မိမိရဲ့ဆုံးဖြတ်ချက်ကြောင့်သာ ကလေးသရုပ်ဆောင်တွေ ကြီးလာတဲ့အခါပရိသတ်ရှေ့ မှပျောက်သွား ကြရတယ်လို့ ယွန်းယွန်းကပြောလာ

မိမိရဲ့ဆုံးဖြတ်ချက်ကြောင့်သာ ကလေးသရုပ်ဆောင်တွေ ကြီးလာတဲ့အခါပရိသတ်ရှေ့ မှပျောက်သွား ကြရတယ်လို့  ယွန်းယွန်းကပြောလာ

ကလေးသရုပ်ဆောင်တွေ အနေနဲ့ ကြီးလာတဲ့အခါ ရုပ်ရှင်ရိုက်ကူးမှုလည်းနည်းလာပြီး ပရိသတ်ရှေ့ကနေ ပျောက်သွားကြရသလိုဖြစ်တာဟာ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ကြောင့် သာဖြစ် တယ် လို့ သရုပ်ဆောင် ယွန်းယွန်းက ပြောပါတယ်။

ကလေးသရုပ်ဆောင်ဘဝကတည်းက အနုပညာအလုပ်ကိုလုပ်ကိုင်လာခဲ့တဲ့ သူမဟာ အခု အချိန်မှာ တက္ကသိုလ် တက်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ “ကလေး သရုပ်ဆောင်တွေ ကြီးလာရင် ပျောက်သွားတယ်တို့ဘာတို့ဆိုတာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ အနုပညာလောကမှာ ရပ်တည်ချင်တယ်၊ ဝါသနာပါတယ်ဆိုရင်တော့ ရွေးချယ်ပြီး လုပ်ကြမှာ ပဲပေါ့၊ တစ်ချို့က ကျတော့လည်း ပညာရေးကို ဦးစားပေးတယ်၊ စီးပွားရေးကိုရွေးချယ် လုပ်ကြ တယ်၊ ဒါကတော့ ကိုယ့်ဆုံးဖြတ်ချက်ပဲပေါ့၊ သူများကို ဝေဖန်တာမျိုးတော့ ညီမ မလုပ်ချင်ဘူး၊ အဓိက ကတော့ ကိုယ်ရပ်တည်တဲ့ ဆုံးဖြတ်လိုက်တဲ့ နေရာမျိုးမှာ အောင်အောင်မြင်မြင်နဲ့ ရှိနေဖို့ပဲ အရေးကြီးပါတယ်၊ ညီမအနေနဲ့ အနုပညာလှုပ်ရှားမှုနဲ့ မဝေးပါဘူး၊ မဝေးအောင်လို့ ခပ်စိပ်စိပ်ကလေးဖြစ်အောင်တော့ လုပ်နေပါတယ်၊ တစ်ချို့ ပွဲလက်ခံတာတွေဆိုရင်လည်း ကျောင်းအချိန်နဲ့ညှိပြီးတော့ လက်ခံဖြစ်တယ်၊ ကြော်ငြာလေးတွေလည်း ပိုပြီးရိုက်ဖြစ်တယ်၊ ရုပ်ရှင်ကားကြီး ရိုက်ဖို့က ပြင်ဆင်နေတုန်းပါပဲ၊ အဓိက ကတော့ ကိုယ်နဲ့ လိုက်ဖက်တာမျိုးကိုပဲ ဦစားပေးပြီးရွေးမှာ ပေါ့နော်၊ ကာရိုက်တာက challenge ဖြစ်တာမျိုးကို မကြောက်ဘူး၊ စိတ်ဝင်စားတယ်၊ အသက်အရွယ်အရ မလိုက်ဖက်တာမျိုး၊ ကိုယ့်ရဲ့ ဒီပုံစံနဲ့ မျက်နှာအနေ အထား နဲ့ မလိုက်ဖက်တာမျိုး ဆိုရင်တော့ ရှောင်တယ်၊ မလုပ်နိုင်မှာ လုပ်နိုင်မှာထက် ကြည့်တဲ့ ပရိသတ်ရဲ့စိတ်ထဲမှာ ကျေနပ်မှုကိုခံစားရအောင်ပဲ ဖြစ်မိတယ်၊ ကိုယ်နဲ့လိုက်ဖက် မယ်ထင်တဲ့ ဟာ ပရိသတ်အတွက် အသစ်အဆန်း ဖြစ်မယ့်ဟာမျိုးတွေကိုတော့ ရိုက်ဖို့ရှိပါတယ်”လို့ သရုပ်ဆောင် ယွန်းယွန်းက ပြောပါတယ်။

