မေတ္တာတရားနဲ့ အားလုံးငြိမ်းချမ်းစေချင်တယ်လို့ဝါရင့်အနုပညာရှင် ချိုပြုံးက ပြောကြား

မေတ္တာတရားနဲ့ အားလုံးငြိမ်းချမ်းစေချင်တယ်လို့ဝါရင့်အနုပညာရှင် ချိုပြုံးက ပြောကြား

 

ရုပ်ရှင်နဲ့ ဂီတ လောကမှာ နာမည်ကျော်ကြားခဲ့ပြီး ပရိသတ်အခိုင်အမာရရှိကာ ယခုအချိန်အထိ အောင်မြင်နေဆဲဖြစ်တဲ့ ဝါရင့်အနုပညာရှင် ချိုပြုံးက မေတ္တာတရားနဲ့ အားလုံးကို ငြိမ်းချမ်းစေချင်တယ်လို့ ဒီကနေ့(နိုဝင်ဘာ ၁၇)ရက်မှာ ကျရောက်တဲ့ သူ့မွေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ပရိသတ်တွေက ချစ်စနိုးနဲ့ အမေချိုလို့ ခေါ်ကြတဲ့ ဝါရင့်အနုပညာရှင် ချိုပြုံးဟာ အခုဆိုရင် အသက် ၇၂ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပြီး ဒီကနေ့မနက်မှာ ရွှေတိဂုံစေတီတော်သို့လာရောက်ဖူးမြော်ပြီး ဆီမီး၊ ရေချမ်း၊ ပန်း ဆက်ကပ် လှူဒါန်းတာတွေ၊ စေတီတော်သို့ လာရောက်ရာ လမ်းတစ်လျှောက်မှာ တွေ့တွေ့ သမျှသူတွေကိုလည်း ငွေလှူတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ “အမေချိုတို့က သေဖို့နီးလာပြီလေ တစ်ရက်ထက်တစ်ရက် နီးလာတာပေါ့၊ ကိုယ်သေရင် ဘာပါသွားမလဲ တွေးတာပေ့ါ၊ အမေချိုက မွေးနေ့မှ အထူးတလည် ဘုရားလာတာမဟုတ်ပါဘူး၊ အားတဲ့နေ့တိုင်းလာပါတယ်၊ ဒါပေမဲ့ ဒီနေ့ကတော့အထူးပေါ့၊ ကိုယ်ဘာလုပ်ခဲ့သလဲ ကိုယ်လုပ်ခဲ့တဲ့အလုပ်က အကောင်းဘက်များလား၊ အဆိုးဘက်များလားကို စဉ်းစားတယ်၊ ကောင်းတဲ့စိတ်တွေ ထပ်ပြီး မွေးမြူဖို့အတွက်လည်း ဘုရားမှာလာပြီးခံယူတယ်၊ သင်္ကန်းတွေကိုလည်း အခုလို ပံ့သကူလှူဖို့ စီစဉ်ထားတယ်၊ အိမ်မှာဆွမ်းမီချင်လို့ အခုလို အပြေးအလွှားဘုရားလာပြီး လှူတာဖြစ်ပါတယ်”လို့ ဝါရင့် အနုပညာရှင် ချိုပြုံးက ပြောပါတယ်။

သရုပ်ဆောင်ဘက်တွင်သာမကဘဲ ဂီတလောကမှာလည်း အောင်မြင်မှုရနေခဲ့တဲ့ ဝါရင့်အနုပညာရှင် ချိုပြုံးဟာ အသက် ၆၀ မတိုင်ခင်လောက်က မွေးနေ့ပွဲတွေကို ကျင်းပခဲ့ရာမှာ အပျော်များနဲ့ ကျင်းပလာခဲ့တာဖြစ်ကြောင်း၊ အခုနောက်ပိုင်းမှာတော့ အခုလိုကုသိုလ်စိတ်တွေနဲ့သာ အကျိုးရှိရှိ ဖြတ်သန်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း သူ့အနေနဲ့ “လူအချင်းချင်း မေတ္တာထားနိုင်ပါစေလို့ မနက်မိုးလင်းတိုင်း ဆုတောင်းပါတယ်၊ အကုန်လုံးမေတ္တာထားရင်းနဲ့ ငြိမ်းချမ်းပါစေလို့ အမေချိုက ဆုမွန်ကောင်းတောင်းပါတယ်၊ အားလုံးလည်း အေးချမ်းကြပါစေ”လို့ သူ့မွေးနေ့မှာ ဆုတောင်းစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၈

 

(  Zawgyi )

 

