မြန်မာဝတ်စုံက အမျိုးသမီးတိုင်းအတွက် ကြည့်ရတာ ပိုကောင်းတယ်လို့ သရုပ်ဆောင် အေးမြတ်သူ ပြောကြား

မြန်မာဝတ်စုံက အမျိုးသမီးတိုင်းအတွက် ကြည့်ရတာ ပိုကောင်းတယ်လို့ သရုပ်ဆောင် အေးမြတ်သူ ပြောကြား

မြန်မာဝတ်စုံတွေဟာ အမျိုးသမီးတွေအနေနဲ့ ပိုသင့်တော်ပြီး ကြည့်ရတာ ပိုကောင်းတဲ့ အနေအထားမျိုးကို တွေ့ရတယ်လို့ သရုပ်ဆောင် အေးမြတ်သူ က ပြောပါတယ်။

“မြန်မာဝတ်စုံက အမျိုးသမီးတိုင်းနဲ့လှတယ်၊ တစ်ချို့ လက်မောင်းကြီးတဲ့ အမျိုးသမီးဆိုရင်တော့ လက်ပြတ်ရှာပေါ့၊ လက်အဖောင်းကလေးတွေပဲဖြစ်ဖြစ်၊ အတွန့်လေးထည့်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်၊ ခါးရှည်တဲ့သူ ကျတော့ ခါးတိုဝတ်လို့ မလိုက်ဖက်ဘူး၊ သူ့ဟာနဲ့သူတော့ ပုံစံမျိုးစုံရှိပါတယ်၊ ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားပေါ် မူတည်ပြီး ဘယ်နေရာလေးတော့ ဘယ်လိုလေးပြင်ဝတ်မယ်လို့ စဉ်းစားပြီး ဝတ်ဆင်ရင် အဆင်ပြေမှာပါ၊ မြန်မာဝတ်စုံက အမျိုးသမီးတိုင်းအတွက် လှပါတယ်၊ လုံလည်းလုံခြုံတယ်၊ ကြည့်ရတာလည်း အဆင်ပြေတယ်၊ အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှု စိတ်ပဲ၊ ငါကတော့ လက်မောင်းကြီးလို့ မလှဘူးလို့ အဲ့လိုမထင်စေချင်ဘူး၊ မလှတာကို လှအောင် ဘယ်လိုလေးပြင်ဝတ်မလဲပေါ့၊ ပြန်ပြင်ဝတ်လိုက်ရင် လှပါတယ်၊ လိုက်ဖက်အောင် အင်္ကျ ီလက်ကလေးကို ပြင်ဝတ်ရင်လည်း အဆင်ပြေမှာပါ၊ အဲ့ဒီအတွက် ကိုယ်စိတ်ညစ်စရာ လည်း မလိုဘူး၊ မသိမ်ငယ်ပါနဲ့ အားမငယ်ပါနဲ့” လို့ သူက ပြောပါတယ်။

သရုပ်ဆောင် အေးမြတ်သူ ဟာ သူ့ရဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းနဲ့ သွက်သွက်လက်လက် ပြောပြတတ် သူလည်းဖြစ်ပါတယ်။ သရုပ်ဆောင်မဖြစ်ခင်က ဈေးရောင်းတဲ့ဘဝနဲ့ ဖြတ်သန်းလာသူလည်း ဖြစ်သလို အဝတ်အစား ဝတ်ဆင်တဲ့အခါမှာလည်း စရိတ်ခြွေတာကာ လှပအောင် ဝတ်ဆင်တတ်သူ ဖြစ်ပါတယ်။

အခမ်းအနား ပွဲတော်တော်များများကို မြန်မာဝတ်စုံတွေ ဝတ်ဆင်လာတာနဲ့ပတ်သက်လို့ သူက “အခု လတ်တလောမှာ မြန်မာဝတ်စုံတွေ ဝတ်ဖြစ်ပါတယ်၊ ဒါကလည်း အသက်အရွယ်အရရောပေါ့၊ ဈေးလည်း သက်သာတယ်လေ၊ ထပ်ကာတလဲလဲဝတ်လို့ရတယ်လေ၊ ချိတ်တို့ ဘာတို့ဆိုရင် လုံချည် ၈၀၀၀၀ တန် လောက် တောင်မှ ဝတ်ရတာ အဆင်ပြေတယ်၊ အခုနောက်ပိုင်း တန်ဖိုးသင့်တဲ့ ၂၀၀၀၀ ၊ ၃၀၀၀၀ တန် လောက် တွေ အများကြီး ပေါ်လာတယ်၊ ကောင်းလည်း ကောင်းပါတယ်၊ ဝတ်ရင်တောင်မှ ပွဲတိုးတယ်” လို့ ရှင်းပြပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ Brand အဝတ်အစားတွေကိုလည်း ဝတ်ဆင်လေ့ရှိပြီး Brand တစ်မျိုးတည်းကိုသာ အစွဲမထားဘဲ အမျိုးအစားအစုံမှ သက်တောင့်သက်သာဖြစ်ကာ အဆင်ပြေတဲ့ ဒီဇိုင်းလေးတွေကိုသာ ဝတ်ဆင်လေ့ရှိတယ်လို့ ပြောပါတယ်။
လက်ရှိမှာ အနုပညာအလုပ်ကိုလုပ်နေပေမယ့် အရင်က ဖြတ်သန်းလာခဲ့တဲ့ ဈေးရောင်းချတဲ့အလုပ်ကိုလည်း သတိရမိတယ်လို့ဆိုပါတယ်။ ဈေးရောင်းတဲ့နေရာမှာ အထည်ရောင်းချတာကို ပိုမိုနှစ်သက်လေ့ရှိပြီး ဝယ်သူတွေနဲ့ စကားတွေလည်း အများကြီးပြောရသလို ပျော်ဖို့လည်း ကောင်းတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