သူမဟာ ကလေးသရုပ်ဆောင်ပေမယ့် ကာရိုက်တာမျိုးစုံကိုလုပ်ခဲ့ဖူးတာကြောင့် လူကြီး သရုပ်ဆောင် အဖြစ်လုပ်ရမယ့်အပေါ် စိတ်ထဲမှာ စိုးရိမ်တာမျိုးမဖြစ်ကြောင်း၊ စိတ်လှုပ်ရှား ဖွယ်၊ ပရိသတ် စိတ်ဝင်စားဖွယ် ဖြစ်စေမယ့် ဇာတ်ကားမျိုးလည်း ရိုက်ကူးချင် သေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် သရုပ်ဆောင်လောကကို ဝင်လာကတည်းက အကယ်ဒမီကို ရအောင် ယူမယ်ဆိုတဲ့ စိတ်မျိုးမရှိဘဲ လုပ်ကိုင်ခဲ့ကြောင်း၊ ဒါကြောင့်လည်း အကယ်ဒမီနဲ့ပတ်သက်ရင် ပရိသတ်တွေကဲ့သို့ စိတ်မျိုးခံစားရပြီး မကြာခင် ရောက်ရှိ လာတော့မယ့် အကယ်ဒမီ မှာလည်း ပရိသတ်တွေ ရစေချင်တဲ့သူတွေသာ ရဖို့မျှော်လင့်မိကြောင်း ၎င်းက ဆိုပါတယ်။

“ကလေးသရုပ်ဆောင် အနေနဲ့ လုပ်ကတည်းက အကယ်ဒမီ ရရမယ်ဆိုတဲ့ စိတ်မျိုး လုံးဝမဖြစ် ခဲ့ဖူးဘူး၊ ပရိသတ်က တဖြေးဖြေး အားပေးတယ်၊ လက်ခံတယ် ဆိုတာမျိုးဖြစ်အောင်တော့ လုပ်ခဲ့တယ်၊ ဖေဖေ မေမေ တို့က အရင်ကဆိုရင် ပညာရေးထိခိုက်မှာ စိုးလို့ ခွင့်မပြုခဲ့ဘူးလေ၊ မေမေက အရမ်းဝါသနာပါတော့ နောက်မှ supporting ပေးတယ်၊ ညီမက လုပ်ရင်းလုပ်ရင်း ကနေ ပရိသတ်တွေကချစ်လို့ ချစ်တာခံရင်းနဲ့ လုပ်ဖြစ်တာပါ၊ ဒီလိုဆုတွေဘာတွေမှန်းပြီး လုပ်ဖြစ်တာမဟုတ်ဘူး၊ ကိုယ်အရည်အချင်းလည်း သေသေချာချာပြည့်ပြီ၊ ပရိသတ်ကလည်း လက်ခံပြီဆိုရင် ဒါက ကိုယ့်အတွက် မှတ်တိုင်တစ်ခုဆိုတာ ဖြစ်လာမှာပါ”လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

(  Zawgyi  )

