မိုင်လေးဆိုင်းရပ်စ် ရဲ့ လျှပ်ပေါ်လော်လီမှုတွေကို စိတ်ပျက်နေတဲ့ ခင်ပွန်းသည် Liam Hemsworth

မိုင်လေးဆိုင်းရပ်စ် ရဲ့ လျှပ်ပေါ်လော်လီမှုတွေကို စိတ်ပျက်နေတဲ့ ခင်ပွန်းသည် Liam Hemsworth

မိုင်လေးဆိုင်းရပ်စ် ရဲ့ လျှပ်ပေါ်လော်လီတဲ့ လုပ်ရပ်တွေကို ခင်ပွန်းသည် Liam Hemsworth တစ်ယောက် စိတ်အပျက်ကြီး ပျက်နေတယ်လို့ သတင်းထွက်လာပါတယ်။

ဒီအတွက် သူတို့အိမ်ထောင်ရေးအခြေအနေ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့တောင် ပြောတဲ့သတင်းတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့လ ဗြိတိန်မှာလုပ်တဲ့ Glastonbury Music Festival မှာ မိုင်လေးဆိုင်းရပ်စ် က အင်္ကျီအပေါ်ပိုင်း ဖော်ချွတ်ခဲ့ပြီး၊ ညှို့ကွက်တွေ ထွင်ခဲ့လို့ Hemsworth စိတ်ကုန်ခဲ့ရပြီး၊ မိုင်လေး ဟာ အရင်ပုံစံအတိုင်း ထိန်းမနိုင်သိမ်းမရ ပြန်ဖြစ်မှာကို စိုးရိမ်ခဲ့ရတာပါ။

‘မိုင်လေး ဒီလိုပုံစံဖြစ်နေပြီဆိုရင် Hemsworth က သူ့နားမနေချင်ဘူး’ လို့လည်း သတင်းတစ်ခုက ပြောပါတယ်။

Hemsworth အဓိကစိုးရိမ်တာက မိုင်လေး အရင်ကလို ပေပေတေတေ ပြန်ဖြစ်မှာကို စိုးရိမ်တာပါ။သူတို့နှစ်ယောက် ကွဲမယ်ကွာမယ်လို့ အသံထွက်တာတော့ ဒီတစ်ကြိမ် ပထမဆုံးမဟုတ်ပါဘူး။ပြီးခဲ့တဲ့လကလည်း Malibu မှာ ပါတီလုပ်ရင်းက ရန်ထဖြစ်လို့ ကွဲရှင်းမယ့်သတင်း ထွက်ခဲ့ပါသေးတယ်။Met Gala ပွဲတုန်းကလည်း မိုင်လေး ရဲ့ ခပ်ကြမ်းကြမ်းဖျော်ဖြေမှုတွေကြောင့် သူပေါက်ကွဲခဲ့ရပါတယ်။တချို့သတင်းတွေမှာတော့ အနုပညာစင်မြင့်မှာ မိုင်လေး ဘာပဲလုပ်လုပ်၊ Hemsworth နဲ့ အိမ်ထောင်ရေး ပြဿနာတက်တယ်ဆိုတဲ့သတင်း မမှန်ဘူးလို့ ဆိုပါတယ်။

မိုင်လေး နဲ့ Hemsworth လက်တွဲလာတာ ဆယ်စုနှစ်ရှိနေပြီး၊ ဒီဇင်ဘာလတုန်းက လက်ထပ်ခဲ့တာပါ။ပရိသတ်တချို့ကလည်း ‘Hemsworth လိုလူက သူသဘောမကျတဲ့ စရိုက်မျိုးရှိတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်မှာ မဟုတ်ပါဘူး။မိုင်လေး ဘာပဲဖြစ်နေဖြစ်နေ သူချစ်ပြီးသားပါ’ လို့ အားပေးကြပါတယ်။

ရည်မွန်
Ref : Latin Times
နယူးယောက်၊ ဇူလိုင် - ၃၀

( Zawgyi )

