မိဘတွေနဲ့ fan တွေလောက် ဘာမှအရေးမကြီးဘူးလို့ သင်ဇာဝင့်ကျော် က ပြောလာ

မိဘတွေနဲ့ fan တွေလောက် ဘာမှအရေးမကြီးဘူးလို့ သင်ဇာဝင့်ကျော် က ပြောလာ

အနုပညာလောကမှာ ပရိသတ်အခိုင်အမာရနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ သူ့ဘဝမှာ မိဘတွေနဲ့ fan တွေလောက် ဘာမှအရေးမကြီးဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီကနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) မှာ ကျရောက်တဲ့ ဗယ်လင်တိုင်းဒေးမှာလည်း ခရီးမထွက်ဘဲ ရန်ကုန်မြို့မှာရှိနေပြီး သူမကိုချစ်ခင်ကြတဲ့ ပရိသတ်တွေကပေးတဲ့ အမှတ်တရလက်ဆောင်တွေကို လက်ခံနေခဲ့တာ ဖြစ်ပါတယ်။

"ကိုယ့်ကိုချစ်တဲ့သူတွေက အခုလို တကူးတက ဝယ်ပြီးပေးတာကို လက်ခံပါတယ်၊ ငယ်ငယ်တုန်းကတော့ ဗယ်လင်တိုင်းဒေးဆို ရူးတာပေါ့၊ ချစ်သူ ရည်းစားလည်းရှိတော့ ချောကလက်တွေ အပြန်အလှန်ပေး၊ ပန်းစည်းတွေပေးနဲ့ပေါ့၊ နောက်တော့လည်း ဘာမှမဟုတ်ပါဘူး၊ အခုတော့ ကိုယ့်ရဲ့မိဘတွေ fan တွေက အဓိကပဲလေ"လို့ ရန်ကုန်မြို့ အင်းယားလမ်းထဲက ဆိုင်ဖွင့်ပွဲတစ်ခုကို တက်ရောက်လာစဉ် မေးမြန်းရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အခုလိုလက်ခံထားတဲ့ ဖွင့်ပွဲတွေလည်းရှိနေပြီး သူမပါဝင်ကာ သရုပ်ဆောင်ထားတဲ့ "မြမြ" ရုပ်ရှင်ကားအတွက် ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။

"သင်ဇာ ဒီလထဲမှာ နယ်သွားဖို့ရှိသေးတယ်၊ လာမယ့် မတ်လထဲမှာလည်း လက်ခံထားတဲ့ ပွဲလေးတွေကရှိတော့ အလုပ်နည်းနည်းများပါတယ်"လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော် က ဆက်ပြောပါတယ်။

သူမကို ဝတ်စားဆင်ယင်မှု ဖက်ရှင်ဒီဇိုင်းတွေနဲ့ပတ်သက်ပြီး ဝေဖန်ကြပေမယ့် အလုပ်သဘောအရ ဝတ်ဆင်တာရှိသလို ဖိတ်ကြားတဲ့ဘက်က တောင်းဆိုတဲ့ဒီဇိုင်းမျိုး ဝတ်ဆင်ရတာရှိကြောင်း၊ ယခုလိုဝေဖန်တာတွေရှိပေမယ့် ကိုယ်လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

"သင်ဇာတို့ အနုပညာသမားတွေအနေနဲ့က ဒီလိုဝေဖန်ခံရတာတွေက ရှိနေမှာပဲလေ၊ ဘာပဲလုပ်လုပ် ကောင်းတာပဲဖြစ်ဖြစ် ဝေဖန်သူကတော့ ကြံဖန်ပြီးတော့ကို ဝေဖန်နေမှာပဲ၊ သင်ဇာကတော့လေ ကိုယ်လုပ်တဲ့ အလုပ်အပေါ်ပဲ အာရုံအပြည့်ထားတယ်၊ သင်ဇာကိုချစ်တဲ့ မိဘတွေရှိတယ်၊ fan တွေရှိတယ်၊ သင်ဇာ ကျေနပ်တယ်၊ တခြားဘာမှအရေးမကြီးဘူး၊ ဒါတွေလည်း လိုက်ပြီးခံစားမနေဘူး၊ ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ" လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော် က ဆိုပါတယ်။

သူမဟာ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်နေပေမယ့် ဇာတ်ကားတွေကိုတော့ အများကြီးမရိုက်ဘဲ ကာရိုက်တာပိုင်းအရ စိစစ်ပြီး လက်ခံနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ဓာတ်ပုံ - ကိုနိုင်-NG
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၄

( Zawgyi )

