မင်္ဂလာနှစ်ပတ်လည်နဲ့အတူ ပြင်ဦးလွင်မှာ အိမ်သစ်လေးတည်ဆောက်နေတဲ့ တက္ကသိုလ်ဂွမ်းပုံ

မင်္ဂလာနှစ်ပတ်လည်နဲ့အတူ ပြင်ဦးလွင်မှာ အိမ်သစ်လေးတည်ဆောက်နေတဲ့ တက္ကသိုလ်ဂွမ်းပုံ

ဝါရင့် ဇာတ်ပို့ ဇာတ်ရန် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံဟာ လာမယ့် ဖေဖော်ဝါရီလမှာကျရောက်မယ့် သူမရဲ့ မင်္ဂလာနှစ်ပတ်လည်နဲ့အတူ အိမ်သစ်လေးကိုပြီးစီးအောင် ရည်မှန်းကာ တည်ဆောက်နေလျက်ရှိတယ်လို့ သိရပါတယ်။

“တကယ်တော့လေ ဒီအိမ်လေးက တီဂွမ်းရဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို အကောင်အထည်ဖော်ခဲ့တာပါ၊ အသက်တွေကြီးပြီး ကားတွေမရိုက်နိုင်ရင် မေမြို့မှာနေပြီး ရန်ကုန်က အိမ်ကို ငှားစားမယ်ပေါ့၊ မေမြို့မှာပဲ ခြံလေးဝယ်ပြီး တောင်ကုန်းလေးမှာ အိမ်လေးဆောက်နေမယ်ဆိုပြီးတော့ ဆောက်ဖြစ်ခဲ့တာ၊ တီဂွမ်းရဲ့ စိတ်ကူးယဉ်အိမ်မက်ပေါ့နော်၊ တစ်ချို့တွေက အိမ်အကြီးကြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ ဝယ်နိုင်တာပေါ့၊ အဲ့ဒါကိုလည်း အားကျခဲ့ရတယ်၊ ငါတို့သာဝယ်နိုင်ရင် သိပ်ကောင်းမှာပဲဆိုပြီး စိတ်ကူးမိတယ်၊ မေမြို့မှာသွားရင်လည်း ဟိုတယ်ခတွေမကုန်ဘူးပေါ့လေ၊ အဲ့ဒီလိုစိတ်ကူးအိပ်မက်လေးရှိခဲ့တာ၊ လာမယ့် ဖေဖော်ဝါရီမှာက Anniversary ၁၀ နှစ်ပြည့်ဆိုတော့ အဲ့နေ့မှာ အိမ်တက်လုပ်ဖို့မှန်းထားတယ်၊ ဒါပေမဲ့ အခုက COVID ဖြစ်နေတော့ ဘယ်လိုမှန်းတော့မသိသေးဘူး” လို့ ၎င်းကရှင်းပြပါတယ်။

အဆိုပါအိမ်ဟာ ပြင်ဦးလွင်မြို့က ပေ ၈၀×၁၂၃ ပေ အကျယ်အဝန်းရှိတဲ့ မြေပေါ်မှာ ၃၆ ပေ×ပေ ၄၀ နှစ်ထပ်တိုက်အဖြစ် တည်ဆောက်နေပြီး မန္တလေးမှာနေထိုင်တဲ့ ဒီဇိုင်နာက ဒီဇိုင်းပုံကြမ်းသုံးပုံအနက်မှ တစ်ပုံကို တည်ဆောက်နေတာဖြစ်ပါတယ်။လာမယ့် ဖေဖော်ဝါရီလမှာ မင်္ဂလာနှစ်ပတ်လည်နဲ့အတူ အိမ်သစ်တက် မင်္ဂလာအခမ်းအနားတစ်ရပ်ပြုလုပ်ဖို့ ရည်မှန်းကာ တည်ဆောက်နေတဲ့ အိမ်သစ်လေးဟာ အခုဆိုရင် ၉၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ သိရပါတယ်။

