မိမိအရေးထက် သဘင်လောကသားတွေအတွက် စိတ်ပူကာကြိုးပမ်းနေတယ်ဆိုတဲ့ ဇာတ်မင်းသား ဖိုးချစ်

မိမိအရေးထက် သဘင်လောကသားတွေအတွက် စိတ်ပူကာကြိုးပမ်းနေတယ်ဆိုတဲ့ ဇာတ်မင်းသား ဖိုးချစ်

အခုလိုကာလထဲ ပွဲလမ်းသဘင်တွေကို ကျင်းပခွင့်တားမြစ်လိုက်တဲ့နောက်ပိုင်း လက်ခံထားတဲ့ ပွဲတွေကို ဖျက်သိမ်းလိုက်ရပေမယ့် မိမိအရေးထက် သဘင်လောကတွေရဲ့ စားဝတ်နေရေး အခက်အခဲအတွက် စိတ်ပူကာ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ မြို့ရွှေမန်းသား ဖိုးချစ်က ပြောပါတယ်။

 “ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူးလေ၊ ရပ်လိုက်ရတာပေါ့၊ အခုလိုရပ်လိုက်တာက မိုးတွင်းဆိုရင်ပြဿနာ သိပ်မရှိဘူး၊ ဒီလိုကာလမှာက ညဆိုင်းတီးပြီး ပိုက်ဆံရှာရတဲ့ ဘဝတွေအများကြီးရှိပါတယ်၊ ကျွန်တော်တို့ သဘင်သမားတွေက ဒီလိုကာလမှာ ပိုက်ဆံရှာရပြီးတော့ မိုးတွင်းမှာ နားနေကြရတာပါ၊ ကျွန်တော်ဆိုရင် ကိုယ့်အရေးထက် သဘင်လောကသားတွေအကုန်လုံးအတွက် စားဝတ်နေရေး ပြေလည်အောင် ကြိုးပမ်းနေပါတယ်၊ သုံးလစာလောက်တော့ စားဝတ်နေရေးပြေလည်အောင် ထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော်တို့ ရေတို၊ ရေရှည်စီမံချက်တွေရေးဆွဲထားတယ်၊ ဒီလိုသုံးလစာလောက်တော့ ကျော်လွှား နိုင်ရင် နောက်ပိုင်းတော့ တစ်နည်းတစ်ဖုံလုပ်ကြရမှာပေါ့လေ၊ ကျွန်တော်တို့အခက်အခဲကို နိုင်ငံတော်အတွက်လည်း ဝန်မဖြစ်စေချင်ဘူး၊ ဒါကြောင့်လည်း ကိုယ်နိုင်တဲ့အပိုင်းက လုပ်ပေးဖို့ ကြိုးစားနေတယ်၊ အရမ်းကြီး ကျွန်တော်မနိုင်တဲ့ အခက်အခဲတော့ နိုင်ငံတော်ကို တင်ပြထားတယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ရဲ့  ဥက္ကဋ္ဌတာဝန်လည်းယူထားသူဖြစ်ပြီး COVID 19 ကြောင့် ကြုံလာတဲ့ အခက်အခဲတွေ အတွက် တာဝန်ယူဖြေရှင်းရင်း အစိုးရပိုင်းနဲ့တိုင်ပင်ကာ အစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ယခုလို ကာလမှာ နားရင်းနဲ့ လာမယ့်ကာလတွေအတွက် ဖျော်ဖြေတဲ့အခါ အထောက်အကူပြုစေမယ့် ပြင်ဆင်မှုတွေကို ပြုလုပ်ဖို့ရှိသော်လည်း အခက်အခဲ တွေကြုံနေရတဲ့ ဇာတ်သဘင်လောကသားတွေအတွက် ကြိုးပမ်းလုပ်ဆောင်မှု အစီအစဉ်တွေအတွက် နေ့စဉ်အဓိကထားနေရတယ်လို့ သိရပါတယ်။

