မိသားစုအတွက်ပဲ အနုပညာအလုပ်တွေလုပ်ရင်ကြိုးစားနေတဲ့ သရုပ်ဆောင် တိုင်ရွန်

မိသားစုအတွက်ပဲ အနုပညာအလုပ်တွေလုပ်ရင်ကြိုးစားနေတဲ့ သရုပ်ဆောင် တိုင်ရွန်

သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတာ သိပ်မကြာခင်ကာလအတွင်းမှာပဲ ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးတာကို ရလာခဲ့တဲ့ သရုပ်ဆောင် တိုင်ရွန် ကတော့ မိသားစုအတွက် အနုပညာ အလုပ်တွေကို လုပ်နေရင်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“တစ်လကို ဘယ်လောက်ရ ရမယ်ဆိုပြီးတော့ သတ်မှတ်ပြီးတော့ ပိုက်ဆံစုတယ်၊ ရသမျှအလုပ်တွေ ကျွန်တော်နဲ့ အဆင်ပြေတဲ့အလုပ်တွေ အကုန်လုပ်တယ်၊ ပိုက်ဆံစုတယ်၊ Target ကတော့ မိသားစု အတွက်ပါပဲ၊ အခုတော့ ပြည့်သွားတယ်ဆိုတော့ နည်းနည်းလောဘနည်းသွားတယ်၊ ကျွန်တော်တို့က အိမ်ပိုင်မနေခဲ့ရဘူး၊ ဘယ်မှာပဲစားရစားရလေ၊ ကိုယ့်မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေသွားဖို့ ရှိတယ်၊ ခြံလေးလုပ်ပေးချင်တယ်၊ အဖေက သစ်ပင်စိုက်တာဝါသနာပါတော့၊ ရန်ကုန်တက်လာကတည်းက ဒီလိုပဲ ကားလိုချင်တယ်၊ အိမ်လိုချင်တယ်၊ အခုလည်း အဲ့လိုပြည့်သွားတယ်၊ တော်တော်လေး ကြိုးစားနေ ရတယ်လေ၊ စားတာ သောက်တာကအစ ချွေတာပါတယ်၊ အရမ်းခြိုးခြံချွေတာ တာရယ် လို့တော့မဟုတ်ဘူး၊ အပြင်သိပ်မထွက်ဘူး၊ အပိုသိပ်မသုံးဖြစ်ဘူး၊ ရတဲ့ပိုက်ဆံမှန်သမျှ အမေကိုပဲပေး တယ်၊ လိုရင်ပြန်တောင်းသုံးတယ်၊ ကျွန်တော်တို့က မောင်နှစ်မသုံးယောက်ရှိတယ်၊ အဖေနဲ့အမေ အတွက်ပဲ ဦးနှောက်ထဲက စဉ်းစားကြတယ်၊ အမြဲလည်း မောင်နှစ်မတွေ တိုင်ပင်တယ်၊ အခုလည်း တိုင်ပင်ဖြစ်တယ်”လို့ သရုပ်ဆောင် တိုင်ရွန်က ရှင်းပြပါတယ်။