“တကယ်တော့လည်း ကိုယ့်ရှိတာနဲ့ သင့်တင့်တဲ့အဝတ်အစားကို ဝတ်ဆင်သင့်ပါတယ်၊ ကုန်ကျ စရိတ်လည်း သက်သာတယ်၊ လှလည်းလှပါတယ်၊ အေးမြတ်သူ ဆိုရင်လေ ကုန်ကျစရိတ်လည်း သက်သက် သာသာနဲ့ သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားကိုပဲ ဝတ်ဆင်တယ်၊ ငွေတစ်သိန်းတန် တစ်ထည် လောက် ဝတ်မယ့်အစား နှစ်သောင်းခွဲတန် ငါးထည်လောက် ဝတ်တယ်၊ အဲ့ဒီလိုမျိုးပေါ့ ကိုယ်နဲ့ အဆင်ပြေရာကို သက်သက်သာသာနဲ့ ဝတ်တယ်လေ၊ ဘာဝတ်ဝတ်လှတာပဲဟာ၊ အဓိက ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ပဲ” လို့ သရုပ်ဆောင် အေးမြတ်သူ က ဆက်လက် ပြောကြားခဲ့ပါတယ်။

သူဟာ အသက် ၁၉ နှစ်ကတည်းက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ရာ အခုဆိုရင် အနုပညာအလုပ်တွေကို ၁၂ နှစ်လောက် ကြာတဲ့အထိ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။  

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၁၆

( Zawgyi )

ျမန္မာဝတ္စုံေတြဟာ အမ်ိဳးသမီးေတြအေနနဲ႔ ပိုသင့္ေတာ္ၿပီး ၾကည့္ရတာ ပိုေကာင္းတဲ့ အေနအထားမ်ိဳးကို ေတြ႕ရတယ္လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူ က ေျပာပါတယ္။

“ျမန္မာဝတ္စုံက အမ်ိဳးသမီးတိုင္းနဲ႔လွတယ္၊ တစ္ခ်ိဳ႕ လက္ေမာင္းႀကီးတဲ့ အမ်ိဳးသမီးဆိုရင္ေတာ့ လက္ျပတ္ရွာေပါ့၊ လက္အေဖာင္းကေလးေတြပဲျဖစ္ျဖစ္၊ အတြန႔္ေလးထည့္တာပဲျဖစ္ျဖစ္ လုပ္လို႔ရတယ္၊ ခါးရွည္တဲ့သူ က်ေတာ့ ခါးတိုဝတ္လို႔ မလိုက္ဖက္ဘူး၊ သူ႔ဟာနဲ႔သူေတာ့ ပုံစံမ်ိဳးစုံရွိပါတယ္၊ ကိုယ့္ရဲ႕ခႏၶာကိုယ္ အခ်ိဳးအစားေပၚ မူတည္ၿပီး ဘယ္ေနရာေလးေတာ့ ဘယ္လိုေလးျပင္ဝတ္မယ္လို႔ စဥ္းစားၿပီး ဝတ္ဆင္ရင္ အဆင္ေျပမွာပါ၊ ျမန္မာဝတ္စုံက အမ်ိဳးသမီးတိုင္းအတြက္ လွပါတယ္၊ လုံလည္းလုံၿခဳံတယ္၊ ၾကည့္ရတာလည္း အဆင္ေျပတယ္၊ အဓိကက ကိုယ့္ကိုယ္ကို ယုံၾကည္မႈ စိတ္ပဲ၊ ငါကေတာ့ လက္ေမာင္းႀကီးလို႔ မလွဘူးလို႔ အဲ့လိုမထင္ေစခ်င္ဘူး၊ မလွတာကို လွေအာင္ ဘယ္လိုေလးျပင္ဝတ္မလဲေပါ့၊ ျပန္ျပင္ဝတ္လိုက္ရင္ လွပါတယ္၊ လိုက္ဖက္ေအာင္ အက်ၤ ီလက္ကေလးကို ျပင္ဝတ္ရင္လည္း အဆင္ေျပမွာပါ၊ အဲ့ဒီအတြက္ ကိုယ္စိတ္ညစ္စရာ လည္း မလိုဘူး၊ မသိမ္ငယ္ပါနဲ႔ အားမငယ္ပါနဲ႔” လို႔ သူက ေျပာပါတယ္။

