ရပ်ကွက်ကြီး ၅ ထဲက ဟာသတွေရိုက်နေတဲ့ သရုပ်ဆောင် ပန်းသော်တာ

ရပ်ကွက်ကြီး ၅ ထဲက ဟာသတွေရိုက်နေတဲ့ သရုပ်ဆောင် ပန်းသော်တာ

ဆင်ခြေဖုံးရပ်ကွက်တွေထဲ နေထိုင်သူတွေရဲ့ကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဟာသအဖြစ်နဲ့ ရိုက်ကူးသရုပ်ဆောင်နေတယ်လို့ သရုပ်ဆောင် ပန်းသော်တာက သူမရဲ့ အနုပညာလှုပ်ရှားမှုကို ပြောပါတယ်။

“အခုက ရပ်ကွက်ကြီး ၅ လို့နာမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ရိုက်ကူးနေပါတယ်၊ အဲ့ဒီမှာက ကာရိုက်တာအနေနဲ့ ကပ်စေးနဲ လင်မယားမှာ မိန်းမဖြစ်သူ ထွေးထွေး ဆိုတဲ့ ကာရိုက်တာနဲ့ပေါ့၊ ဘယ်လို ကပ်စေးနဲမလဲ ဘယ်လို ရယ်ရမလဲဆိုတာ မကြာခင်ပြသတဲ့အခါ အားပေးကြပါဦးနော်”လို့ သရုပ်ဆောင် ပန်းသော်တာက ရှင်းပြပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲဟာ မဟာရုပ်သံလိုင်းမှာ အပိုင်း ၂၀ လောက် ပိုင်းကာ ပြသဖို့ ရိုက်ကူးနေတာဖြစ်သလို Bo Bo Film Production ရဲ့ ထုတ်လုပ်မှုအနေနဲ့ ဇာတ်လမ်း နတ်စောင်း(ကျိုက်ထို)၊ ဇာတ်ညွှန်း ဒီဒီထက်အောင်၊ ဒါရိုက်တာ စိုးမိုးမင်း တို့က ပုံဖော်နေကြတာဖြစ်သလို သူမအနေနဲ့ သရုပ်ဆောင် နေဒွေး၊ နေဆန်း၊ အေးချမ်းမောင်၊ နန်းခင်ဇေယျာ၊ ဇွန်သံစဉ် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သူမဟာ Banana နဲ့အတူ ရိုက်ကူးခဲ့တဲ့ TikTok ဟာလည်း လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားခဲ့ပါတယ်။

“သူနဲ့က ဘယ်လိုခေါ်မလဲ Group တူတယ်ပေါ့နော်၊ ဒီဒါရိုက်တာနဲ့ပဲ ရိုက်ရတာဆိုတော့လေ၊ သူက ရိုးလည်းရိုးသား တယ်၊ ဖြူလည်းဖြူစင်တယ်၊ မောင်လေးတစ်ယောက်လိုပါပဲ၊ သူ့ပုံစံက စကားလည်း မပြောဘူး၊ ချေတဲ့ ပုံစံမျိုး အဲ့ဒါနဲ့ သီချင်းလေးကို အတူရိုက်ရင်း ပရိသတ်တွေအတွက်လည်း ရယ်စေချင်တာပါ၊ အစတုန်းကလေ အဲ့ဒါကို ဦးပိန်တံတားချေရင်းမှာ ရိုက်မယ်လုပ်တော့ လူတွေက ဝိုင်းကြည့်ကြတယ်၊ သူက ကိုယ့်ထက် Cele ဖြစ်နေတော့ သူ့ကိုလာကြည့်ကြတယ်၊ အဲ့ဒါလေးကတော့ အမှတ်တရလေးပါပဲ”လို့ သူမက ရှင်းပြပါတယ်။

သူမဟာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ကနေ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာ ကျောင်းပြီးခဲ့တဲ့သူတစ်ဦးဖြစ်သလို ဝါသနာပါတဲ့ ပန်းချီရေးဆွဲတာတွေကိုလည်း လုပ်ဆောင်လျက်ရှိပြီး သရုပ်ဆောင်အလုပ်တွေကိုလည်း လုပ်နေသူဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် စည်သူမောင်နဲ့ ချစ်သူတွေ ဖြစ်နေတယ်လို့လည်း စွပ်စွဲခံရတာတွေရှိခဲ့ပေမယ့် ယခုအခါမှာတော့ ဇာတ်လမ်းတွဲအတွက် အာရုံစိုက်ကာ သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၄

( Zawgyi )