ကေလးသ႐ုပ္ေဆာင္ေတြ အေနနဲ႔ ႀကီးလာတဲ့အခါ ႐ုပ္ရွင္႐ိုက္ကူးမႈလည္းနည္းလာၿပီး ပရိသတ္ေရွ႕ကေန ေပ်ာက္သြားၾကရသလိုျဖစ္တာဟာ မိမိကိုယ္တိုင္ ဆုံးျဖတ္ခ်က္ေၾကာင့္ သာျဖစ္ တယ္ လို႔ သ႐ုပ္ေဆာင္ ယြန္းယြန္းက ေျပာပါတယ္။

ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက အႏုပညာအလုပ္ကိုလုပ္ကိုင္လာခဲ့တဲ့ သူမဟာ အခု အခ်ိန္မွာ တကၠသိုလ္ တက္ရင္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနလ်က္ရွိပါတယ္။ “ကေလး သ႐ုပ္ေဆာင္ေတြ ႀကီးလာရင္ ေပ်ာက္သြားတယ္တို႔ဘာတို႔ဆိုတာ ကိုယ့္ရဲ႕ ဆုံးျဖတ္ခ်က္ပါပဲ အႏုပညာေလာကမွာ ရပ္တည္ခ်င္တယ္၊ ဝါသနာပါတယ္ဆိုရင္ေတာ့ ေ႐ြးခ်ယ္ၿပီး လုပ္ၾကမွာ ပဲေပါ့၊ တစ္ခ်ိဳ႕က က်ေတာ့လည္း ပညာေရးကို ဦးစားေပးတယ္၊ စီးပြားေရးကိုေ႐ြးခ်ယ္ လုပ္ၾက တယ္၊ ဒါကေတာ့ ကိုယ့္ဆုံးျဖတ္ခ်က္ပဲေပါ့၊ သူမ်ားကို ေဝဖန္တာမ်ိဳးေတာ့ ညီမ မလုပ္ခ်င္ဘူး၊ အဓိက ကေတာ့ ကိုယ္ရပ္တည္တဲ့ ဆုံးျဖတ္လိုက္တဲ့ ေနရာမ်ိဳးမွာ ေအာင္ေအာင္ျမင္ျမင္နဲ႔ ရွိေနဖို႔ပဲ အေရးႀကီးပါတယ္၊ ညီမအေနနဲ႔ အႏုပညာလႈပ္ရွားမႈနဲ႔ မေဝးပါဘူး၊ မေဝးေအာင္လို႔ ခပ္စိပ္စိပ္ကေလးျဖစ္ေအာင္ေတာ့ လုပ္ေနပါတယ္၊ တစ္ခ်ိဳ႕ ပြဲလက္ခံတာေတြဆိုရင္လည္း ေက်ာင္းအခ်ိန္နဲ႔ညႇိၿပီးေတာ့ လက္ခံျဖစ္တယ္၊ ေၾကာ္ျငာေလးေတြလည္း ပိုၿပီး႐ိုက္ျဖစ္တယ္၊ ႐ုပ္ရွင္ကားႀကီး ႐ိုက္ဖို႔က ျပင္ဆင္ေနတုန္းပါပဲ၊ အဓိက ကေတာ့ ကိုယ္နဲ႔ လိုက္ဖက္တာမ်ိဳးကိုပဲ ဦစားေပးၿပီးေ႐ြးမွာ ေပါ့ေနာ္၊ ကာ႐ိုက္တာက challenge ျဖစ္တာမ်ိဳးကို မေၾကာက္ဘူး၊ စိတ္ဝင္စားတယ္၊ အသက္အ႐ြယ္အရ မလိုက္ဖက္တာမ်ိဳး၊ ကိုယ့္ရဲ႕ ဒီပုံစံနဲ႔ မ်က္ႏွာအေန အထား နဲ႔ မလိုက္ဖက္တာမ်ိဳး ဆိုရင္ေတာ့ ေရွာင္တယ္၊ မလုပ္ႏိုင္မွာ လုပ္ႏိုင္မွာထက္ ၾကည့္တဲ့ ပရိသတ္ရဲ႕စိတ္ထဲမွာ ေက်နပ္မႈကိုခံစားရေအာင္ပဲ ျဖစ္မိတယ္၊ ကိုယ္နဲ႔လိုက္ဖက္ မယ္ထင္တဲ့ ဟာ ပရိသတ္အတြက္ အသစ္အဆန္း ျဖစ္မယ့္ဟာမ်ိဳးေတြကိုေတာ့ ႐ိုက္ဖို႔ရွိပါတယ္”လို႔ သ႐ုပ္ေဆာင္ ယြန္းယြန္းက ေျပာပါတယ္။

