မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ဒေါ်လာ ၂.၇၈ သန်း လျော်ကြေးပေးဆောင်ရမယ့် ကေတီပယ်ရီအမှု

မူပိုင်ခွင့်ချိုးဖောက်မှုနဲ့  ဒေါ်လာ ၂.၇၈ သန်း လျော်ကြေးပေးဆောင်ရမယ့် ကေတီပယ်ရီအမှု  

ကေတီပယ်ရီရဲ့အောင်မြင်ကျော်ကြားဆုံးသီချင်းတစ်ပုဒ်ထဲပါတဲ့ Dark Horse သီချင်းဟာ မူပိုင်ခွင့်ချိုးဖောက်ခဲ့လို့ ကန်ဒေါ်လာ ၂ဒသမ ၇၈ သန်း နစ်နာကြေးပေးဖို့ ဂျူရီတရားသူကြီးအဖွဲ့က အခုလ ၁ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

၂၀၁၃ခုနှစ်မှာထွက်တဲ့  Dark Horse သီချင်းဟာ ရက်ပ်အဆိုတော် Flame (Marcus Gray)ရဲ့ ၂၀၀၉ ခုနှစ်ခရစ်ယာန်ဘုရားသီချင်း Joyful Noiseထဲက သံစဉ်တချို့ကို ကူးယူမှုနဲ့ Grayက တရားစွဲခဲ့တာဖြစ်ပါတယ်။

၅ နှစ်ကြာတရားရင်ဆိုင်ခဲ့ပြီးနောက်မှာ သူ့အတွက်တရားမျှတမှုရခဲ့ပြီလို့လည်း သူကဆိုပါတယ်။ Grayဟာ ငွေကြေးရလိုမှုနဲ့ ကေတီကိုတရားစွဲတာမဟုတ်ဘဲ တရားမျှတမှုအတွက် သူဒီလိုလုပ်ခဲ့ ရတာလို့လည်း ပြောပါတယ်။ Joyful Noiseအဆိုတော် Grayနဲ့ တေးရေးဆရာ ၂ ယောက်က မူလလျော်ကြေး ဒေါ်လာသန်း ၂၀ နီးပါးသတ်မှတ်ထားပေမဲ့ အခုရတဲ့လျော်ကြေးအပေါ်မှာလည်း သူတို့စိတ်ကျေနပ်မှုရှိတယ်လို့ ပြောပါတယ်။ တရားလိုရှေ့နေတွေက ‘သူတို့အမှုသည်တွေက တစ်ဖက် သားကို ပြစ်ဒဏ် ပေးဖို့တရားစွဲတာ မဟုတ်ပါဘူး။ တရားမျှတမှုကို ရှာဖွေတာပါ’လို့  ပြောပါ တယ်။

Dark Horseသီချင်းဟာ ၂၀၁၄ခုနှစ်အစောပိုင်းက Billboard နံပါတ်တစ်နေရာအထိ ၄ ပတ်ကြာအောင်မြင်မှု ရခဲ့သလို၊ Super Bowl ပွဲမှာ ကေတီရဲ့အကောင်းဆုံးဖျော်ဖြေ တင်ဆက်မှုနဲ့ အတူ ပရိသတ်တစ်ခဲနက်အားပေးမှုရတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

တရားရုံးချမှတ်တဲ့ လျော်ကြေးငွေ ၂.၇၈ သန်းပေးဆောင်ရမယ့်နေရာမှာ တေးသံရှင်ဖြစ်တဲ့ကေတီက ဒေါ်လာ ၅၅၀,၂၀၀နဲ့  Capital Recordsထုတ်လုပ်ရေးက ၁.၂ သန်း Grayကို နစ်နာကြေးပေးရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ပမာဏကိုတော့ Producerတွေ ပေးဆောင်ရမှာပါ။

ကေတီပယ်ရီရဲ့ရှေ့နေကတော့ တရားရုံးဆုံးဖြတ်ချက်ကို ချေပဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရည်မွန်
Ref: macon
နယူးယောက်၊ သြဂုတ် ၂

(  Zawgyi  )

