ရည်းစားနဲ့ကွဲတာ ဝမ်းနည်းစရာမဟုတ်ကြောင်း သရုပ်ဆောင် မြတ်သူသူဇင် က ဆို

ရည်းစားနဲ့ကွဲတာ ဝမ်းနည်းစရာမဟုတ်ကြောင်း သရုပ်ဆောင် မြတ်သူသူဇင် က ဆို

သရုပ်ဆောင် မြတ်သူသူဇင် ဟာ သူမရဲ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက် ပရိသတ်တွေအနေနဲ့ သူမရဲ့အဖြစ်ကို ဝမ်းမနည်းကြဖို့လိုသလို ရည်းစားနဲ့ကွဲတာဟာ ဝမ်းနည်းစရာမဟုတ်ဘဲ တခြားအရေးကြီးတဲ့ အလုပ်တွေလုပ်ဖို့ ပိုပြီးအချိန်ရသွားတယ်လို့ ပြောပါတယ်။

“မြတ်သူ အရှေ့မှာအမြဲဖြေခဲ့သလိုပဲ၊ အမြဲပြောခဲ့သလိုပဲ ကံဆိုတာ ကြိုမမြင်နိုင်ဘူးလေ၊ ပရိသတ်အနေနဲ့ ဒါကိုစိတ်မကောင်းမဖြစ်ပါနဲ့၊ တစ်ချို့ကျတော့ ဒီလူမကောင်းဘူး သိတယ်၊ ဒါပေမဲ့ စိတ်ဆင်းရဲခံပြီး ဆက်တွဲနေကြတဲ့သူတွေလည်းရှိတယ်လေ၊ မြတ်သူတို့အနေနဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကိုပဲကြည့်တယ်၊ ဒီလူ့အတွက်နဲ့တော့ ကိုယ့်ကိုယ် စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေ မခံတော့ဘူး၊ ရည်းစားနဲ့ပြတ်တာ စိတ်မကောင်းစရာမှမဟုတ်တာ၊ ဘာလို့လဲဆိုတော့ ကိုယ်စိတ်ချမ်းသာမယ်ထင်လို့ ကိုယ်လုပ်တာလေ၊ မြတ်သူ က အခု အသည်းက ကွဲနေတာမဟုတ်ဘူး၊ အသည်းက သူ့ဟာသူနေနေတာ၊ Relationship ပဲ ကွဲသွားတာ” လို့ သရုပ်ဆောင် မြတ်သူသူဇင် က ရုပ်ရှင်အထူးပွဲတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ Free to Air ပြသနေတဲ့ ရုပ်သံလိုင်းတွေက ဇာတ်လမ်းတွဲတွေထဲ သရုပ်ဆောင်ရင်း လူသိများလာတဲ့ သူမဟာ သူမရဲ့ချစ်သူနဲ့ ခြောက်နှစ်ပြည့်ဖို့ နှစ်ရက်အလိုမှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။သူတို့စုံတွဲကို အားကျတဲ့ပရိသတ်တွေ အများကြီးရှိခဲ့ပြီး ချစ်စရာကောင်းကာ လိုက်ဖက်လွန်းတဲ့ စုံတွဲအဖြစ် မှတ်ချက်ပေးလေ့ရှိကြပေမယ့် အများထင်သလို ချစ်သူသက်တမ်းတစ်လျှောက်မှာ အဆင်ပြေနေတာမျိုး မဟုတ်ကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက် မနည်းကြိုးစားပြီး အဆင်ပြေအောင် တည်ဆောက်ခဲ့ရတာဖြစ်ပြီး ချစ်သူသက်တမ်းအတွင်းမှာလည်း မကြာခဏပြတ်မလိုဖြစ်ခဲ့တဲ့ အခြေအနေတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

“အရှေ့မှာ ပြတ်မလိုဖြစ်တာ ခဏခဏပါပဲ၊ ကိုယ်လည်း သူ့အပေါ်မှာ ကောင်းတဲ့သူအဖြစ် နေပေးခဲ့တယ်၊ ဒါပေမဲ့ အချိန်တန်လို့ ဖြစ်သွားတာပါ၊ အခုအချိန်မှာ Single တစ်ယောက်ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို ပိုပြီးတော့ အချိန်ပေးပြီး ကြိုးစားသွားမယ်၊ ဘဝမှာအရေးကြီးတာတွေ အများကြီးလုပ်ရဦးမယ်၊ အဲ့ဒါတွေလုပ်မယ့်အစား ဒီခံစားချက်ကြီးကို အချိန်ကုန်ခံပြီးတော့ ကိုယ့်ကိုကြည့်လိုက်ရင် ရည်းစားပူမိနေတာမျိုး သူများက အပြစ်ပြောစရာမရှိအောင် နေသွားမယ်၊ အလုပ်အပေါ်မှာပဲ ပိုပြီးအာရုံစိုက်သွားမယ်” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

သူမဟာ ဆက်လက်ပြီးလည်း ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

သ႐ုပ္ေဆာင္ ျမတ္သူသူဇင္ ဟာ သူမရဲ႕ခ်စ္သူနဲ႔ လမ္းခြဲလိုက္ၿပီးတဲ့ေနာက္ ပရိသတ္ေတြအေနနဲ႔ သူမရဲ႕အျဖစ္ကို ဝမ္းမနည္းၾကဖို႔လိုသလို ရည္းစားနဲ႔ကြဲတာဟာ ဝမ္းနည္းစရာမဟုတ္ဘဲ တျခားအေရးႀကီးတဲ့ အလုပ္ေတြလုပ္ဖို႔ ပိုၿပီးအခ်ိန္ရသြားတယ္လို႔ ေျပာပါတယ္။