“အိပ်ခန်းလေးတွေကို ကျဉ်းကျဉ်းလေးလုပ်ထားပြီး ဝရန်တာကြီးတွေနဲ့ ဧည့်ခန်းတွေကို ကျယ်ကျယ်လုပ်ထားတယ်၊ သူငယ်ချင်းတွေနဲ့ ပျော်မယ်ပါးမယ်၊ စားကြသောက်ကြမယ်၊ အဲ့လိုရည်ရွယ်ပြီးတော့ ကျယ်ကျယ်ဝန်းဝန်းလေးဖြစ်အောင် လုပ်ထားတာပါ၊ တီဂွမ်း က ကိုယ့်ဘဝမှာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးပေါ့နော်၊ အဲ့ဒါလေးပဲဖြစ်ဖို့ မျှော်မှန်းပါတယ်၊ တီဂွမ်း ကို ချစ်တဲ့ ပရိသတ်တွေအနေနဲ့ COVID ကာလမှာ တတ်နိုင်သမျှ အိမ်ထဲမှာနေပြီးတော့ အပြင်ထွက်မယ်ဆိုရင်လည်း ကျန်းမာရေးကို အထူးဂရုစိုက်ကြပါ၊ တကယ်လို့ လုပ်ငန်းကိုင်ငန်းတွေလည်း အဆင်မပြေဖြစ်လာမယ်ဆိုရင် အားမငယ်ပါနဲ့ စိတ်ဓာတ်တွေမကျပါနဲ့ ကိုယ့်ရဲ့ခွန်အားလေးနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အောင်ပွဲဆိုတာဖြစ်လာမှာပါပဲ၊ တီဂွမ်းတို့လည်း ဒီလိုပဲ အိမ်ထဲမှာထိုင်နေလို့မဖြစ်ဘူး၊ အိမ်ထဲမှာထိုင်နေရင်း အလုပ်ကလေးတစ်ခုလုပ်ကြမယ်ဆိုတာ စဉ်းစားရင်း အွန်လိုင်း Shopping လေး လုပ်ဖြစ်တာပါ၊ အားလုံးက စိတ်ဓာတ်မကျဘဲနဲ့ မိသားစုလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ရှိနိုင်ကြပါစေလို့ တီဂွမ်း က ဆုတောင်းပေးလိုက်ပါတယ်ရှင်” လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၁၈

( Zawgyi )

ဝါရင့္ ဇာတ္ပို႔ ဇာတ္ရန္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ တကၠသိုလ္ဂြမ္းပုံဟာ လာမယ့္ ေဖေဖာ္ဝါရီလမွာက်ေရာက္မယ့္ သူမရဲ႕ မဂၤလာႏွစ္ပတ္လည္နဲ႔အတူ အိမ္သစ္ေလးကိုၿပီးစီးေအာင္ ရည္မွန္းကာ တည္ေဆာက္ေနလ်က္ရွိတယ္လို႔ သိရပါတယ္။

“တကယ္ေတာ့ေလ ဒီအိမ္ေလးက တီဂြမ္းရဲ႕ စိတ္ကူးယဥ္အိပ္မက္ေလးကို အေကာင္အထည္ေဖာ္ခဲ့တာပါ၊ အသက္ေတြႀကီးၿပီး ကားေတြမ႐ိုက္ႏိုင္ရင္ ေမၿမိဳ႕မွာေနၿပီး ရန္ကုန္က အိမ္ကို ငွားစားမယ္ေပါ့၊ ေမၿမိဳ႕မွာပဲ ၿခံေလးဝယ္ၿပီး ေတာင္ကုန္းေလးမွာ အိမ္ေလးေဆာက္ေနမယ္ဆိုၿပီးေတာ့ ေဆာက္ျဖစ္ခဲ့တာ၊ တီဂြမ္းရဲ႕ စိတ္ကူးယဥ္အိမ္မက္ေပါ့ေနာ္၊ တစ္ခ်ိဳ႕ေတြက အိမ္အႀကီးႀကီး က်ယ္က်ယ္ဝန္းဝန္းနဲ႔ ဝယ္ႏိုင္တာေပါ့၊ အဲ့ဒါကိုလည္း အားက်ခဲ့ရတယ္၊ ငါတို႔သာဝယ္ႏိုင္ရင္ သိပ္ေကာင္းမွာပဲဆိုၿပီး စိတ္ကူးမိတယ္၊ ေမၿမိဳ႕မွာသြားရင္လည္း ဟိုတယ္ခေတြမကုန္ဘူးေပါ့ေလ၊ အဲ့ဒီလိုစိတ္ကူးအိပ္မက္ေလးရွိခဲ့တာ၊ လာမယ့္ ေဖေဖာ္ဝါရီမွာက Anniversary ၁၀ ႏွစ္ျပည့္ဆိုေတာ့ အဲ့ေန႔မွာ အိမ္တက္လုပ္ဖို႔မွန္းထားတယ္၊ ဒါေပမဲ့ အခုက COVID ျဖစ္ေနေတာ့ ဘယ္လိုမွန္းေတာ့မသိေသးဘူး” လို႔ ၎ကရွင္းျပပါတယ္။