သ႐ုပ္ေဆာင္ ေအးျမတ္သူ ဟာ သူ႔ရဲ႕ အေၾကာင္းကို ပြင့္ပြင့္လင္းလင္းနဲ႔ သြက္သြက္လက္လက္ ေျပာျပတတ္ သူလည္းျဖစ္ပါတယ္။ သ႐ုပ္ေဆာင္မျဖစ္ခင္က ေဈးေရာင္းတဲ့ဘဝနဲ႔ ျဖတ္သန္းလာသူလည္း ျဖစ္သလို အဝတ္အစား ဝတ္ဆင္တဲ့အခါမွာလည္း စရိတ္ေႁခြတာကာ လွပေအာင္ ဝတ္ဆင္တတ္သူ ျဖစ္ပါတယ္။

အခမ္းအနား ပြဲေတာ္ေတာ္မ်ားမ်ားကို ျမန္မာဝတ္စုံေတြ ဝတ္ဆင္လာတာနဲ႔ပတ္သက္လို႔ သူက “အခု လတ္တေလာမွာ ျမန္မာဝတ္စုံေတြ ဝတ္ျဖစ္ပါတယ္၊ ဒါကလည္း အသက္အ႐ြယ္အရေရာေပါ့၊ ေဈးလည္း သက္သာတယ္ေလ၊ ထပ္ကာတလဲလဲဝတ္လို႔ရတယ္ေလ၊ ခ်ိတ္တို႔ ဘာတို႔ဆိုရင္ လုံခ်ည္ ၈၀၀၀၀ တန္ ေလာက္ ေတာင္မွ ဝတ္ရတာ အဆင္ေျပတယ္၊ အခုေနာက္ပိုင္း တန္ဖိုးသင့္တဲ့ ၂၀၀၀၀ ၊ ၃၀၀၀၀ တန္ ေလာက္ ေတြ အမ်ားႀကီး ေပၚလာတယ္၊ ေကာင္းလည္း ေကာင္းပါတယ္၊ ဝတ္ရင္ေတာင္မွ ပြဲတိုးတယ္” လို႔ ရွင္းျပပါတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ Brand အဝတ္အစားေတြကိုလည္း ဝတ္ဆင္ေလ့ရွိၿပီး Brand တစ္မ်ိဳးတည္းကိုသာ အစြဲမထားဘဲ အမ်ိဳးအစားအစုံမွ သက္ေတာင့္သက္သာျဖစ္ကာ အဆင္ေျပတဲ့ ဒီဇိုင္းေလးေတြကိုသာ ဝတ္ဆင္ေလ့ရွိတယ္လို႔ ေျပာပါတယ္။
လက္ရွိမွာ အႏုပညာအလုပ္ကိုလုပ္ေနေပမယ့္ အရင္က ျဖတ္သန္းလာခဲ့တဲ့ ေဈးေရာင္းခ်တဲ့အလုပ္ကိုလည္း သတိရမိတယ္လို႔ဆိုပါတယ္။ ေဈးေရာင္းတဲ့ေနရာမွာ အထည္ေရာင္းခ်တာကို ပိုမိုႏွစ္သက္ေလ့ရွိၿပီး ဝယ္သူေတြနဲ႔ စကားေတြလည္း အမ်ားႀကီးေျပာရသလို ေပ်ာ္ဖို႔လည္း ေကာင္းတဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

“တကယ္ေတာ့လည္း ကိုယ့္ရွိတာနဲ႔ သင့္တင့္တဲ့အဝတ္အစားကို ဝတ္ဆင္သင့္ပါတယ္၊ ကုန္က် စရိတ္လည္း သက္သာတယ္၊ လွလည္းလွပါတယ္၊ ေအးျမတ္သူ ဆိုရင္ေလ ကုန္က်စရိတ္လည္း သက္သက္ သာသာနဲ႔ သက္ေတာင့္သက္သာျဖစ္မယ့္ အဝတ္အစားကိုပဲ ဝတ္ဆင္တယ္၊ ေငြတစ္သိန္းတန္ တစ္ထည္ ေလာက္ ဝတ္မယ့္အစား ႏွစ္ေသာင္းခြဲတန္ ငါးထည္ေလာက္ ဝတ္တယ္၊ အဲ့ဒီလိုမ်ိဳးေပါ့ ကိုယ္နဲ႔ အဆင္ေျပရာကို သက္သက္သာသာနဲ႔ ဝတ္တယ္ေလ၊ ဘာဝတ္ဝတ္လွတာပဲဟာ၊ အဓိက ကေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိဖို႔ပဲ” လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူ က ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

သူဟာ အသက္ ၁၉ ႏွစ္ကတည္းက အႏုပညာအလုပ္ေတြကို စတင္လုပ္ကိုင္ခဲ့ရာ အခုဆိုရင္ အႏုပညာအလုပ္ေတြကို ၁၂ ႏွစ္ေလာက္ ၾကာတဲ့အထိ လုပ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္။  

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၆