွေလည်း လှူပေးတယ်၊ အိမ်မှာပဲနေရမယ် ဈေးတွေအားလုံးပိတ်တယ် ဆိုတော့ သူတို့ဟာ ဘာမှလုပ်လို့မရဘူး၊ ဒီလိုစားဝတ်နေရေး ခက်ခဲနေတဲ့အချိန် Mask ကလည်းတစ်ခုကို ၄၅၀၊ ၅၀၀ ဆိုတော့ မဝယ်နိုင်ကြဘူးလေ၊ အခုမှ လှူဒါန်းတဲ့သူတွေ လည်းများတဲ့အခါကျတော့ နည်းနည်း လည်း ဈေးကျလာတာ၊ Hand Gel ဆိုလည်း မဝယ်နိုင်ဘူး၊ အေးမြတ်သူတို့ အဖွဲ့က ဧပြီ ၁၇ ရက်မှာ စပြီးတော့ တည်ထောင်တာပါ၊ လောလောဆယ်မှာ စေတနာ့ဝန်ထမ်းတွေ၊ အလှူရှင် တွေလည်း လိုအပ်ပါတယ်၊ ရရှိလာတဲ့အလှူငွေတွေကို အကုန်လုံးလှူဒါန်းပါတယ်၊ ၁၀၀ ရာခိုင်နှုန်း လှူဒါန်းပြီး ကုသိုလ်ပြုနေတာဖြစ်ပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။

၎င်းတို့အဖွဲ့ဟာ လှူဒါန်းမှုမပြုခင်သေချာအောင် အသေးစိတ် သွားရောက် စိစစ်မှုတွေ လုပ်ဆောင် ပြီးမှ လှူဒါန်းတာတွေ လုပ်ဆောင်နေသလို အလှူငွေနဲ့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်း တွေလည်း လှူဒါန်းနေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ လက်ရှိကာလအတွင်း တစ်လလျှင် ပုံမှန်ဝင်ငွေကျပ် နှစ်သိန်းလောက်သာရရှိနေတဲ့ ပျံကျဈေးသည်ပေါင်း ၇၀၀၀၀ ကျော်ရှိပြီး သူတို့ကိုမှီခိုနေကြတဲ့ မိသားစုဝင်ပေါင်း သုံးသိန်းကျော်ရှိနေတယ်လို့လည်း ယင်းအဖွဲ့က လေ့လာ ကောက်ယူထားသော စာရင်းတွေအရ သိရပါတယ်။ အခုလို ကုသိုလ်ပြုလှူဒါန်းတာတွေအပြင် ကျန်းမာရေး အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။     
             
 မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၁

(  Zawgyi  )

 အခုလို COVID 19 ေရာဂါကာလထဲ အႏုပညာရွင္ေတြအသီးသီးဟာ အႏုပညာ အလုပ္ေတြ နားထားခ်ိန္ မိမိတို႔ ႏိုင္သေလာက္ ကုသိုလ္ျပဳမႈေတြနဲ႔ ပါဝင္လုပ္ကိုင္ေနၾက‌ၿပီး သ႐ုပ္ေဆာင္ ေအးျမတ္သူဟာလည္း ပ်ံက်ေဈးသည္ေတြရဲ႕ ဘဝကိုကိုယ္ခ်င္းစာကာ ပ်ံက်ေဈးသည္ေတြရဲ႕ စားဝတ္ေနေရးအတြက္ အဖြဲ႕ဖြဲ႕စည္း လႉဒါန္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

“အခုလိုမ်ိဳးမွာ လူတိုင္းထိခိုက္တယ္ဆိုေပမယ့္ ဒီေန႔ေရာင္းရမွ စားေသာက္ဖို႔ရၿပီး မနက္ျဖန္ အတြက္ အရင္းအႏွီး လုပ္ရမယ့္ ပ်ံက်ေဈးသည္ေတြဆိုရင္ အင္မတန္မွ ခက္ခဲပါလိမ့္မယ္၊ ဒါေၾကာင့္လည္း ေအးျမတ္သူတို႔က I Donation  ဆိုၿပီး ဖြဲ႕ထားၿပီးေတာ့ ပ်ံက်ေဈးသည္ေတြ၊ ေခါင္း႐ြက္ဗ်က္ထိုးသည္ေတြ၊ သန႔္ရွင္းေရးဝန္ထမ္းေတြေတြနဲ႔ အေႏွးယာဥ္ လုပ္သားေတြ၊ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့သူေတြကို ေထာက္ပံ့မွာျဖစ္ပါတယ္၊ လက္ရွိမွာလည္း ေထာက္ပံ့ ေနတာေတြရွိသလို ဆက္ၿပီးလည္းလုပ္သြားမယ္”လို႔ ၎က ေျပာပါတယ္။