မိုင္ေလးဆိုင္းရပ္စ္ ရဲ႕ လွ်ပ္ေပၚေလာ္လီတဲ့ လုပ္ရပ္ေတြကို ခင္ပြန္းသည္ Liam Hemsworth တစ္ေယာက္ စိတ္အပ်က္ႀကီး ပ်က္ေနတယ္လို႔ သတင္းထြက္လာပါတယ္။

ဒီအတြက္ သူတို႔အိမ္ေထာင္ေရးအေျခအေန စိုးရိမ္ရတဲ့ အေျခအေနရွိတယ္လို႔ေတာင္ ေျပာတဲ့သတင္းေတြလည္း ရွိပါတယ္။

ၿပီးခဲ့တဲ့လ ၿဗိတိန္မွာလုပ္တဲ့ Glastonbury Music Festival မွာ မိုင္ေလးဆိုင္းရပ္စ္ က အက်ႌအေပၚပိုင္း ေဖာ္ခြၽတ္ခဲ့ၿပီး၊ ညႇိဳ႕ကြက္ေတြ ထြင္ခဲ့လို႔ Hemsworth စိတ္ကုန္ခဲ့ရၿပီး၊ မိုင္ေလး ဟာ အရင္ပုံစံအတိုင္း ထိန္းမႏိုင္သိမ္းမရ ျပန္ျဖစ္မွာကို စိုးရိမ္ခဲ့ရတာပါ။

‘မိုင္ေလး ဒီလိုပုံစံျဖစ္ေနၿပီဆိုရင္ Hemsworth က သူ႔နားမေနခ်င္ဘူး’ လို႔လည္း သတင္းတစ္ခုက ေျပာပါတယ္။

Hemsworth အဓိကစိုးရိမ္တာက မိုင္ေလး အရင္ကလို ေပေပေတေတ ျပန္ျဖစ္မွာကို စိုးရိမ္တာပါ။သူတို႔ႏွစ္ေယာက္ ကြဲမယ္ကြာမယ္လို႔ အသံထြက္တာေတာ့ ဒီတစ္ႀကိမ္ ပထမဆုံးမဟုတ္ပါဘူး။ၿပီးခဲ့တဲ့လကလည္း Malibu မွာ ပါတီလုပ္ရင္းက ရန္ထျဖစ္လို႔ ကြဲရွင္းမယ့္သတင္း ထြက္ခဲ့ပါေသးတယ္။Met Gala ပြဲတုန္းကလည္း မိုင္ေလး ရဲ႕ ခပ္ၾကမ္းၾကမ္းေဖ်ာ္ေျဖမႈေတြေၾကာင့္ သူေပါက္ကြဲခဲ့ရပါတယ္။တခ်ိဳ႕သတင္းေတြမွာေတာ့ အႏုပညာစင္ျမင့္မွာ မိုင္ေလး ဘာပဲလုပ္လုပ္၊ Hemsworth နဲ႔ အိမ္ေထာင္ေရး ျပႆနာတက္တယ္ဆိုတဲ့သတင္း မမွန္ဘူးလို႔ ဆိုပါတယ္။

မိုင္ေလး နဲ႔ Hemsworth လက္တြဲလာတာ ဆယ္စုႏွစ္ရွိေနၿပီး၊ ဒီဇင္ဘာလတုန္းက လက္ထပ္ခဲ့တာပါ။ပရိသတ္တခ်ိဳ႕ကလည္း ‘Hemsworth လိုလူက သူသေဘာမက်တဲ့ စ႐ိုက္မ်ိဳးရွိတဲ့ မိန္းမတစ္ေယာက္ကို လက္ထပ္မွာ မဟုတ္ပါဘူး။မိုင္ေလး ဘာပဲျဖစ္ေနျဖစ္ေန သူခ်စ္ၿပီးသားပါ’ လို႔ အားေပးၾကပါတယ္။

ရည္မြန္
Ref : Latin Times
နယူးေယာက္၊ ဇူလိုင္ - ၃၀