အႏုပညာေလာကမွာ ပရိသတ္အခိုင္အမာရေနတဲ့ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ဟာ သူ႔ဘဝမွာ မိဘေတြနဲ႔ fan ေတြေလာက္ ဘာမွအေရးမႀကီးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔ (ေဖေဖာ္ဝါရီ ၁၄ ရက္) မွာ က်ေရာက္တဲ့ ဗယ္လင္တိုင္းေဒးမွာလည္း ခရီးမထြက္ဘဲ ရန္ကုန္ၿမိဳ႕မွာရွိေနၿပီး သူမကိုခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကေပးတဲ့ အမွတ္တရလက္ေဆာင္ေတြကို လက္ခံေနခဲ့တာ ျဖစ္ပါတယ္။

"ကိုယ့္ကိုခ်စ္တဲ့သူေတြက အခုလို တကူးတက ဝယ္ၿပီးေပးတာကို လက္ခံပါတယ္၊ ငယ္ငယ္တုန္းကေတာ့ ဗယ္လင္တိုင္းေဒးဆို ႐ူးတာေပါ့၊ ခ်စ္သူ ရည္းစားလည္းရွိေတာ့ ေခ်ာကလက္ေတြ အျပန္အလွန္ေပး၊ ပန္းစည္းေတြေပးနဲ႔ေပါ့၊ ေနာက္ေတာ့လည္း ဘာမွမဟုတ္ပါဘူး၊ အခုေတာ့ ကိုယ့္ရဲ႕မိဘေတြ fan ေတြက အဓိကပဲေလ"လို႔ ရန္ကုန္ၿမိဳ႕ အင္းယားလမ္းထဲက ဆိုင္ဖြင့္ပြဲတစ္ခုကို တက္ေရာက္လာစဥ္ ေမးျမန္းရာမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ အခုလိုလက္ခံထားတဲ့ ဖြင့္ပြဲေတြလည္းရွိေနၿပီး သူမပါဝင္ကာ သ႐ုပ္ေဆာင္ထားတဲ့ "ျမျမ" ႐ုပ္ရွင္ကားအတြက္ ႐ုပ္ရွင္လာၾကည့္တဲ့ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံတာေတြကိုလည္း လုပ္ေဆာင္ေနပါတယ္။

"သင္ဇာ ဒီလထဲမွာ နယ္သြားဖို႔ရွိေသးတယ္၊ လာမယ့္ မတ္လထဲမွာလည္း လက္ခံထားတဲ့ ပြဲေလးေတြကရွိေတာ့ အလုပ္နည္းနည္းမ်ားပါတယ္"လို႔ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ က ဆက္ေျပာပါတယ္။

သူမကို ဝတ္စားဆင္ယင္မႈ ဖက္ရွင္ဒီဇိုင္းေတြနဲ႔ပတ္သက္ၿပီး ေဝဖန္ၾကေပမယ့္ အလုပ္သေဘာအရ ဝတ္ဆင္တာရွိသလို ဖိတ္ၾကားတဲ့ဘက္က ေတာင္းဆိုတဲ့ဒီဇိုင္းမ်ိဳး ဝတ္ဆင္ရတာရွိေၾကာင္း၊ ယခုလိုေဝဖန္တာေတြရွိေပမယ့္ ကိုယ္လုပ္စရာရွိတာကိုသာ တစိုက္မတ္မတ္လုပ္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

"သင္ဇာတို႔ အႏုပညာသမားေတြအေနနဲ႔က ဒီလိုေဝဖန္ခံရတာေတြက ရွိေနမွာပဲေလ၊ ဘာပဲလုပ္လုပ္ ေကာင္းတာပဲျဖစ္ျဖစ္ ေဝဖန္သူကေတာ့ ႀကံဖန္ၿပီးေတာ့ကို ေဝဖန္ေနမွာပဲ၊ သင္ဇာကေတာ့ေလ ကိုယ္လုပ္တဲ့ အလုပ္အေပၚပဲ အာ႐ုံအျပည့္ထားတယ္၊ သင္ဇာကိုခ်စ္တဲ့ မိဘေတြရွိတယ္၊ fan ေတြရွိတယ္၊ သင္ဇာ ေက်နပ္တယ္၊ တျခားဘာမွအေရးမႀကီးဘူး၊ ဒါေတြလည္း လိုက္ၿပီးခံစားမေနဘူး၊ ကိုယ့္အလုပ္ကိုပဲ အေကာင္းဆုံးလုပ္ေဆာင္သြားမွာပါ" လို႔ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ က ဆိုပါတယ္။

သူမဟာ သ႐ုပ္ေဆာင္အလုပ္ကို လုပ္ကိုင္ေနေပမယ့္ ဇာတ္ကားေတြကိုေတာ့ အမ်ားႀကီးမ႐ိုက္ဘဲ ကာ႐ိုက္တာပိုင္းအရ စိစစ္ၿပီး လက္ခံေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ဓာတ္ပုံ - ကိုႏိုင္-NG
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၄