မတူညီတဲ့ ဇာတ်ရုပ်တွေနဲ့ မြင်ရဦးမယ့် ခါရာ

မတူညီတဲ့ ဇာတ်ရုပ်တွေနဲ့ မြင်ရဦးမယ့် ခါရာ

သရုပ်ဆောင် ခါရာဟာ ယခု ၂၀၁၉ ခုနှစ်ထဲမှာ ဇာတ်လမ်းတွဲတွေအများအပြားကို လက်ခံရိုက်ကူးသွားဖို့ ပြင်ဆင်နေပြီး ဇာတ်လမ်းတွဲတွေထဲ မတူညီတဲ့ ဇာတ်ရုပ်တွေကို မြင်ရဦးမယ်လို့ ဆိုပါတယ်။ သူဟာ ပြည်တွင်းက သရုပ်ဆောင်တွေအနက် မိန်းကလေးပရိသတ်တွေများတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်သလို ကိုရီးယားမင်းသားနဲ့ဆင်တူတဲ့ သူ့ရဲ့ပုံစံကြောင့်လည်း တစ်ချို့ပရိသတ်တွေဟာ မြန်မာနိုင်ငံက ကိုရီးယား မင်းသား လို့ သူ့ကို ခေါ်ဆိုကြပါတယ်။

 “ကျွန်တော်နဲ့လိုက်တဲ့ ဇာတ်ရုပ်တွေ၊ ကျွန်တော် လုပ်နိုင်တဲ့ ဇာတ်ရုပ်ကိုပဲ ရွေးပြီး ရိုက်ဖို့ရှိပါတယ်၊ ဒီနှစ်ထဲ ဇာတ်လမ်းတွဲတွေ များများရိုက် ဖို့ရှိပါတယ်၊ မတူညီတဲ့ ပုံစံလေးတွေနဲ့ ဆန်းသစ်တဲ့ မတူတဲ့ဟာတွေကို ပရိသတ်တွေက ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်မယ့် အချိန် ကျရင်လည်း ကျွန်တော့်ပရိသတ်တွေကို အရင်ဆုံးအကြောင်းကြားပါ့မယ်၊ ကျွန်တော့်ကို ဝန်းရံသူတွေက အနုပညာကြောင့် ဝန်းရံအားပေးတာလို့ ယူဆပါတယ်၊ ရုပ်ချောတာနဲ့ ဝန်းရံတဲ့ သူတွေ မဟုတ်ဘူး၊ ရုပ်ချောတာနဲ့ ဝန်းရံတာမျိုး မရှိတာမဟုတ်ဘူး၊ ရှိပါတယ် အဲ့ဒါက ခဏပါပဲ၊ ကျွန်တော့် ထက် ရုပ်ချောတဲ့ သူတွေတွေ့တဲ့အခါ သွားကြလိမ့်မယ်လို့ ထင်တယ်၊ လက်ရှိပရိသတ်တွေက ကျွန်တော့်ရဲ့ အနုပညာကို သိပြီးတော့ တကယ့် ကို ထဲထဲဝင်ဝင် အားပေးသူတွေဆိုတော့ ကျွန်တော်ကံကောင်းတယ်”လို့ သရုပ်ဆောင် ခါရာက ရှင်းပြပါတယ်။