ပရိသတ်တွေရဲ့ ဝေဖန်တာတွေ အကြံပြုတာတွေကိုလည်း အမြဲနားထောင်နေသူတစ်ဦးဖြစ်သလို ပရိသတ် မကြိုက်တဲ့ အချက်တွေကို ဆင်ခြင်နေထိုင်ပြီး အလုပ်တွေကြိုးစားနေတယ်လို့ ဆိုပါတယ်။ “တစ်ချို့ကျ တော့လည်း အကူအညီတောင်းတာလေးတွေကို ရိုက်ပေးဖြစ်ပါတယ်၊ အနုပညာကြေး ဆိုတာထက် ကိုယ့်ကို အကူအညီတောင်းရင် ရိုက်ပေးဖြစ်တာတွေရှိပါတယ်၊ အလုပ်တွေကို ပိုပြီးတော့လုပ်ဖြစ်တယ်၊ အနုပညာ လောက ကတော့ ဝေဖန်တာတွေ ရှိပါတယ်၊ ကိုယ့်ကိုနှစ်သက် တဲ့သူရှိသလို မနှစ်သက်တဲ့ သူတွေလည်းရှိတာပါပဲ၊ တစ်ချို့ ကျတော့လည်း ကောလာဟလတွေပြော ဆိုတာတွေ တိုက်ခိုက်လာတာတွေရှိတာပေါ့၊ အရင်တုန်းကတော့ ဖြေရှင်းလိုက်ရမှ၊ အခုနောက်ပိုင်းတော့ မသိချင်ယောင်ဆောင် နေလိုက်တယ်၊ မဖြေရှင်းတော့ဘူး၊ အဲ့ဒီလို လုပ်တော့ နေရထိုင်ရတာ ပိုပြီးတော့ ပေါ့ပါးလာတယ်”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။ လက်ရှိမှာ ရုပ်ရှင် ဇာတ်ကား ကြီးတွေကို ရိုက်ကူးနေ ရသလို ဆံပင်ပုံစံနဲ့ပတ်သက်ပြီးတော့လည်း ဇာတ်ကားထဲက ဇာတ်ကောင် ကာရိုက်တာနဲ့ လိုက်ဖက်အောင် ပြင်ဆင်တာတွေကို လုပ်ရမှာဖြစ်တဲ့အတွက် ယခုလို ဆံပင် အတို ပုံစံမျိုးပဲ ထားဖြစ်တယ်လို့ သိရပါတယ်။ သူရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း အများအပြား ရှိနေသလို ရုံတင်မယ့် ဇာတ်ကားတွေလည်း ရှိနေတာကြောင့် သူပါဝင်တဲ့ဇာတ်ကားတွေများစွာကို သူ့ရဲ့ချစ်ပရိသတ်တွေအနေနဲ့ ယခု ၂၀၁၉ ခုနှစ်ထဲမှာ အများကြီး ကြည့်ရှုရဦးမယ်လို့ သိရပါတယ်။

(မင်းခေတ်လင်း)
ရန်ကုန်၊ သြဂုတ် ၃

(  Zawgyi )

 သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္လာတာ သိပ္မၾကာခင္ကာလအတြင္းမွာပဲ ပရိသတ္ေတြရဲ႕ အသိအမွတ္ျပဳအားေပးတာကို ရလာခဲ့တဲ့ သ႐ုပ္ေဆာင္ တိုင္႐ြန္ ကေတာ့ မိသားစုအတြက္ အႏုပညာ အလုပ္ေတြကို လုပ္ေနရင္း ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

“တစ္လကို ဘယ္ေလာက္ရ ရမယ္ဆိုၿပီးေတာ့ သတ္မွတ္ၿပီးေတာ့ ပိုက္ဆံစုတယ္၊ ရသမွ်အလုပ္ေတြ ကြၽန္ေတာ္နဲ႔ အဆင္ေျပတဲ့အလုပ္ေတြ အကုန္လုပ္တယ္၊ ပိုက္ဆံစုတယ္၊ Target ကေတာ့ မိသားစု အတြက္ပါပဲ၊ အခုေတာ့ ျပည့္သြားတယ္ဆိုေတာ့ နည္းနည္းေလာဘနည္းသြားတယ္၊ ကြၽန္ေတာ္တို႔က အိမ္ပိုင္မေနခဲ့ရဘူး၊ ဘယ္မွာပဲစားရစားရေလ၊ ကိုယ့္မိသားစုနဲ႔ သိုက္သိုက္ဝန္းဝန္းေနသြားဖို႔ ရွိတယ္၊ ၿခံေလးလုပ္ေပးခ်င္တယ္၊ အေဖက သစ္ပင္စိုက္တာဝါသနာပါေတာ့၊ ရန္ကုန္တက္လာကတည္းက ဒီလိုပဲ ကားလိုခ်င္တယ္၊ အိမ္လိုခ်င္တယ္၊ အခုလည္း အဲ့လိုျပည့္သြားတယ္၊ ေတာ္ေတာ္ေလး ႀကိဳးစားေန ရတယ္ေလ၊ စားတာ ေသာက္တာကအစ ေခြၽတာပါတယ္၊ အရမ္းၿခိဳးၿခံေခြၽတာ တာရယ္ လို႔ေတာ့မဟုတ္ဘူး၊ အျပင္သိပ္မထြက္ဘူး၊ အပိုသိပ္မသုံးျဖစ္ဘူး၊ ရတဲ့ပိုက္ဆံမွန္သမွ် အေမကိုပဲေပး တယ္၊ လိုရင္ျပန္ေတာင္းသုံးတယ္၊ ကြၽန္ေတာ္တို႔က ေမာင္ႏွစ္မသုံးေယာက္ရွိတယ္၊ အေဖနဲ႔အေမ အတြက္ပဲ ဦးေႏွာက္ထဲက စဥ္းစားၾကတယ္၊ အၿမဲလည္း ေမာင္ႏွစ္မေတြ တိုင္ပင္တယ္၊ အခုလည္း တိုင္ပင္ျဖစ္တယ္”လို႔ သ႐ုပ္ေဆာင္ တိုင္႐ြန္က ရွင္းျပပါတယ္။