႐ုပ္ရွင္နဲ႔ ဂီတ ေလာကမွာ နာမည္ေက်ာ္ၾကားခဲ့ၿပီး ပရိသတ္အခိုင္အမာရရွိကာ ယခုအခ်ိန္အထိ ေအာင္ျမင္ေနဆဲျဖစ္တဲ့ ဝါရင့္အႏုပညာရွင္ ခ်ိဳၿပဳံးက ေမတၱာတရားနဲ႔ အားလုံးကို ၿငိမ္းခ်မ္းေစခ်င္တယ္လို႔ ဒီကေန႔(ႏိုဝင္ဘာ ၁၇)ရက္မွာ က်ေရာက္တဲ့ သူ႔ေမြးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ အေမခ်ိဳလို႔ ေခၚၾကတဲ့ ဝါရင့္အႏုပညာရွင္ ခ်ိဳၿပဳံးဟာ အခုဆိုရင္ အသက္ ၇၂ ႏွစ္ ျပည့္ခဲ့ၿပီ ျဖစ္ၿပီး ဒီကေန႔မနက္မွာ ေ႐ႊတိဂုံေစတီေတာ္သို႔လာေရာက္ဖူးေျမာ္ၿပီး ဆီမီး၊ ေရခ်မ္း၊ ပန္း ဆက္ကပ္ လႉဒါန္းတာေတြ၊ ေစတီေတာ္သို႔ လာေရာက္ရာ လမ္းတစ္ေလွ်ာက္မွာ ေတြ႕ေတြ႕ သမွ်သူေတြကိုလည္း ေငြလႉတာေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ “အေမခ်ိဳတို႔က ေသဖို႔နီးလာၿပီေလ တစ္ရက္ထက္တစ္ရက္ နီးလာတာေပါ့၊ ကိုယ္ေသရင္ ဘာပါသြားမလဲ ေတြးတာေပ့ါ၊ အေမခ်ိဳက ေမြးေန႔မွ အထူးတလည္ ဘုရားလာတာမဟုတ္ပါဘူး၊ အားတဲ့ေန႔တိုင္းလာပါတယ္၊ ဒါေပမဲ့ ဒီေန႔ကေတာ့အထူးေပါ့၊ ကိုယ္ဘာလုပ္ခဲ့သလဲ ကိုယ္လုပ္ခဲ့တဲ့အလုပ္က အေကာင္းဘက္မ်ားလား၊ အဆိုးဘက္မ်ားလားကို စဥ္းစားတယ္၊ ေကာင္းတဲ့စိတ္ေတြ ထပ္ၿပီး ေမြးျမဴဖို႔အတြက္လည္း ဘုရားမွာလာၿပီးခံယူတယ္၊ သကၤန္းေတြကိုလည္း အခုလို ပံ့သကူလႉဖို႔ စီစဥ္ထားတယ္၊ အိမ္မွာဆြမ္းမီခ်င္လို႔ အခုလို အေျပးအလႊားဘုရားလာၿပီး လႉတာျဖစ္ပါတယ္”လို႔ ဝါရင့္ အႏုပညာရွင္ ခ်ိဳၿပဳံးက ေျပာပါတယ္။

သ႐ုပ္ေဆာင္ဘက္တြင္သာမကဘဲ ဂီတေလာကမွာလည္း ေအာင္ျမင္မႈရေနခဲ့တဲ့ ဝါရင့္အႏုပညာရွင္ ခ်ိဳၿပဳံးဟာ အသက္ ၆၀ မတိုင္ခင္ေလာက္က ေမြးေန႔ပြဲေတြကို က်င္းပခဲ့ရာမွာ အေပ်ာ္မ်ားနဲ႔ က်င္းပလာခဲ့တာျဖစ္ေၾကာင္း၊ အခုေနာက္ပိုင္းမွာေတာ့ အခုလိုကုသိုလ္စိတ္ေတြနဲ႔သာ အက်ိဳးရွိရွိ ျဖတ္သန္းလာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ဆက္လက္ၿပီးေတာ့လည္း သူ႔အေနနဲ႔ “လူအခ်င္းခ်င္း ေမတၱာထားႏိုင္ပါေစလို႔ မနက္မိုးလင္းတိုင္း ဆုေတာင္းပါတယ္၊ အကုန္လုံးေမတၱာထားရင္းနဲ႔ ၿငိမ္းခ်မ္းပါေစလို႔ အေမခ်ိဳက ဆုမြန္ေကာင္းေတာင္းပါတယ္၊ အားလုံးလည္း ေအးခ်မ္းၾကပါေစ”လို႔ သူ႔ေမြးေန႔မွာ ဆုေတာင္းစကား ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၁၈