ဆင္ေျခဖုံးရပ္ကြက္ေတြထဲ ေနထိုင္သူေတြရဲ႕ၾကားမွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြကို ဟာသအျဖစ္နဲ႔ ႐ိုက္ကူးသ႐ုပ္ေဆာင္ေနတယ္လို႔ သ႐ုပ္ေဆာင္ ပန္းေသာ္တာက သူမရဲ႕ အႏုပညာလႈပ္ရွားမႈကို ေျပာပါတယ္။

“အခုက ရပ္ကြက္ႀကီး ၅ လို႔နာမည္ရတဲ့ ဇာတ္လမ္းတြဲမွာ ႐ိုက္ကူးေနပါတယ္၊ အဲ့ဒီမွာက ကာ႐ိုက္တာအေနနဲ႔ ကပ္ေစးနဲ လင္မယားမွာ မိန္းမျဖစ္သူ ေထြးေထြး ဆိုတဲ့ ကာ႐ိုက္တာနဲ႔ေပါ့၊ ဘယ္လို ကပ္ေစးနဲမလဲ ဘယ္လို ရယ္ရမလဲဆိုတာ မၾကာခင္ျပသတဲ့အခါ အားေပးၾကပါဦးေနာ္”လို႔ သ႐ုပ္ေဆာင္ ပန္းေသာ္တာက ရွင္းျပပါတယ္။

အဆိုပါ ဇာတ္လမ္းတြဲဟာ မဟာ႐ုပ္သံလိုင္းမွာ အပိုင္း ၂၀ ေလာက္ ပိုင္းကာ ျပသဖို႔ ႐ိုက္ကူးေနတာျဖစ္သလို Bo Bo Film Production ရဲ႕ ထုတ္လုပ္မႈအေနနဲ႔ ဇာတ္လမ္း နတ္ေစာင္း(က်ိဳက္ထို)၊ ဇာတ္ၫႊန္း ဒီဒီထက္ေအာင္၊ ဒါ႐ိုက္တာ စိုးမိုးမင္း တို႔က ပုံေဖာ္ေနၾကတာျဖစ္သလို သူမအေနနဲ႔ သ႐ုပ္ေဆာင္ ေနေဒြး၊ ေနဆန္း၊ ေအးခ်မ္းေမာင္၊ နန္းခင္ေဇယ်ာ၊ ဇြန္သံစဥ္ တို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

သူမဟာ Banana နဲ႔အတူ ႐ိုက္ကူးခဲ့တဲ့ TikTok ဟာလည္း လူမႈကြန္ရက္ေပၚမွာ ေရပန္းစားခဲ့ပါတယ္။

“သူနဲ႔က ဘယ္လိုေခၚမလဲ Group တူတယ္ေပါ့ေနာ္၊ ဒီဒါ႐ိုက္တာနဲ႔ပဲ ႐ိုက္ရတာဆိုေတာ့ေလ၊ သူက ႐ိုးလည္း႐ိုးသား တယ္၊ ျဖဴလည္းျဖဴစင္တယ္၊ ေမာင္ေလးတစ္ေယာက္လိုပါပဲ၊ သူ႔ပုံစံက စကားလည္း မေျပာဘူး၊ ေခ်တဲ့ ပုံစံမ်ိဳး အဲ့ဒါနဲ႔ သီခ်င္းေလးကို အတူ႐ိုက္ရင္း ပရိသတ္ေတြအတြက္လည္း ရယ္ေစခ်င္တာပါ၊ အစတုန္းကေလ အဲ့ဒါကို ဦးပိန္တံတားေခ်ရင္းမွာ ႐ိုက္မယ္လုပ္ေတာ့ လူေတြက ဝိုင္းၾကည့္ၾကတယ္၊ သူက ကိုယ့္ထက္ Cele ျဖစ္ေနေတာ့ သူ႔ကိုလာၾကည့္ၾကတယ္၊ အဲ့ဒါေလးကေတာ့ အမွတ္တရေလးပါပဲ”လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္) ကေန လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္ထဲမွာ ေက်ာင္းၿပီးခဲ့တဲ့သူတစ္ဦးျဖစ္သလို ဝါသနာပါတဲ့ ပန္းခ်ီေရးဆြဲတာေတြကိုလည္း လုပ္ေဆာင္လ်က္ရွိၿပီး သ႐ုပ္ေဆာင္အလုပ္ေတြကိုလည္း လုပ္ေနသူျဖစ္ပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္ စည္သူေမာင္နဲ႔ ခ်စ္သူေတြ ျဖစ္ေနတယ္လို႔လည္း စြပ္စြဲခံရတာေတြရွိခဲ့ေပမယ့္ ယခုအခါမွာေတာ့ ဇာတ္လမ္းတြဲအတြက္ အာ႐ုံစိုက္ကာ သ႐ုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၂၄