အဆိုပါအိမ္ဟာ ျပင္ဦးလြင္ၿမိဳ႕က ေပ ၈၀×၁၂၃ ေပ အက်ယ္အဝန္းရွိတဲ့ ေျမေပၚမွာ ၃၆ ေပ×ေပ ၄၀ ႏွစ္ထပ္တိုက္အျဖစ္ တည္ေဆာက္ေနၿပီး မႏၲေလးမွာေနထိုင္တဲ့ ဒီဇိုင္နာက ဒီဇိုင္းပုံၾကမ္းသုံးပုံအနက္မွ တစ္ပုံကို တည္ေဆာက္ေနတာျဖစ္ပါတယ္။လာမယ့္ ေဖေဖာ္ဝါရီလမွာ မဂၤလာႏွစ္ပတ္လည္နဲ႔အတူ အိမ္သစ္တက္ မဂၤလာအခမ္းအနားတစ္ရပ္ျပဳလုပ္ဖို႔ ရည္မွန္းကာ တည္ေဆာက္ေနတဲ့ အိမ္သစ္ေလးဟာ အခုဆိုရင္ ၉၀ ရာခိုင္ႏႈန္းေလာက္ ၿပီးစီးေနၿပီလို႔ သိရပါတယ္။

“အိပ္ခန္းေလးေတြကို က်ဥ္းက်ဥ္းေလးလုပ္ထားၿပီး ဝရန္တာႀကီးေတြနဲ႔ ဧည့္ခန္းေတြကို က်ယ္က်ယ္လုပ္ထားတယ္၊ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္မယ္ပါးမယ္၊ စားၾကေသာက္ၾကမယ္၊ အဲ့လိုရည္႐ြယ္ၿပီးေတာ့ က်ယ္က်ယ္ဝန္းဝန္းေလးျဖစ္ေအာင္ လုပ္ထားတာပါ၊ တီဂြမ္း က ကိုယ့္ဘဝမွာ ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာနဲ႔ ခ်စ္စရာေကာင္းတဲ့ မိသားစုေလးေပါ့ေနာ္၊ အဲ့ဒါေလးပဲျဖစ္ဖို႔ ေမွ်ာ္မွန္းပါတယ္၊ တီဂြမ္း ကို ခ်စ္တဲ့ ပရိသတ္ေတြအေနနဲ႔ COVID ကာလမွာ တတ္ႏိုင္သမွ် အိမ္ထဲမွာေနၿပီးေတာ့ အျပင္ထြက္မယ္ဆိုရင္လည္း က်န္းမာေရးကို အထူးဂ႐ုစိုက္ၾကပါ၊ တကယ္လို႔ လုပ္ငန္းကိုင္ငန္းေတြလည္း အဆင္မေျပျဖစ္လာမယ္ဆိုရင္ အားမငယ္ပါနဲ႔ စိတ္ဓာတ္ေတြမက်ပါနဲ႔ ကိုယ့္ရဲ႕ခြန္အားေလးနဲ႔ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ေအာင္ပြဲဆိုတာျဖစ္လာမွာပါပဲ၊ တီဂြမ္းတို႔လည္း ဒီလိုပဲ အိမ္ထဲမွာထိုင္ေနလို႔မျဖစ္ဘူး၊ အိမ္ထဲမွာထိုင္ေနရင္း အလုပ္ကေလးတစ္ခုလုပ္ၾကမယ္ဆိုတာ စဥ္းစားရင္း အြန္လိုင္း Shopping ေလး လုပ္ျဖစ္တာပါ၊ အားလုံးက စိတ္ဓာတ္မက်ဘဲနဲ႔ မိသားစုေလးေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ စိတ္၏ခ်မ္းသာျခင္း ကိုယ္၏ခ်မ္းသာျခင္းနဲ႔ ရွိႏိုင္ၾကပါေစလို႔ တီဂြမ္း က ဆုေတာင္းေပးလိုက္ပါတယ္ရွင္” လို႔ ၎က ဆက္လက္ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၈