ဖောင်ကြီးမှာတာဝန်ကျနေသော ကျန်းမာရေးဝန်ထမ်း ၄၀၀ အတွက် အသက်အာမခံလုပ်ဆောင်ပေးတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်

ဖောင်ကြီးမှာတာဝန်ကျနေသော ကျန်းမာရေးဝန်ထမ်း ၄၀၀ အတွက် အသက်အာမခံလုပ်ဆောင်ပေးတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်

ဖောင်ကြီးရဲ့ Quarantine Center မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်း ၄၀၀ အတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည် က အလှူဒါနအနေနဲ့ အသက်အာမခံလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

“ကျန်းမာရေးအာမခံလုပ်ပေးတာ ဟုတ်ပါတယ်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံမှာရှိတဲ့ လုပ်အားပေးပြည်သူများအတွက် အလှူလေးပေးချင်တယ်ဆိုတော့ သူတို့အတွက်အသက်အာမခံလေးကို ကစ်တို့ သူငယ်ချင်းတွေစုပေါင်းပြီး လှူဒါန်းချင်လို့ အခုလိုစီစဉ်တာဖြစ်ပါတယ်” လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည် က ပြောပါတယ်။

ဖောင်ကြီးဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း အယောက် ၄၀၀ အတွက် လိုအပ်တဲ့ အသက်အာမခံအနေနဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေနဲ့ ငွေကျပ် ၁၀၀၀၀ နှုန်း ကျသင့်မှာဖြစ်ပြီး အဲ့ဒီလိုအာမခံထားတဲ့ ကျန်းမာရေးဝန်ထမ်းမှာ တစ်စုံတစ်ခုဖြစ်ပေါ်သွားခဲ့ပါက ငွေကျပ် ၁၀ သိန်း ရရှိမှာဖြစ်တဲ့အတွက် လှူရတာ ပိုပြီးထိရောက်မှုရှိမယ်လို့ ယုံကြည်ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် သူမဟာ အခုလို COVID-19 ကာလမှာ စားဝတ်နေရေးခက်ခဲနေတဲ့သူတွေကိုလည်း အခြေခံစားသောက်ကုန်များ၊ Mask များ၊ Hand Gel များ၊ ငွေသားများကို လိုက်လံလှူဒါန်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သူမဟာ ၂၀၀၈ ခုနှစ်ကတည်းက ဇာတ်ကားများကို စတင်ရိုက်ကူးလာခဲ့တာဖြစ်သလို ၂၀၁၃ ခုနှစ်က “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ၂၀၁၄ ခုနှစ်မှာ “နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတွေကို ရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်က ရရှိခဲ့တဲ့ဆုက ရွှေကြယ်ကို မှော်ဘီမြို့၊ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ ၂၀၁၅ ခုနှစ်က လှူဒါန်းတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးတော့လည်း COVID-19 အတွက် ရှေ့တန်းကတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလှူပြုတဲ့အစီအစဉ်တွေကိုလည်း စီစဉ်နေတာတွေရှိသလို ပရိသတ်တွေအနေနဲ့ ပါဝင်ချင်ပါက မချစ်အိမ်သူ  ဖုန်း ၀၉၈၈၅၀၂၂၂၀၉ သို့ ဆက်သွယ်ကာ ပါဝင်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။  

မင်းခေတ်လင်း
ဓာတ်ပုံ - ကိုနိုင် NG
ရန်ကုန်၊ ဇွန် - ၁၉

( Zawgyi )

ေဖာင္ႀကီးရဲ႕ Quarantine Center မွာ တာဝန္က်ေနတဲ့ က်န္းမာေရးဝန္ထမ္း ၄၀၀ အတြက္ သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္ က အလႉဒါနအေနနဲ႔ အသက္အာမခံလုပ္ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။

“က်န္းမာေရးအာမခံလုပ္ေပးတာ ဟုတ္ပါတယ္၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေဆး႐ုံမွာရွိတဲ့ လုပ္အားေပးျပည္သူမ်ားအတြက္ အလႉေလးေပးခ်င္တယ္ဆိုေတာ့ သူတို႔အတြက္အသက္အာမခံေလးကို ကစ္တို႔ သူငယ္ခ်င္းေတြစုေပါင္းၿပီး လႉဒါန္းခ်င္လို႔ အခုလိုစီစဥ္တာျဖစ္ပါတယ္” လို႔ သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္ က ေျပာပါတယ္။

ေဖာင္ႀကီးေဆး႐ုံမွာရွိတဲ့ က်န္းမာေရးဝန္ထမ္း အေယာက္ ၄၀၀ အတြက္ လိုအပ္တဲ့ အသက္အာမခံအေနနဲ႔ က်န္းမာေရးဝန္ထမ္းတစ္ဦးအေနနဲ႔ ေငြက်ပ္ ၁၀၀၀၀ ႏႈန္း က်သင့္မွာျဖစ္ၿပီး အဲ့ဒီလိုအာမခံထားတဲ့ က်န္းမာေရးဝန္ထမ္းမွာ တစ္စုံတစ္ခုျဖစ္ေပၚသြားခဲ့ပါက ေငြက်ပ္ ၁၀ သိန္း ရရွိမွာျဖစ္တဲ့အတြက္ လႉရတာ ပိုၿပီးထိေရာက္မႈရွိမယ္လို႔ ယုံၾကည္ထားတယ္လို႔ သိရပါတယ္။ဒါ့အျပင္ သူမဟာ အခုလို COVID-19 ကာလမွာ စားဝတ္ေနေရးခက္ခဲေနတဲ့သူေတြကိုလည္း အေျခခံစားေသာက္ကုန္မ်ား၊ Mask မ်ား၊ Hand Gel မ်ား၊ ေငြသားမ်ားကို လိုက္လံလႉဒါန္းတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

သူမဟာ ၂၀၀၈ ခုႏွစ္ကတည္းက ဇာတ္ကားမ်ားကို စတင္႐ိုက္ကူးလာခဲ့တာျဖစ္သလို ၂၀၁၃ ခုႏွစ္က “နင္ေစရင္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု၊ ၂၀၁၄ ခုႏွစ္မွာ “ႏွလုံးသားနဲ႔ျပဳလုပ္သည္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ပို႔ဆုေတြကို ရရွိခဲ့ေၾကာင္း၊ ၂၀၁၃ ခုႏွစ္က ရရွိခဲ့တဲ့ဆုက ေ႐ႊၾကယ္ကို ေမွာ္ဘီၿမိဳ႕၊ ေအာင္ဇမၺဴေတာရေက်ာင္းတိုက္မွာ ၂၀၁၅ ခုႏွစ္က လႉဒါန္းတာေတြကိုလည္း လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဆက္လက္ၿပီးေတာ့လည္း COVID-19 အတြက္ ေရွ႕တန္းကတိုက္ပြဲဝင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို အလႉျပဳတဲ့အစီအစဥ္ေတြကိုလည္း စီစဥ္ေနတာေတြရွိသလို ပရိသတ္ေတြအေနနဲ႔ ပါဝင္ခ်င္ပါက မခ်စ္အိမ္သူ  ဖုန္း ၀၉၈၈၅၀၂၂၂၀၉ သို႔ ဆက္သြယ္ကာ ပါဝင္လႉဒါန္းႏိုင္တယ္လို႔လည္း သိရပါတယ္။  

မင္းေခတ္လင္း
ဓာတ္ပုံ - ကိုႏိုင္ NG
ရန္ကုန္၊ ဇြန္ - ၁၉