မြန်မာ-ကိုရီးယား နှစ်နိုင်ငံအနုပညာရှင်များ ပူးပေါင်းရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားလာမယ့်အပတ် ထဲ ရုံတင်ပြသဖို့စီစဉ်

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအနုပညာရှင်များ ပူးပေါင်းရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားလာမယ့်အပတ် ထဲ ရုံတင်ပြသဖို့စီစဉ်

 မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ “တန်ဖိုး”လို့နာမည်ရသော ရုပ်ရှင်ဇာတ်ကားကို လာမယ့် စက်တင်ဘာ ၁၂ ရက်မှာ မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ရိုးမန့်အက်ရှင်နဲ့ မိသားစုဘဝတွေကို ဒရမ်မာဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီး မူးယစ်ဆေးဝါးတွေနဲ့ လူငယ်တွေကြား မှာ ဖြစ်တတ်တဲ့ သဘာဝတွေပါဝင်ကာ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိတဲ့အကြောင်းကို ပညာပေး ဖန်တီးထားတဲ့ ဇာတ်ကားဖြစ် တယ်လို့ သိရပါတယ်။

“ဒီဇာတ်ကားထဲမှာက ကျွန်တော် ဂိုဏ်းစတားနေရာက ပါဝင်ထားပါတယ်၊ အပြင်ပိုင်းမှာ ဖြူဖြူစင်စင်နဲ့ အတွင်းပိုင်းမှာတော့ ကောက်ကျစ်တဲ့ ဂိုဏ်းစတားပုံစံပေါ့၊ စိတ်နှစ်ခွလိုမျိုးပေါ့၊ ကာရိုက်တာပိုင်းအရ အများကြီးကို ပြင်ဆင်ပြီးတော့ ကြိုးပမ်းထားပါတယ်၊ အခုလို ကိုရီးယားနဲ့ အတူ ရိုက်ရတာက စနစ်တကျရှိတယ်၊ သူတို့အကုန်လုံးက အချိန်ကအစ စနစ်တကျနဲ့ လုပ်ကြတယ်၊ ကျွန်တော်တို့အတွက်လည်း အများကြီး ပညာရတယ်၊ ပြည်တွင်း မှာလည်း ဒါမျိုးဖြစ်သင့်တယ်၊ ပြည်တွင်းမှာက အခု မပြည့်စုံတဲ့အခါကျတော့ မရှိရှိသလို လုပ်ရတဲ့ အနေအထား မျိုးလေးတွေတော့ ရှိတာပေါ့၊ နောက်တော့လည်း တိုးတက်လာမှာပါ” လို့ သရုပ်ဆောင် ရန်အောင်က ရှင်းပြပါတယ်။

ထိုဇာတ်ကားထဲမှာ သရုပ်ဆောင်တွေအဖြစ် ရန်အောင်၊ ဇင်ဝိုင်း၊ ထွန်းထွန်း(Examplez)၊ မို့မို့မြင့်အောင်၊ အေးမြတ်သူ၊ ခင်ဇာခြည်ကျော် နဲ့ တခြားသရုပ်ဆောင်တွေ အားဖြည့်ထားပြီး တာဝန်ခံထုတ်လုပ်သူအဖြစ် ဘရန်မိုင်၊ ASSOCIATE PRODUCERS အဖြစ် Eunhee Kim နဲ့ Yana Lekarska ၊ Assistant DIRECTOR အဖြစ် JIHYE SUNG ၊ DIRECTOR OF PHOTOGRAPHY အဖြစ် Sungwook Min နဲ့ Written & Directed အဖြစ် ဂျွန်လရော် တို့က ပါဝင်ထားကြပါတယ်။ “ပညာပေးထားတဲ့ ဇာတ်ကားလေးပါပဲ၊ ဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းမလဲ ဆိုတာတော့ လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်”လို့လည်း သရုပ်ဆောင် အေးမြတ်သူက ပြောပါတယ်။

ဇာတ်လမ်းအတွက် လိုအပ်တဲ့ရိုက်ကူးတာကို ရန်ကုန်မြို့အနှံ့အပြားမှာ လုပ်ဆောင်ခဲ့ကြပြီး တည်းဖြတ်ပြင်ဆင်မှုကိုတော့ ကိုရီးယားမှာ လုပ်ဆောင်ခဲ့ကာ ခါကာဘိုရာဇီ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ ၁၀

(  Zawgyi  )

 ျမန္မာႏိုင္ငံနဲ႔ ကိုရီးယားႏိုင္ငံက အႏုပညာရွင္ေတြ ပူးေပါင္း႐ိုက္ကူးထားတဲ့ “တန္ဖိုး”လို႔နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကားကို လာမယ့္ စက္တင္ဘာ ၁၂ ရက္မွာ ျမန္မာတစ္ႏိုင္ငံလုံးက ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားပါတယ္။