 “တစ်ချို့တွေရဲ့ ဘဝတွေဆိုရင် တော်တော်လေး စိတ်မကောင်းစရာပါပဲ၊ အရင်နဲ့ ယှဉ်ကြည့်ရင်တောင်မှ ကျွန်တော်တို့ သဘင်လောက ထဲမှာ သဘင်အလုပ်နဲ့ အသက်မွေးတဲ့သူတွေတစ်စတစ်စ ရှားပါးလာတယ်၊ တော်တော်များများကလည်း ကျောခိုင်းထွက်ခွာသွားကြတာ များတယ်၊ အဲ့ဒီလိုအခြေအနေကနေ အခုလိုထပ်ကြုံတော့ ဘယ်လိုပြောရမလဲဗျာ ပိုပြီးအခြေအနေဆိုးတာပေါ့နော်”လို့ ၎င်းက ရှင်းပြပါတယ်။

ဇာတ်သဘင်ဖျော်ဖြေပွဲ အများစုဟာ နယ်တွေမှာ သွားရောက်ဖျော်ဖြေကြရာမှ အခုနောက်ပိုင်း မြို့ပြဒေသတွေမှာ အားပေးတဲ့ ပရိသတ်တွေလည်း အခိုင်အမာရှိလာကြောင်း၊ တစ်ဖက်ကလည်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ဇာတ်သဘင်လောက မြင့်မား တိုးတက်လာဖို့ ကြိုးပမ်းနေသလို ဇာတ်သဘင်လောကသားတွေရဲ့အခက်အခဲအတွက် ကြိုးပမ်းဖြေရှင်းနေကြောင်း၊ လက်ခံထားတဲ့ ပွဲတွေကို ဖျက်သိမ်းတာတွေရှိသလို တစ်ချို့ပွဲတွေကို နောက်နှစ်ကျမှသာ ဖျော်ဖြေနိုင်ဖို့ ရွှေ့ဆိုင်းခဲ့ရတာတွေနဲ့ လုပ်ဆောင်ရတယ် လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၂၃

( Zawgyi  )

 အခုလိုကာလထဲ ပြဲလမ္းသဘင္ေတြကို က်င္းပခြင့္တားျမစ္လိုက္တဲ့ေနာက္ပိုင္း လက္ခံထားတဲ့ ပြဲေတြကို ဖ်က္သိမ္းလိုက္ရေပမယ့္ မိမိအေရးထက္ သဘင္ေလာကေတြရဲ႕ စားဝတ္ေနေရး အခက္အခဲအတြက္ စိတ္ပူကာ ႀကိဳးပမ္းလုပ္ေဆာင္ေနတယ္လို႔ ၿမိဳ႕ေ႐ႊမန္းသား ဖိုးခ်စ္က ေျပာပါတယ္။

