မိတ်ကပ်ဆရာမရဲ့ မင်္ဂလာပွဲမှာ နေတတ်ထိုင်တတ်လို့ ချီးကျူးခံနေရတဲ့ ဆုန်ဂျီဟို

မိတ်ကပ်ဆရာမရဲ့ မင်္ဂလာပွဲမှာ နေတတ်ထိုင်တတ်လို့ ချီးကျူးခံနေရတဲ့ ဆုန်ဂျီဟို

Running man အမြဲတမ်းအဖွဲ့ဝင် ဆုန်ဂျီဟိုဟာ မကြာခင်က သူမရဲ့ မိတ်ကပ်ဆရာမ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။

မင်္ဂလာပွဲကို တက်ရောက်တဲ့ ဆုန်ဂျီဟိုဟာ ရိုးရိုးလေးသာ ဝတ်စားဆင်ယင်ခဲ့ပြီး မိတ်ကပ်ကိုလည်း ပါးပါးလေးသာ လိမ်းထားပါတယ်။

သူမဟာ နာမည်ကျော် အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့် သူမ ထင်ထင်ပေါ်ပေါ်သာ ဝတ်ဆင်ခဲ့မယ်ဆိုရင် ပွဲတတ်သူတွေကက သူမအပေါ်ပဲ အာရုံရောက်နေပြီး သတို့သမီး မပေါ်လွင်တော့မှာကို သူမနားလည် သဘောပေါက်ပါတယ်။

သတို့သမီးနှင့် ဓာတ်ပုံတွဲရိုက်ရာမှာလည်း သူမက ဘေးနှင့် အနောက်မှာသာ နေခဲ့ပါတယ်။တစ်သက်မှာ တစ်ခါ အရေးပါဆုံးပွဲဖြစ်တဲ့ သူများမင်္ဂလာပွဲမှာ အလှဆုံးအထင်ပေါ်ဆုံး ဖြစ်နေရမယ့် သတို့သမီးကို အလေးပေးကာ သူမပြုမူနေထိုင်ခဲ့ပုံကို အွန်လိုင်းမှာ  ချီးကျူးနေကြပါတယ်။

TT

( Zawgyi )

Running man အၿမဲတမ္းအဖြဲ႕ဝင္ ဆုန္ဂ်ီဟိုဟာ မၾကာခင္က သူမရဲ႕ မိတ္ကပ္ဆရာမ မဂၤလာပြဲကို တက္ေရာက္ခဲ့ပါတယ္။

မဂၤလာပြဲကို တက္ေရာက္တဲ့ ဆုန္ဂ်ီဟိုဟာ ႐ိုး႐ိုးေလးသာ ဝတ္စားဆင္ယင္ခဲ့ၿပီး မိတ္ကပ္ကိုလည္း ပါးပါးေလးသာ လိမ္းထားပါတယ္။

သူမဟာ နာမည္ေက်ာ္ အႏုပညာရွင္တစ္ေယာက္ ျဖစ္တာေၾကာင့္ သူမ ထင္ထင္ေပၚေပၚသာ ဝတ္ဆင္ခဲ့မယ္ဆိုရင္ ပြဲတတ္သူေတြကက သူမအေပၚပဲ အာ႐ုံေရာက္ေနၿပီး သတို႔သမီး မေပၚလြင္ေတာ့မွာကို သူမနားလည္ သေဘာေပါက္ပါတယ္။

သတို႔သမီးႏွင့္ ဓာတ္ပုံတြဲ႐ိုက္ရာမွာလည္း သူမက ေဘးႏွင့္ အေနာက္မွာသာ ေနခဲ့ပါတယ္။တစ္သက္မွာ တစ္ခါ အေရးပါဆုံးပြဲျဖစ္တဲ့ သူမ်ားမဂၤလာပြဲမွာ အလွဆုံးအထင္ေပၚဆုံး ျဖစ္ေနရမယ့္ သတို႔သမီးကို အေလးေပးကာ သူမျပဳမူေနထိုင္ခဲ့ပုံကို အြန္လိုင္းမွာ  ခ်ီးက်ဴးေနၾကပါတယ္။

TT