ရင့်ကျက်စပြုလာပြီလို့ သရုပ်ဆောင် ရွှေမှုံရတီ က ဆိုလာ

ရင့်ကျက်စပြုလာပြီလို့ သရုပ်ဆောင် ရွှေမှုံရတီ က ဆိုလာ

မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲ အသက်ငယ်ငယ်နဲ့ ခေါင်းဆောင် မင်းသမီးအဖြစ်သရုပ်ဆောင်ခွင့်ရလာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ ဟာ သူမအနေနဲ့ ရင့်ကျက်စပြုလာပြီ ဖြစ်ကြောင်း ပြောပြပါတယ်။သူမဟာ ဆယ်ကျော်သက်အရွယ်နဲ့ အိမ်ထောင်ရှင်တစ်ဦး လည်း ဖြစ်လာခဲ့သလို အနုပညာအသိုက်အဝန်းမှာ အိမ်ထောင် ပြုတဲ့အခါ အောင်မြင်မှုထိခိုက်စေတယ်လို့ ယုံကြည်ကြတဲ့ ယုံကြည်မှုကို သူမကလက်တွေ့ပြောင်းလဲ ပစ်လိုက်တာ ဖြစ်ပြီး ယခုအချိန်အထိ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေ လျော့မသွားတဲ့အပြင် ပိုတိုးလာတယ်လို့လည်း သိရပါတယ်။

"အခုနောက်ပိုင်း သဲက ရင့်ကျက်လာသလားဆိုတာတော့ မပြောတတ်ပြီး ရင့်ကျက်စပြုလာပြီလို့ ထင်ရတာပေါ့နော်၊ သိပ်ပြီးစကား အပိုတွေ မပြောချင်တော့တာပေါ့၊ ကိုယ်လုပ်စရာ ရှိတဲ့အလုပ်ကိုပဲ လုပ်ဖြစ်တယ်၊ အနုပညာအလုပ်တွေကို အများကြီးလုပ်ဦးမယ်၊ အခုလည်း ရုပ်ရှင် ကားကြီးတွေ ရိုက်နေရပါတယ်၊ ထပ်ပြီးရိုက်ရမယ့် ကားတွေလည်း ရှိပါတယ်၊ သဲက နောက် ၅ လပိုင်းဆိုရင် အသက် ၂၂ နှစ်ရှိတော့ မယ်လေ၊ ကလေးယူဖို့တော့ လိုပါသေးတယ်၊ နောက် ၄၊ ၅၊ ၈ နှစ်ပေါ့နော်၊ ဟိုး မင်းသမီးစလုပ်ကတည်းက သဲ ဘာပွဲရှိရှိ ပရိသတ်တွေက ရောက်လာ တယ်၊ အခုအချိန်အထိ ရှိနေတာ ကိုလည်း ကျေးဇူးတင်ပါတယ်၊ အလှူအတန်းတွေလည်း အမြဲလုပ်ဖြစ်ပါတယ်၊ သဲက ရွှေကြိုက်တယ်၊ ရွှေနဲ့ ဒေါ်လာပဲ စုဖြစ်တာများပါတယ်၊ ပရိသတ်တွေအတွက် သဲ က အနုပညာ အလုပ်တွေနဲ့ ရပ်တည်နေမှာပါ၊ ပရိသတ်အတွက်လည်း ရင်ထဲ အမြဲရှိတယ်"လို့ သရုပ်ဆောင် ရွှေမှုံရတီ က အခမ်းအနား တစ်ခုမှာ တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူမဟာ လက်ရှိအချိန်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးနေတဲ့အပြင် ကြော်ငြာတွေအများအပြားလည်း ရိုက်ကူး နေရသလို ရုပ်ရှင် ဇာတ်ကားကြီးတွေမှာလည်း နေရာရယူ ထားနိုင်သူလည်းဖြစ်လာပါတယ်။ သူမဟာ မကြာသေးခင်က မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်အနေနဲ့ ခရီးတွေထွက်ခဲ့ပြီး လတ်တလောမှာ ရုပ်ရှင်ကားတွေ ပြန်ရိုက်လာရင်း ဖိတ်ကြားလာတဲ့ပွဲတွေလည်း တက်ရောက်အားပေးဖြစ်သလို “ငရဲဆိုတာ ချိုနဲ့လား”လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကား ကိုလည်း ရိုက်ကူးခဲ့ကာ နောက်တစ်ကားရိုက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
 ရန်ကုန်၊ နိုဝင်ဘာ ၂၀

(  Zawgyi  )

 ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြထဲ အသက္ငယ္ငယ္နဲ႔ ေခါင္းေဆာင္ မင္းသမီးအျဖစ္သ႐ုပ္ေဆာင္ခြင့္ရလာတဲ့ သ႐ုပ္ေဆာင္ ေ႐ႊမႈံရတီ ဟာ သူမအေနနဲ႔ ရင့္က်က္စျပဳလာၿပီ ျဖစ္ေၾကာင္း ေျပာျပပါတယ္။သူမဟာ ဆယ္ေက်ာ္သက္အ႐ြယ္နဲ႔ အိမ္ေထာင္ရွင္တစ္ဦး လည္း ျဖစ္လာခဲ့သလို အႏုပညာအသိုက္အဝန္းမွာ အိမ္ေထာင္ ျပဳတဲ့အခါ ေအာင္ျမင္မႈထိခိုက္ေစတယ္လို႔ ယုံၾကည္ၾကတဲ့ ယုံၾကည္မႈကို သူမကလက္ေတြ႕ေျပာင္းလဲ ပစ္လိုက္တာ ျဖစ္ၿပီး ယခုအခ်ိန္အထိ သူမကိုခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ေလ်ာ့မသြားတဲ့အျပင္ ပိုတိုးလာတယ္လို႔လည္း သိရပါတယ္။

"အခုေနာက္ပိုင္း သဲက ရင့္က်က္လာသလားဆိုတာေတာ့ မေျပာတတ္ၿပီး ရင့္က်က္စျပဳလာၿပီလို႔ ထင္ရတာေပါ့ေနာ္၊ သိပ္ၿပီးစကား အပိုေတြ မေျပာခ်င္ေတာ့တာေပါ့၊ ကိုယ္လုပ္စရာ ရွိတဲ့အလုပ္ကိုပဲ လုပ္ျဖစ္တယ္၊ အႏုပညာအလုပ္ေတြကို အမ်ားႀကီးလုပ္ဦးမယ္၊ အခုလည္း ႐ုပ္ရွင္ ကားႀကီးေတြ ႐ိုက္ေနရပါတယ္၊ ထပ္ၿပီး႐ိုက္ရမယ့္ ကားေတြလည္း ရွိပါတယ္၊ သဲက ေနာက္ ၅ လပိုင္းဆိုရင္ အသက္ ၂၂ ႏွစ္ရွိေတာ့ မယ္ေလ၊ ကေလးယူဖို႔ေတာ့ လိုပါေသးတယ္၊ ေနာက္ ၄၊ ၅၊ ၈ ႏွစ္ေပါ့ေနာ္၊ ဟိုး မင္းသမီးစလုပ္ကတည္းက သဲ ဘာပြဲရွိရွိ ပရိသတ္ေတြက ေရာက္လာ တယ္၊ အခုအခ်ိန္အထိ ရွိေနတာ ကိုလည္း ေက်းဇူးတင္ပါတယ္၊ အလႉအတန္းေတြလည္း အၿမဲလုပ္ျဖစ္ပါတယ္၊ သဲက ေ႐ႊႀကိဳက္တယ္၊ ေ႐ႊနဲ႔ ေဒၚလာပဲ စုျဖစ္တာမ်ားပါတယ္၊ ပရိသတ္ေတြအတြက္ သဲ က အႏုပညာ အလုပ္ေတြနဲ႔ ရပ္တည္ေနမွာပါ၊ ပရိသတ္အတြက္လည္း ရင္ထဲ အၿမဲရွိတယ္"လို႔ သ႐ုပ္ေဆာင္ ေ႐ႊမႈံရတီ က အခမ္းအနား တစ္ခုမွာ ေတြ႕ဆုံေမးျမန္းစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

သူမဟာ လက္ရွိအခ်ိန္မွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ႐ိုက္ကူးေနတဲ့အျပင္ ေၾကာ္ျငာေတြအမ်ားအျပားလည္း ႐ိုက္ကူး ေနရသလို ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြမွာလည္း ေနရာရယူ ထားႏိုင္သူလည္းျဖစ္လာပါတယ္။ သူမဟာ မၾကာေသးခင္က မဂၤလာသက္တမ္း တစ္ႏွစ္ျပည့္အေနနဲ႔ ခရီးေတြထြက္ခဲ့ၿပီး လတ္တေလာမွာ ႐ုပ္ရွင္ကားေတြ ျပန္႐ိုက္လာရင္း ဖိတ္ၾကားလာတဲ့ပြဲေတြလည္း တက္ေရာက္အားေပးျဖစ္သလို “ငရဲဆိုတာ ခ်ိဳနဲ႔လား”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကား ကိုလည္း ႐ိုက္ကူးခဲ့ကာ ေနာက္တစ္ကား႐ိုက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
 ရန္ကုန္၊ ႏိုဝင္ဘာ ၂၀