သူ့အနေနဲ့ အက်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သလို အခြားဇာတ်ကားတွေထက် အက်ရှင် ကားတွေမှာ အသံပိုင်းဆိုင်ရာတွေ၊ Body ပိုင်း လေ့ကျင့်တာတွေကိုလည်း လုပ်ဆောင်ရပြီး ခက်ခဲပင်ပန်းလေ့ ရှိတယ်လို့ သိရပါတယ်။ ပုံမှန်ဇာတ်ကားတွေထက် အက်ရှင်ကားတွေ ကို နှစ်သက်သူလည်း ဖြစ်သလို ဇာတ်ကား တစ်ခုနဲ့တစ်ခုမတူတဲ့ ဇာတ်ရုပ်တွေအပြင် ခန္ဓာကိုယ် ထိန်းသိမ်းတာတွေ၊ သရုပ်ဆောင်မှု အရည်အသွေးတွေကိုပါ ပိုကောင်းအောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ “အခုကားတွေထက် နောက် ဇာတ်ကားတွေမှာ ပိုကောင်းမယ်လို့ အာမခံရဲပါတယ်၊ ဒီထက်ဒီထက်လည်း ပိုပြီးကောင်းအောင် ကြိုးစားနေပါတယ်၊ လူတိုင်းက ကိုယ့်ကိုယ်ကို ကျေနပ်တာမရှိဘူး၊ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို အရမ်းကြီးချောတယ်၊ မိုက်တယ်လို့ မခံစားရဘူး၊ ဘယ်လိုပြောရမလဲ ကြိုက်တဲ့သူရှိလို့ မိုက်သွားတာပေါ့နော်၊ ကျွန်တော်က ပေါ့ပေါ့ပါးပါးနေရတာမျိုးကြိုက်တယ်၊ ကျွန်တော့်ကို ထိန်းချုပ်ထားတာမျိုးမကြိုက်ဘူး၊ အဓိက ကျွန်တော်အနုပညာလုပ်တဲ့ဟာက လွတ်လပ်တာ ကို ပိုသဘောကျတယ်၊ လွတ်လပ်မှပဲ လုပ်ခွင့်ရတဲ့အချိန်ရမှပဲ၊ လုပ်ခွင့်ရမှ ဒီထက်ပိုကောင်းတဲ့ သရုပ်ဆောင်မှုတွေ အများကြီးဖြစ်သွားနိုင်တယ်၊ ပိုပြီးတော့လည်း အတွေး အမြင်တွေကအစ ပိုပြီးတော့ ကျယ်ပြန့်တော့ လုပ်လို့ပိုကောင်းတယ်၊ ကျွန်တော်က ရှမ်းစပ်တယ်ဆိုတော့ အသား အရေ က ဖြူတယ်၊ အသားအရေအရမ်းကောင်းတဲ့အထဲမပါဘူး၊ ဒါကြောင့်လည်း အသားအရေရော Body ရော ထိန်းသိမ်းနေရပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၃၁

(  Zawgyi  )

သ႐ုပ္ေဆာင္ ခါရာဟာ ယခု ၂၀၁၉ ခုႏွစ္ထဲမွာ ဇာတ္လမ္းတြဲေတြအမ်ားအျပားကို လက္ခံ႐ိုက္ကူးသြားဖို႔ ျပင္ဆင္ေနၿပီး ဇာတ္လမ္းတြဲေတြထဲ မတူညီတဲ့ ဇာတ္႐ုပ္ေတြကို ျမင္ရဦးမယ္လို႔ ဆိုပါတယ္။ သူဟာ ျပည္တြင္းက သ႐ုပ္ေဆာင္ေတြအနက္ မိန္းကေလးပရိသတ္ေတြမ်ားတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္သလို ကိုရီးယားမင္းသားနဲ႔ဆင္တူတဲ့ သူ႔ရဲ႕ပုံစံေၾကာင့္လည္း တစ္ခ်ိဳ႕ပရိသတ္ေတြဟာ ျမန္မာႏိုင္ငံက ကိုရီးယား မင္းသား လို႔ သူ႔ကို ေခၚဆိုၾကပါတယ္။

 “ကြၽန္ေတာ္နဲ႔လိုက္တဲ့ ဇာတ္႐ုပ္ေတြ၊ ကြၽန္ေတာ္ လုပ္ႏိုင္တဲ့ ဇာတ္႐ုပ္ကိုပဲ ေ႐ြးၿပီး ႐ိုက္ဖို႔ရွိပါတယ္၊ ဒီႏွစ္ထဲ ဇာတ္လမ္းတြဲေတြ မ်ားမ်ား႐ိုက္ ဖို႔ရွိပါတယ္၊ မတူညီတဲ့ ပုံစံေလးေတြနဲ႔ ဆန္းသစ္တဲ့ မတူတဲ့ဟာေတြကို ပရိသတ္ေတြက ၾကည့္ရႈရမွာပါ၊ ဇာတ္လမ္းတြဲေတြ ထုတ္လႊင့္မယ့္ အခ်ိန္ က်ရင္လည္း ကြၽန္ေတာ့္ပရိသတ္ေတြကို အရင္ဆုံးအေၾကာင္းၾကားပါ့မယ္၊ ကြၽန္ေတာ့္ကို ဝန္းရံသူေတြက အႏုပညာေၾကာင့္ ဝန္းရံအားေပးတာလို႔ ယူဆပါတယ္၊ ႐ုပ္ေခ်ာတာနဲ႔ ဝန္းရံတဲ့ သူေတြ မဟုတ္ဘူး၊ ႐ုပ္ေခ်ာတာနဲ႔ ဝန္းရံတာမ်ိဳး မရွိတာမဟုတ္ဘူး၊ ရွိပါတယ္ အဲ့ဒါက ခဏပါပဲ၊ ကြၽန္ေတာ့္ ထက္ ႐ုပ္ေခ်ာတဲ့ သူေတြေတြ႕တဲ့အခါ သြားၾကလိမ့္မယ္လို႔ ထင္တယ္၊ လက္ရွိပရိသတ္ေတြက ကြၽန္ေတာ့္ရဲ႕ အႏုပညာကို သိၿပီးေတာ့ တကယ့္ ကို ထဲထဲဝင္ဝင္ အားေပးသူေတြဆိုေတာ့ ကြၽန္ေတာ္ကံေကာင္းတယ္”လို႔ သ႐ုပ္ေဆာင္ ခါရာက ရွင္းျပပါတယ္။