 ေကတီပယ္ရီရဲ႕ေအာင္ျမင္ေက်ာ္ၾကားဆုံးသီခ်င္းတစ္ပုဒ္ထဲပါတဲ့ Dark Horse သီခ်င္းဟာ မူပိုင္ခြင့္ခ်ိဳးေဖာက္ခဲ့လို႔ ကန္ေဒၚလာ ၂ဒသမ ၇၈ သန္း နစ္နာေၾကးေပးဖို႔ ဂ်ဴရီတရားသူႀကီးအဖြဲ႕က အခုလ ၁ ရက္ေန႔မွာ အမိန႔္ခ်မွတ္လိုက္ပါတယ္။

၂၀၁၃ခုႏွစ္မွာထြက္တဲ့  Dark Horse သီခ်င္းဟာ ရက္ပ္အဆိုေတာ္ Flame (Marcus Gray)ရဲ႕ ၂၀၀၉ ခုႏွစ္ခရစ္ယာန္ဘုရားသီခ်င္း Joyful Noiseထဲက သံစဥ္တခ်ိဳ႕ကို ကူးယူမႈနဲ႔ Grayက တရားစြဲခဲ့တာျဖစ္ပါတယ္။

၅ ႏွစ္ၾကာတရားရင္ဆိုင္ခဲ့ၿပီးေနာက္မွာ သူ႔အတြက္တရားမွ်တမႈရခဲ့ၿပီလို႔လည္း သူကဆိုပါတယ္။ Grayဟာ ေငြေၾကးရလိုမႈနဲ႔ ေကတီကိုတရားစြဲတာမဟုတ္ဘဲ တရားမွ်တမႈအတြက္ သူဒီလိုလုပ္ခဲ့ ရတာလို႔လည္း ေျပာပါတယ္။ Joyful Noiseအဆိုေတာ္ Grayနဲ႔ ေတးေရးဆရာ ၂ ေယာက္က မူလေလ်ာ္ေၾကး ေဒၚလာသန္း ၂၀ နီးပါးသတ္မွတ္ထားေပမဲ့ အခုရတဲ့ေလ်ာ္ေၾကးအေပၚမွာလည္း သူတို႔စိတ္ေက်နပ္မႈရွိတယ္လို႔ ေျပာပါတယ္။ တရားလိုေရွ႕ေနေတြက ‘သူတို႔အမႈသည္ေတြက တစ္ဖက္ သားကို ျပစ္ဒဏ္ ေပးဖို႔တရားစြဲတာ မဟုတ္ပါဘူး။ တရားမွ်တမႈကို ရွာေဖြတာပါ’လို႔  ေျပာပါ တယ္။

Dark Horseသီခ်င္းဟာ ၂၀၁၄ခုႏွစ္အေစာပိုင္းက Billboard နံပါတ္တစ္ေနရာအထိ ၄ ပတ္ၾကာေအာင္ျမင္မႈ ရခဲ့သလို၊ Super Bowl ပြဲမွာ ေကတီရဲ႕အေကာင္းဆုံးေဖ်ာ္ေျဖ တင္ဆက္မႈနဲ႔ အတူ ပရိသတ္တစ္ခဲနက္အားေပးမႈရတဲ့ သီခ်င္းေကာင္းတစ္ပုဒ္ ျဖစ္ပါတယ္။

တရား႐ုံးခ်မွတ္တဲ့ ေလ်ာ္ေၾကးေငြ ၂.၇၈ သန္းေပးေဆာင္ရမယ့္ေနရာမွာ ေတးသံရွင္ျဖစ္တဲ့ေကတီက ေဒၚလာ ၅၅၀,၂၀၀နဲ႔  Capital Recordsထုတ္လုပ္ေရးက ၁.၂ သန္း Grayကို နစ္နာေၾကးေပးရမွာ ျဖစ္ပါတယ္။ က်န္တဲ့ပမာဏကိုေတာ့ Producerေတြ ေပးေဆာင္ရမွာပါ။

ေကတီပယ္ရီရဲ႕ေရွ႕ေနကေတာ့ တရား႐ုံးဆုံးျဖတ္ခ်က္ကို ေခ်ပဖို႔စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

ရည္မြန္
Ref: macon
နယူးေယာက္၊ ၾသဂုတ္ ၂