သူမဟာ ကေလးသ႐ုပ္ေဆာင္ေပမယ့္ ကာ႐ိုက္တာမ်ိဳးစုံကိုလုပ္ခဲ့ဖူးတာေၾကာင့္ လူႀကီး သ႐ုပ္ေဆာင္ အျဖစ္လုပ္ရမယ့္အေပၚ စိတ္ထဲမွာ စိုးရိမ္တာမ်ိဳးမျဖစ္ေၾကာင္း၊ စိတ္လႈပ္ရွား ဖြယ္၊ ပရိသတ္ စိတ္ဝင္စားဖြယ္ ျဖစ္ေစမယ့္ ဇာတ္ကားမ်ိဳးလည္း ႐ိုက္ကူးခ်င္ ေသးတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္ေလာကကို ဝင္လာကတည္းက အကယ္ဒမီကို ရေအာင္ ယူမယ္ဆိုတဲ့ စိတ္မ်ိဳးမရွိဘဲ လုပ္ကိုင္ခဲ့ေၾကာင္း၊ ဒါေၾကာင့္လည္း အကယ္ဒမီနဲ႔ပတ္သက္ရင္ ပရိသတ္ေတြကဲ့သို႔ စိတ္မ်ိဳးခံစားရၿပီး မၾကာခင္ ေရာက္ရွိ လာေတာ့မယ့္ အကယ္ဒမီ မွာလည္း ပရိသတ္ေတြ ရေစခ်င္တဲ့သူေတြသာ ရဖို႔ေမွ်ာ္လင့္မိေၾကာင္း ၎က ဆိုပါတယ္။

“ကေလးသ႐ုပ္ေဆာင္ အေနနဲ႔ လုပ္ကတည္းက အကယ္ဒမီ ရရမယ္ဆိုတဲ့ စိတ္မ်ိဳး လုံးဝမျဖစ္ ခဲ့ဖူးဘူး၊ ပရိသတ္က တေျဖးေျဖး အားေပးတယ္၊ လက္ခံတယ္ ဆိုတာမ်ိဳးျဖစ္ေအာင္ေတာ့ လုပ္ခဲ့တယ္၊ ေဖေဖ ေမေမ တို႔က အရင္ကဆိုရင္ ပညာေရးထိခိုက္မွာ စိုးလို႔ ခြင့္မျပဳခဲ့ဘူးေလ၊ ေမေမက အရမ္းဝါသနာပါေတာ့ ေနာက္မွ supporting ေပးတယ္၊ ညီမက လုပ္ရင္းလုပ္ရင္း ကေန ပရိသတ္ေတြကခ်စ္လို႔ ခ်စ္တာခံရင္းနဲ႔ လုပ္ျဖစ္တာပါ၊ ဒီလိုဆုေတြဘာေတြမွန္းၿပီး လုပ္ျဖစ္တာမဟုတ္ဘူး၊ ကိုယ္အရည္အခ်င္းလည္း ေသေသခ်ာခ်ာျပည့္ၿပီ၊ ပရိသတ္ကလည္း လက္ခံၿပီဆိုရင္ ဒါက ကိုယ့္အတြက္ မွတ္တိုင္တစ္ခုဆိုတာ ျဖစ္လာမွာပါ”လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၆