ပရိသတ္ေတြရဲ႕ ေဝဖန္တာေတြ အႀကံျပဳတာေတြကိုလည္း အၿမဲနားေထာင္ေနသူတစ္ဦးျဖစ္သလို ပရိသတ္ မႀကိဳက္တဲ့ အခ်က္ေတြကို ဆင္ျခင္ေနထိုင္ၿပီး အလုပ္ေတြႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ “တစ္ခ်ိဳ႕က် ေတာ့လည္း အကူအညီေတာင္းတာေလးေတြကို ႐ိုက္ေပးျဖစ္ပါတယ္၊ အႏုပညာေၾကး ဆိုတာထက္ ကိုယ့္ကို အကူအညီေတာင္းရင္ ႐ိုက္ေပးျဖစ္တာေတြရွိပါတယ္၊ အလုပ္ေတြကို ပိုၿပီးေတာ့လုပ္ျဖစ္တယ္၊ အႏုပညာ ေလာက ကေတာ့ ေဝဖန္တာေတြ ရွိပါတယ္၊ ကိုယ့္ကိုႏွစ္သက္ တဲ့သူရွိသလို မႏွစ္သက္တဲ့ သူေတြလည္းရွိတာပါပဲ၊ တစ္ခ်ိဳ႕ က်ေတာ့လည္း ေကာလာဟလေတြေျပာ ဆိုတာေတြ တိုက္ခိုက္လာတာေတြရွိတာေပါ့၊ အရင္တုန္းကေတာ့ ေျဖရွင္းလိုက္ရမွ၊ အခုေနာက္ပိုင္းေတာ့ မသိခ်င္ေယာင္ေဆာင္ ေနလိုက္တယ္၊ မေျဖရွင္းေတာ့ဘူး၊ အဲ့ဒီလို လုပ္ေတာ့ ေနရထိုင္ရတာ ပိုၿပီးေတာ့ ေပါ့ပါးလာတယ္”လို႔ သ႐ုပ္ေဆာင္ တိုင္႐ြန္က ေျပာပါတယ္။ လက္ရွိမွာ ႐ုပ္ရွင္ ဇာတ္ကား ႀကီးေတြကို ႐ိုက္ကူးေန ရသလို ဆံပင္ပုံစံနဲ႔ပတ္သက္ၿပီးေတာ့လည္း ဇာတ္ကားထဲက ဇာတ္ေကာင္ ကာ႐ိုက္တာနဲ႔ လိုက္ဖက္ေအာင္ ျပင္ဆင္တာေတြကို လုပ္ရမွာျဖစ္တဲ့အတြက္ ယခုလို ဆံပင္ အတို ပုံစံမ်ိဳးပဲ ထားျဖစ္တယ္လို႔ သိရပါတယ္။ သူ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြလည္း အမ်ားအျပား ရွိေနသလို ႐ုံတင္မယ့္ ဇာတ္ကားေတြလည္း ရွိေနတာေၾကာင့္ သူပါဝင္တဲ့ဇာတ္ကားေတြမ်ားစြာကို သူ႔ရဲ႕ခ်စ္ပရိသတ္ေတြအေနနဲ႔ ယခု ၂၀၁၉ ခုႏွစ္ထဲမွာ အမ်ားႀကီး ၾကည့္ရႈရဦးမယ္လို႔ သိရပါတယ္။

(မင္းေခတ္လင္း)
ရန္ကုန္၊ ၾသဂုတ္ ၃