“ျမတ္သူ အေရွ႕မွာအၿမဲေျဖခဲ့သလိုပဲ၊ အၿမဲေျပာခဲ့သလိုပဲ ကံဆိုတာ ႀကိဳမျမင္ႏိုင္ဘူးေလ၊ ပရိသတ္အေနနဲ႔ ဒါကိုစိတ္မေကာင္းမျဖစ္ပါနဲ႔၊ တစ္ခ်ိဳ႕က်ေတာ့ ဒီလူမေကာင္းဘူး သိတယ္၊ ဒါေပမဲ့ စိတ္ဆင္းရဲခံၿပီး ဆက္တြဲေနၾကတဲ့သူေတြလည္းရွိတယ္ေလ၊ ျမတ္သူတို႔အေနနဲ႔ အၿမဲတမ္း ကိုယ့္ကိုယ္ကိုပဲၾကည့္တယ္၊ ဒီလူ႔အတြက္နဲ႔ေတာ့ ကိုယ့္ကိုယ္ စိတ္ညစ္တာေတြ စိတ္ရႈပ္တာေတြ မခံေတာ့ဘူး၊ ရည္းစားနဲ႔ျပတ္တာ စိတ္မေကာင္းစရာမွမဟုတ္တာ၊ ဘာလို႔လဲဆိုေတာ့ ကိုယ္စိတ္ခ်မ္းသာမယ္ထင္လို႔ ကိုယ္လုပ္တာေလ၊ ျမတ္သူ က အခု အသည္းက ကြဲေနတာမဟုတ္ဘူး၊ အသည္းက သူ႔ဟာသူေနေနတာ၊ Relationship ပဲ ကြဲသြားတာ” လို႔ သ႐ုပ္ေဆာင္ ျမတ္သူသူဇင္ က ႐ုပ္ရွင္အထူးပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျပည္တြင္းမွာ Free to Air ျပသေနတဲ့ ႐ုပ္သံလိုင္းေတြက ဇာတ္လမ္းတြဲေတြထဲ သ႐ုပ္ေဆာင္ရင္း လူသိမ်ားလာတဲ့ သူမဟာ သူမရဲ႕ခ်စ္သူနဲ႔ ေျခာက္ႏွစ္ျပည့္ဖို႔ ႏွစ္ရက္အလိုမွာ လမ္းခြဲခဲ့ၾကတာ ျဖစ္ပါတယ္။သူတို႔စုံတြဲကို အားက်တဲ့ပရိသတ္ေတြ အမ်ားႀကီးရွိခဲ့ၿပီး ခ်စ္စရာေကာင္းကာ လိုက္ဖက္လြန္းတဲ့ စုံတြဲအျဖစ္ မွတ္ခ်က္ေပးေလ့ရွိၾကေပမယ့္ အမ်ားထင္သလို ခ်စ္သူသက္တမ္းတစ္ေလွ်ာက္မွာ အဆင္ေျပေနတာမ်ိဳး မဟုတ္ေၾကာင္း၊ တစ္ေယာက္နဲ႔ တစ္ေယာက္ မနည္းႀကိဳးစားၿပီး အဆင္ေျပေအာင္ တည္ေဆာက္ခဲ့ရတာျဖစ္ၿပီး ခ်စ္သူသက္တမ္းအတြင္းမွာလည္း မၾကာခဏျပတ္မလိုျဖစ္ခဲ့တဲ့ အေျခအေနေတြလည္းရွိခဲ့တယ္လို႔ သိရပါတယ္။

“အေရွ႕မွာ ျပတ္မလိုျဖစ္တာ ခဏခဏပါပဲ၊ ကိုယ္လည္း သူ႔အေပၚမွာ ေကာင္းတဲ့သူအျဖစ္ ေနေပးခဲ့တယ္၊ ဒါေပမဲ့ အခ်ိန္တန္လို႔ ျဖစ္သြားတာပါ၊ အခုအခ်ိန္မွာ Single တစ္ေယာက္ျဖစ္တဲ့အတြက္ အႏုပညာအလုပ္ေတြကို ပိုၿပီးေတာ့ အခ်ိန္ေပးၿပီး ႀကိဳးစားသြားမယ္၊ ဘဝမွာအေရးႀကီးတာေတြ အမ်ားႀကီးလုပ္ရဦးမယ္၊ အဲ့ဒါေတြလုပ္မယ့္အစား ဒီခံစားခ်က္ႀကီးကို အခ်ိန္ကုန္ခံၿပီးေတာ့ ကိုယ့္ကိုၾကည့္လိုက္ရင္ ရည္းစားပူမိေနတာမ်ိဳး သူမ်ားက အျပစ္ေျပာစရာမရွိေအာင္ ေနသြားမယ္၊ အလုပ္အေပၚမွာပဲ ပိုၿပီးအာ႐ုံစိုက္သြားမယ္” လို႔ သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

သူမဟာ ဆက္လက္ၿပီးလည္း ဇာတ္လမ္းတြဲေတြကို ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