ဗြိတိန်မင်းသားလေး Archieရဲ့ခရစ်ယာန်နှစ်ခြင်းမင်္ဂလာပွဲဓာတ်ပုံများထုတ်ပြန်ု

 ဗြိတိန်မင်းသားလေး Archieရဲ့ခရစ်ယာန်နှစ်ခြင်းမင်္ဂလာပွဲဓာတ်ပုံများထုတ်ပြန်ု

Sussexမြို့စား မင်းသားဟယ်ရီနဲ့ မြို့စားကတော်တို့က သားတော်Archieရဲ့ခရစ်ယာန်နှစ်ခြင်းမင်္ဂလာပွဲဓာတ်ပုံတွေ အများပြည်သူကို ထုတ်ပြန် လိုက်ပါတယ်။ မင်းသား Archieကို ခရစ်ယာန်အသင်းတော်ဝင်အဖြစ် သွတ်သွင်းတဲ့မင်္ဂလာပွဲကို ဇူလိုင် ၆ ရက်နေ့က St. George ဘုရားကျောင်း မှာ Canterburyခရစ်ယာန်ဂိုဏ်းချုပ်ကိုယ်တိုင် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ခေါင်းကိုင်မိဘတွေ ဘယ်သူဘယ်ဝါဆိုတာတော့ မထုတ်ပြန်ပါဘူး။

အခမ်းအနားကို တော်ဝင်မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေ တက်ရောက်ကြပါတယ်။  မိဘနှစ်ပါးဖြစ်တဲ့ မင်းသားဟယ်ရီနဲ့ Meghan Markleတို့ကတော့ ဒီလိုအထူးခြားဆုံးအခါသမယမှာ ပျော်မဆုံးဖြစ်နေပါတယ်။ မင်းသားလေးမွေးစဉ်ကနေ ခုချိန်ထိ ချစ်ခင်အားပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းကိုလည်း ပြောသွားပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ပုံတွေမှာ မင်းသား Archieကို တော်ဝင်မိသားစု အစဉ် အဆက် ၁၁နှစ်တိုင် ဝတ်ဆင်လာခဲ့တဲ့ နှစ်ခြင်းမင်္ဂလာဂါဝန်နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ မင်းသား Archieရဲ့နာမည်အပြည့်အစုံကတော့ Archie Harrison Mountbatten-Windsor ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မေလမှာ မွေးဖွားခဲ့ပြီး၊ ဗြိတိန်ထီးနန်းရဲ့ သတ္တမမြောက်နန်းလျာဖြစ်တယ်လို့ သိရပါတယ်။

ရည်မွန်ကျော်                                                      
Ref:marieclaire.co.uk
 လန်ဒန်၊ဇူလိုင် ၈

(  Zawgyi  )

 Sussexၿမိဳ႕စား မင္းသားဟယ္ရီနဲ႔ ၿမိဳ႕စားကေတာ္တို႔က သားေတာ္Archieရဲ႕ခရစ္ယာန္ႏွစ္ျခင္းမဂၤလာပြဲဓာတ္ပုံေတြ အမ်ားျပည္သူကို ထုတ္ျပန္ လိုက္ပါတယ္။ မင္းသား Archieကို ခရစ္ယာန္အသင္းေတာ္ဝင္အျဖစ္ သြတ္သြင္းတဲ့မဂၤလာပြဲကို ဇူလိုင္ ၆ ရက္ေန႔က St. George ဘုရားေက်ာင္း မွာ Canterburyခရစ္ယာန္ဂိုဏ္းခ်ဳပ္ကိုယ္တိုင္ ခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္။ ေခါင္းကိုင္မိဘေတြ ဘယ္သူဘယ္ဝါဆိုတာေတာ့ မထုတ္ျပန္ပါဘူး။

အခမ္းအနားကို ေတာ္ဝင္မိသားစုဝင္ေတြနဲ႔ ရင္းႏွီးတဲ့မိတ္ေဆြေတြ တက္ေရာက္ၾကပါတယ္။  မိဘႏွစ္ပါးျဖစ္တဲ့ မင္းသားဟယ္ရီနဲ႔ Meghan Markleတို႔ကေတာ့ ဒီလိုအထူးျခားဆုံးအခါသမယမွာ ေပ်ာ္မဆုံးျဖစ္ေနပါတယ္။ မင္းသားေလးေမြးစဥ္ကေန ခုခ်ိန္ထိ ခ်စ္ခင္အားေပးၾကတဲ့ ျပည္သူေတြကို ေက်းဇူးတင္ေၾကာင္းကိုလည္း ေျပာသြားပါတယ္။ အခုထုတ္ျပန္လိုက္တဲ့ပုံေတြမွာ မင္းသား Archieကို ေတာ္ဝင္မိသားစု အစဥ္ အဆက္ ၁၁ႏွစ္တိုင္ ဝတ္ဆင္လာခဲ့တဲ့ ႏွစ္ျခင္းမဂၤလာဂါဝန္နဲ႔ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ မင္းသား Archieရဲ႕နာမည္အျပည့္အစုံကေတာ့ Archie Harrison Mountbatten-Windsor ျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္ေမလမွာ ေမြးဖြားခဲ့ၿပီး၊ ၿဗိတိန္ထီးနန္းရဲ႕ သတၱမေျမာက္နန္းလ်ာျဖစ္တယ္လို႔ သိရပါတယ္။

ရည္မြန္ေက်ာ္                                                      
Ref:marieclaire.co.uk
 လန္ဒန္၊ဇူလိုင္ ၈