အဆိုပါ ႐ုပ္ရွင္ဇာတ္ကားမွာ ႐ိုးမန႔္အက္ရွင္နဲ႔ မိသားစုဘဝေတြကို ဒရမ္မာဆန္ဆန္႐ိုက္ကူးထားတာျဖစ္ၿပီး မူးယစ္ေဆးဝါးေတြနဲ႔ လူငယ္ေတြၾကား မွာ ျဖစ္တတ္တဲ့ သဘာဝေတြပါဝင္ကာ လူတိုင္းမွာ သူ႔တန္ဖိုးနဲ႔သူ ရွိတဲ့အေၾကာင္းကို ပညာေပး ဖန္တီးထားတဲ့ ဇာတ္ကားျဖစ္ တယ္လို႔ သိရပါတယ္။

“ဒီဇာတ္ကားထဲမွာက ကြၽန္ေတာ္ ဂိုဏ္းစတားေနရာက ပါဝင္ထားပါတယ္၊ အျပင္ပိုင္းမွာ ျဖဴျဖဴစင္စင္နဲ႔ အတြင္းပိုင္းမွာေတာ့ ေကာက္က်စ္တဲ့ ဂိုဏ္းစတားပုံစံေပါ့၊ စိတ္ႏွစ္ခြလိုမ်ိဳးေပါ့၊ ကာ႐ိုက္တာပိုင္းအရ အမ်ားႀကီးကို ျပင္ဆင္ၿပီးေတာ့ ႀကိဳးပမ္းထားပါတယ္၊ အခုလို ကိုရီးယားနဲ႔ အတူ ႐ိုက္ရတာက စနစ္တက်ရွိတယ္၊ သူတို႔အကုန္လုံးက အခ်ိန္ကအစ စနစ္တက်နဲ႔ လုပ္ၾကတယ္၊ ကြၽန္ေတာ္တို႔အတြက္လည္း အမ်ားႀကီး ပညာရတယ္၊ ျပည္တြင္း မွာလည္း ဒါမ်ိဳးျဖစ္သင့္တယ္၊ ျပည္တြင္းမွာက အခု မျပည့္စုံတဲ့အခါက်ေတာ့ မရွိရွိသလို လုပ္ရတဲ့ အေနအထား မ်ိဳးေလးေတြေတာ့ ရွိတာေပါ့၊ ေနာက္ေတာ့လည္း တိုးတက္လာမွာပါ” လို႔ သ႐ုပ္ေဆာင္ ရန္ေအာင္က ရွင္းျပပါတယ္။

ထိုဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ေတြအျဖစ္ ရန္ေအာင္၊ ဇင္ဝိုင္း၊ ထြန္းထြန္း(Examplez)၊ မို႔မို႔ျမင့္ေအာင္၊ ေအးျမတ္သူ၊ ခင္ဇာျခည္ေက်ာ္ နဲ႔ တျခားသ႐ုပ္ေဆာင္ေတြ အားျဖည့္ထားၿပီး တာဝန္ခံထုတ္လုပ္သူအျဖစ္ ဘရန္မိုင္၊ ASSOCIATE PRODUCERS အျဖစ္ Eunhee Kim နဲ႔ Yana Lekarska ၊ Assistant DIRECTOR အျဖစ္ JIHYE SUNG ၊ DIRECTOR OF PHOTOGRAPHY အျဖစ္ Sungwook Min နဲ႔ Written & Directed အျဖစ္ ဂြၽန္လေရာ္ တို႔က ပါဝင္ထားၾကပါတယ္။ “ပညာေပးထားတဲ့ ဇာတ္ကားေလးပါပဲ၊ ဘယ္လိုမ်ိဳးစိတ္ဝင္စားစရာေကာင္းမလဲ ဆိုတာေတာ့ လာၾကည့္ဖို႔ဖိတ္ေခၚပါတယ္”လို႔လည္း သ႐ုပ္ေဆာင္ ေအးျမတ္သူက ေျပာပါတယ္။

ဇာတ္လမ္းအတြက္ လိုအပ္တဲ့႐ိုက္ကူးတာကို ရန္ကုန္ၿမိဳ႕အႏွံ႔အျပားမွာ လုပ္ေဆာင္ခဲ့ၾကၿပီး တည္းျဖတ္ျပင္ဆင္မႈကိုေတာ့ ကိုရီးယားမွာ လုပ္ေဆာင္ခဲ့ကာ ခါကာဘိုရာဇီ ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ ၁၀