ဘီယွန်စေး ရဲ့ Lion King ဇာတ်ဝင်တေးသီချင်းသစ်

 ဘီယွန်စေး ရဲ့ Lion King ဇာတ်ဝင်တေးသီချင်းသစ်

Lion King လိုက်ဖ်အက်ရှင်ဇာတ်ကားမှာပါဝင်တဲ့ ဘီယွန်စေး ရဲ့ဇာတ်ဝင်တေးသီချင်းသစ် Spiritကို ဇူလိုင် ၉ရက်နေ့ည ထုတ်လွှင့်မယ်လို့ သိရပါတယ်။

ဒီသီချင်းထွက်ရှိချိန်ဟာ မကြာခင်ဇူလိုင် ၁၈ရက်နေ့ထွက်ရှိမယ့် Lion Kingဇာတ်ကားမှာ ဘီယွန်စေး အသံနဲ့သရုပ်ဆောင်ထားတဲ့ ခြင်္သေ့မလေး နာလာ အတွက်တော့ အချိန်အခါကောင်းဖြစ်ပါတယ်။ ဒီသီချင်းကိုတွဲဖက်ရေးသားသူ ဘီယွန်စေး ဖြစ်သလို၊ သူတစ်ဦးတည်းထုတ်လုပ်မယ့် The Lion King: The Gift ဆိုတဲ့အယ်လ်ဘမ်မှာထည့်မယ်လို့ သိရပါတယ်။
 
ဒီအယ်လ်ဘမ်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ တခြားအဆိုတော်တွေလည်း ပါဝင်မှာပါ။ မူရင်းဇာတ်ကားထဲကသီချင်းတွေနဲ့ သီချင်းသစ် အနည်းငယ်ထပ်ထည့်ပြီး Lion Kingဆိုတဲ့အယ်လ်ဘမ်ကိုလည်း ဖြန့်ချိဖို့ရှိပါတယ်။ သီချင်းသစ်တွေအတွက် တေးရေးတွေကတော့ မူလ ဇာတ်ကားတုန်းကရေးခဲ့တဲ့ အယ်လတန်ဂျွန် နဲ့ တင်ရိစ့်တို့ပဲ ဖြစ်ပါတယ်။ အယ်လ်ဘမ် ၂ခုလုံး ဇူလိုင် ၁၉ရက်နေ့ ထွက်မယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

ရည်မွန်သော်
နယူးယောက်၊ဇူလိုင် ၁၀

(  Zawgyi  )

 Lion King လိုက္ဖ္အက္ရွင္ဇာတ္ကားမွာပါဝင္တဲ့ ဘီယြန္ေစး ရဲ႕ဇာတ္ဝင္ေတးသီခ်င္းသစ္ Spiritကို ဇူလိုင္ ၉ရက္ေန႔ည ထုတ္လႊင့္မယ္လို႔ သိရပါတယ္။

ဒီသီခ်င္းထြက္ရွိခ်ိန္ဟာ မၾကာခင္ဇူလိုင္ ၁၈ရက္ေန႔ထြက္ရွိမယ့္ Lion Kingဇာတ္ကားမွာ ဘီယြန္ေစး အသံနဲ႔သ႐ုပ္ေဆာင္ထားတဲ့ ျခေသၤ့မေလး နာလာ အတြက္ေတာ့ အခ်ိန္အခါေကာင္းျဖစ္ပါတယ္။ ဒီသီခ်င္းကိုတြဲဖက္ေရးသားသူ ဘီယြန္ေစး ျဖစ္သလို၊ သူတစ္ဦးတည္းထုတ္လုပ္မယ့္ The Lion King: The Gift ဆိုတဲ့အယ္လ္ဘမ္မွာထည့္မယ္လို႔ သိရပါတယ္။
 
ဒီအယ္လ္ဘမ္မွာ သူတစ္ေယာက္တည္းမဟုတ္ဘဲ တျခားအဆိုေတာ္ေတြလည္း ပါဝင္မွာပါ။ မူရင္းဇာတ္ကားထဲကသီခ်င္းေတြနဲ႔ သီခ်င္းသစ္ အနည္းငယ္ထပ္ထည့္ၿပီး Lion Kingဆိုတဲ့အယ္လ္ဘမ္ကိုလည္း ျဖန႔္ခ်ိဖို႔ရွိပါတယ္။ သီခ်င္းသစ္ေတြအတြက္ ေတးေရးေတြကေတာ့ မူလ ဇာတ္ကားတုန္းကေရးခဲ့တဲ့ အယ္လတန္ဂြၽန္ နဲ႔ တင္ရိစ့္တို႔ပဲ ျဖစ္ပါတယ္။ အယ္လ္ဘမ္ ၂ခုလုံး ဇူလိုင္ ၁၉ရက္ေန႔ ထြက္မယ္လို႔ AP သတင္းမွာ ေဖာ္ျပထားပါတယ္။

ရည္မြန္ေသာ္
နယူးေယာက္၊ဇူလိုင္ ၁၀