 “ကြၽန္ေတာ္တို႔လည္း ဘာမွလုပ္လို႔မရဘူးေလ၊ ရပ္လိုက္ရတာေပါ့၊ အခုလိုရပ္လိုက္တာက မိုးတြင္းဆိုရင္ျပႆနာ သိပ္မရွိဘူး၊ ဒီလိုကာလမွာက ညဆိုင္းတီးၿပီး ပိုက္ဆံရွာရတဲ့ ဘဝေတြအမ်ားႀကီးရွိပါတယ္၊ ကြၽန္ေတာ္တို႔ သဘင္သမားေတြက ဒီလိုကာလမွာ ပိုက္ဆံရွာရၿပီးေတာ့ မိုးတြင္းမွာ နားေနၾကရတာပါ၊ ကြၽန္ေတာ္ဆိုရင္ ကိုယ့္အေရးထက္ သဘင္ေလာကသားေတြအကုန္လုံးအတြက္ စားဝတ္ေနေရး ေျပလည္ေအာင္ ႀကိဳးပမ္းေနပါတယ္၊ သုံးလစာေလာက္ေတာ့ စားဝတ္ေနေရးေျပလည္ေအာင္ ေထာက္ပံ့ေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ေရတို၊ ေရရွည္စီမံခ်က္ေတြေရးဆြဲထားတယ္၊ ဒီလိုသုံးလစာေလာက္ေတာ့ ေက်ာ္လႊား ႏိုင္ရင္ ေနာက္ပိုင္းေတာ့ တစ္နည္းတစ္ဖုံလုပ္ၾကရမွာေပါ့ေလ၊ ကြၽန္ေတာ္တို႔အခက္အခဲကို ႏိုင္ငံေတာ္အတြက္လည္း ဝန္မျဖစ္ေစခ်င္ဘူး၊ ဒါေၾကာင့္လည္း ကိုယ္ႏိုင္တဲ့အပိုင္းက လုပ္ေပးဖို႔ ႀကိဳးစားေနတယ္၊ အရမ္းႀကီး ကြၽန္ေတာ္မႏိုင္တဲ့ အခက္အခဲေတာ့ ႏိုင္ငံေတာ္ကို တင္ျပထားတယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)ရဲ႕  ဥကၠ႒တာဝန္လည္းယူထားသူျဖစ္ၿပီး COVID 19 ေၾကာင့္ ႀကဳံလာတဲ့ အခက္အခဲေတြ အတြက္ တာဝန္ယူေျဖရွင္းရင္း အစိုးရပိုင္းနဲ႔တိုင္ပင္ကာ အစီအစဥ္ေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ယခုလို ကာလမွာ နားရင္းနဲ႔ လာမယ့္ကာလေတြအတြက္ ေဖ်ာ္ေျဖတဲ့အခါ အေထာက္အကူျပဳေစမယ့္ ျပင္ဆင္မႈေတြကို ျပဳလုပ္ဖို႔ရွိေသာ္လည္း အခက္အခဲ ေတြႀကဳံေနရတဲ့ ဇာတ္သဘင္ေလာကသားေတြအတြက္ ႀကိဳးပမ္းလုပ္ေဆာင္မႈ အစီအစဥ္ေတြအတြက္ ေန႔စဥ္အဓိကထားေနရတယ္လို႔ သိရပါတယ္။

 “တစ္ခ်ိဳ႕ေတြရဲ႕ ဘဝေတြဆိုရင္ ေတာ္ေတာ္ေလး စိတ္မေကာင္းစရာပါပဲ၊ အရင္နဲ႔ ယွဥ္ၾကည့္ရင္ေတာင္မွ ကြၽန္ေတာ္တို႔ သဘင္ေလာက ထဲမွာ သဘင္အလုပ္နဲ႔ အသက္ေမြးတဲ့သူေတြတစ္စတစ္စ ရွားပါးလာတယ္၊ ေတာ္ေတာ္မ်ားမ်ားကလည္း ေက်ာခိုင္းထြက္ခြာသြားၾကတာ မ်ားတယ္၊ အဲ့ဒီလိုအေျခအေနကေန အခုလိုထပ္ႀကဳံေတာ့ ဘယ္လိုေျပာရမလဲဗ်ာ ပိုၿပီးအေျခအေနဆိုးတာေပါ့ေနာ္”လို႔ ၎က ရွင္းျပပါတယ္။

ဇာတ္သဘင္ေဖ်ာ္ေျဖပြဲ အမ်ားစုဟာ နယ္ေတြမွာ သြားေရာက္ေဖ်ာ္ေျဖၾကရာမွ အခုေနာက္ပိုင္း ၿမိဳ႕ျပေဒသေတြမွာ အားေပးတဲ့ ပရိသတ္ေတြလည္း အခိုင္အမာရွိလာေၾကာင္း၊ တစ္ဖက္ကလည္း ႐ိုးရာယဥ္ေက်းမႈကို ထိန္းသိမ္းရင္း ဇာတ္သဘင္ေလာက ျမင့္မား တိုးတက္လာဖို႔ ႀကိဳးပမ္းေနသလို ဇာတ္သဘင္ေလာကသားေတြရဲ႕အခက္အခဲအတြက္ ႀကိဳးပမ္းေျဖရွင္းေနေၾကာင္း၊ လက္ခံထားတဲ့ ပြဲေတြကို ဖ်က္သိမ္းတာေတြရွိသလို တစ္ခ်ိဳ႕ပြဲေတြကို ေနာက္ႏွစ္က်မွသာ ေဖ်ာ္ေျဖႏိုင္ဖို႔ ေ႐ႊ႕ဆိုင္းခဲ့ရတာေတြနဲ႔ လုပ္ေဆာင္ရတယ္ လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၂၃