ဗီလိန်နေရာက သရုပ်ဆောင်ပေမယ့် ပရိသတ်မုန်းမှာကြောက်တဲ့ ထွန်းထွန်း (Examplez)

ဗီလိန်နေရာက သရုပ်ဆောင်ပေမယ့် ပရိသတ်မုန်းမှာကြောက်တဲ့ ထွန်းထွန်း (Examplez)

သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်လာစေဖို့ ကြိုးပမ်းနေတဲ့ အကယ်ဒမီ ထွန်းထွန်း (Examplez) ဟာ ဗီလိန်နေရာကနေ ဝင်ရောက်သရုပ်ဆောင်ထားပေမယ့် ပရိသတ်မုန်းမှာမျိုးကိုတော့ ကြောက်မိတယ်လို့ ဆိုလာပါတယ်။

“ကြိုးစားဆဲဆိုတော့ ဇာတ်ရုပ်နေရာပေါင်းစုံကနေ သရုပ်ဆောင်ရပါတယ်၊ အတွေ့အကြုံလည်း ရတယ်လေ၊ အများကြီးလည်း ကြိုးစားနေရတာပေါ့၊ ဗီလိန်နေရာကနေလည်း သရုပ်ဆောင်ပါတယ်၊ ဒါရိုက်တာ စတီးလ် ရိုက်ကူးတဲ့ အရှက်ဆိုတဲ့ ဇာတ်ကားမှာပါ၊ ခပ်ပါးပါးလေးပဲ လုပ်ထားပါတယ် ပရိသတ်မုန်းမှာတော့ ကြောက်တယ်” လို့ သူက ပြောပြပါတယ်။

ဇာတ်ကားရိုက်တဲ့အခါ ပရိသတ်ရင်ထဲရောက်စေမယ့် ပညာပေးတာတွေကိုလည်း လုပ်ဆောင်နေပြီး အဲ့ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် အများကြီး ကြိုတင်လေ့ကျင့်ထားရတယ်လို့ သူက ပြောပါတယ်။
 

“အခုတလော ပညာပေးကားမျိုးတွေ အများဆုံးရိုက်ဖြစ်ပါတယ်၊ ပရိသတ်ကို မက်ဆေ့ပေးချင်တာလေးလည်း ပေါ်လွင်အောင်လို့ တော်တော်လေးကို အများကြီး ကြိုတင်လေ့ကျင့်ထားရပါတယ်” လို့ သရုပ်ဆောင် အကယ်ဒမီ ထွန်းထွန်း (Examplez) က ရှင်းပြပါတယ်။

အခုနောက်ပိုင်းမှာ ရုပ်ရှင်ဗီဒီယိုတွေမှာ သရုပ်ဆောင်နေတာကြောင့် သီချင်းခွေဘက်ကိုတော့ မလှည့်နိုင်သေးတဲ့ အခြေအနေမျိုး ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၅

( Zawgyi )

သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ျဖစ္လာေစဖို႔ ႀကိဳးပမ္းေနတဲ့ အကယ္ဒမီ ထြန္းထြန္း (Examplez) ဟာ ဗီလိန္ေနရာကေန ဝင္ေရာက္သ႐ုပ္ေဆာင္ထားေပမယ့္ ပရိသတ္မုန္းမွာမ်ိဳးကိုေတာ့ ေၾကာက္မိတယ္လို႔ ဆိုလာပါတယ္။

“ႀကိဳးစားဆဲဆိုေတာ့ ဇာတ္႐ုပ္ေနရာေပါင္းစုံကေန သ႐ုပ္ေဆာင္ရပါတယ္၊ အေတြ႕အႀကဳံလည္း ရတယ္ေလ၊ အမ်ားႀကီးလည္း ႀကိဳးစားေနရတာေပါ့၊ ဗီလိန္ေနရာကေနလည္း သ႐ုပ္ေဆာင္ပါတယ္၊ ဒါ႐ိုက္တာ စတီးလ္ ႐ိုက္ကူးတဲ့ အရွက္ဆိုတဲ့ ဇာတ္ကားမွာပါ၊ ခပ္ပါးပါးေလးပဲ လုပ္ထားပါတယ္ ပရိသတ္မုန္းမွာေတာ့ ေၾကာက္တယ္” လို႔ သူက ေျပာျပပါတယ္။

ဇာတ္ကား႐ိုက္တဲ့အခါ ပရိသတ္ရင္ထဲေရာက္ေစမယ့္ ပညာေပးတာေတြကိုလည္း လုပ္ေဆာင္ေနၿပီး အဲ့ဒီလို လုပ္ေဆာင္ႏိုင္ဖို႔အတြက္ အမ်ားႀကီး ႀကိဳတင္ေလ့က်င့္ထားရတယ္လို႔ သူက ေျပာပါတယ္။
 

“အခုတေလာ ပညာေပးကားမ်ိဳးေတြ အမ်ားဆုံး႐ိုက္ျဖစ္ပါတယ္၊ ပရိသတ္ကို မက္ေဆ့ေပးခ်င္တာေလးလည္း ေပၚလြင္ေအာင္လို႔ ေတာ္ေတာ္ေလးကို အမ်ားႀကီး ႀကိဳတင္ေလ့က်င့္ထားရပါတယ္” လို႔ သ႐ုပ္ေဆာင္ အကယ္ဒမီ ထြန္းထြန္း (Examplez) က ရွင္းျပပါတယ္။

အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ဗီဒီယိုေတြမွာ သ႐ုပ္ေဆာင္ေနတာေၾကာင့္ သီခ်င္းေခြဘက္ကိုေတာ့ မလွည့္ႏိုင္ေသးတဲ့ အေျခအေနမ်ိဳး ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၄