သူ႔အေနနဲ႔ အက္ရွင္ဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သလို အျခားဇာတ္ကားေတြထက္ အက္ရွင္ ကားေတြမွာ အသံပိုင္းဆိုင္ရာေတြ၊ Body ပိုင္း ေလ့က်င့္တာေတြကိုလည္း လုပ္ေဆာင္ရၿပီး ခက္ခဲပင္ပန္းေလ့ ရွိတယ္လို႔ သိရပါတယ္။ ပုံမွန္ဇာတ္ကားေတြထက္ အက္ရွင္ကားေတြ ကို ႏွစ္သက္သူလည္း ျဖစ္သလို ဇာတ္ကား တစ္ခုနဲ႔တစ္ခုမတူတဲ့ ဇာတ္႐ုပ္ေတြအျပင္ ခႏၶာကိုယ္ ထိန္းသိမ္းတာေတြ၊ သ႐ုပ္ေဆာင္မႈ အရည္အေသြးေတြကိုပါ ပိုေကာင္းေအာင္ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ “အခုကားေတြထက္ ေနာက္ ဇာတ္ကားေတြမွာ ပိုေကာင္းမယ္လို႔ အာမခံရဲပါတယ္၊ ဒီထက္ဒီထက္လည္း ပိုၿပီးေကာင္းေအာင္ ႀကိဳးစားေနပါတယ္၊ လူတိုင္းက ကိုယ့္ကိုယ္ကို ေက်နပ္တာမရွိဘူး၊ ကြၽန္ေတာ္လည္း ကိုယ့္ကိုယ္ကို အရမ္းႀကီးေခ်ာတယ္၊ မိုက္တယ္လို႔ မခံစားရဘူး၊ ဘယ္လိုေျပာရမလဲ ႀကိဳက္တဲ့သူရွိလို႔ မိုက္သြားတာေပါ့ေနာ္၊ ကြၽန္ေတာ္က ေပါ့ေပါ့ပါးပါးေနရတာမ်ိဳးႀကိဳက္တယ္၊ ကြၽန္ေတာ့္ကို ထိန္းခ်ဳပ္ထားတာမ်ိဳးမႀကိဳက္ဘူး၊ အဓိက ကြၽန္ေတာ္အႏုပညာလုပ္တဲ့ဟာက လြတ္လပ္တာ ကို ပိုသေဘာက်တယ္၊ လြတ္လပ္မွပဲ လုပ္ခြင့္ရတဲ့အခ်ိန္ရမွပဲ၊ လုပ္ခြင့္ရမွ ဒီထက္ပိုေကာင္းတဲ့ သ႐ုပ္ေဆာင္မႈေတြ အမ်ားႀကီးျဖစ္သြားႏိုင္တယ္၊ ပိုၿပီးေတာ့လည္း အေတြး အျမင္ေတြကအစ ပိုၿပီးေတာ့ က်ယ္ျပန႔္ေတာ့ လုပ္လို႔ပိုေကာင္းတယ္၊ ကြၽန္ေတာ္က ရွမ္းစပ္တယ္ဆိုေတာ့ အသား အေရ က ျဖဴတယ္၊ အသားအေရအရမ္းေကာင္းတဲ့အထဲမပါဘူး၊ ဒါေၾကာင့္လည္း အသားအေရေရာ Body ေရာ ထိန္းသိမ္းေနရပါတယ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၃၁