အဆိုပါ အဖြဲ႕ကို ပရိသတ္ေတြနဲ႔တျခားေသာ အလႉရွင္ေတြလည္း ပူးေပါင္းပါဝင္ၾကၿပီး လက္ရွိမွာ ရန္ကုန္ၿမိဳ႕ရဲ႕ ၿမိဳ႕နယ္ ၈ ခုမွာရွိတဲ့ ပ်ံက်ေဈးသည္ေတြကို ေထာက္ပံ့မႈေတြစတင္ေနၿပီလို႔ သိရ ပါတယ္။ “အရင္ကဆိုရင္ေလ ေအးျမတ္သူ ကိုယ္တိုင္က ေဈးသည္ပါ၊ ရပ္ကြက္မွာ ေရာင္းခဲ့ ရတာေလ၊ ဟိုးဆိုင္အႀကီးႀကီးမဟုတ္ဘူး၊ အဲ့ဒါေၾကာင့္လည္း ဒီေန႔ ေရာင္းလို႔ရတဲ့ေငြကို မနက္ျဖန္ အရင္းလုပ္တဲ့ ေဈးသည္ေတြအားလုံးကို ကိုယ္ခ်င္းစာတယ္၊ အဲ့ဒီအတြက္လည္း ပိုတက္ႂကြၿပီး ပါဝင္ျဖစ္တယ္၊ ေငြသားေတြအျပင္ COVID ကာကြယ္ဖို႔ Mask ေတြ၊ Hand Gel ေတြလည္း လႉေပးတယ္၊ အိမ္မွာပဲေနရမယ္ ေဈးေတြအားလုံးပိတ္တယ္ ဆိုေတာ့ သူတို႔ဟာ ဘာမွလုပ္လို႔မရဘူး၊ ဒီလိုစားဝတ္ေနေရး ခက္ခဲေနတဲ့အခ်ိန္ Mask ကလည္းတစ္ခုကို ၄၅၀၊ ၅၀၀ ဆိုေတာ့ မဝယ္ႏိုင္ၾကဘူးေလ၊ အခုမွ လႉဒါန္းတဲ့သူေတြ လည္းမ်ားတဲ့အခါက်ေတာ့ နည္းနည္း လည္း ေဈးက်လာတာ၊ Hand Gel ဆိုလည္း မဝယ္ႏိုင္ဘူး၊ ေအးျမတ္သူတို႔ အဖြဲ႕က ဧၿပီ ၁၇ ရက္မွာ စၿပီးေတာ့ တည္ေထာင္တာပါ၊ ေလာေလာဆယ္မွာ ေစတနာ့ဝန္ထမ္းေတြ၊ အလႉရွင္ ေတြလည္း လိုအပ္ပါတယ္၊ ရရွိလာတဲ့အလႉေငြေတြကို အကုန္လုံးလႉဒါန္းပါတယ္၊ ၁၀၀ ရာခိုင္ႏႈန္း လႉဒါန္းၿပီး ကုသိုလ္ျပဳေနတာျဖစ္ပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။

၎တို႔အဖြဲ႕ဟာ လႉဒါန္းမႈမျပဳခင္ေသခ်ာေအာင္ အေသးစိတ္ သြားေရာက္ စိစစ္မႈေတြ လုပ္ေဆာင္ ၿပီးမွ လႉဒါန္းတာေတြ လုပ္ေဆာင္ေနသလို အလႉေငြနဲ႔ က်န္းမာေရး အေထာက္အကူျပဳ ပစၥည္း ေတြလည္း လႉဒါန္းေနတာ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ လက္ရွိကာလအတြင္း တစ္လလွ်င္ ပုံမွန္ဝင္ေငြက်ပ္ ႏွစ္သိန္းေလာက္သာရရွိေနတဲ့ ပ်ံက်ေဈးသည္ေပါင္း ၇၀၀၀၀ ေက်ာ္ရွိၿပီး သူတို႔ကိုမွီခိုေနၾကတဲ့ မိသားစုဝင္ေပါင္း သုံးသိန္းေက်ာ္ရွိေနတယ္လို႔လည္း ယင္းအဖြဲ႕က ေလ့လာ ေကာက္ယူထားေသာ စာရင္းေတြအရ သိရပါတယ္။ အခုလို ကုသိုလ္ျပဳလႉဒါန္းတာေတြအျပင္ က်န္းမာေရး အသိပညာေပးတာေတြကိုလည္း လုပ္ေဆာင္ေနၾကပါတယ္။     
             
 မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၁