ရိုက်လက်စ ဇာတ်လမ်းတွဲအတွက် လုပ်ကိုင်ရင်း ကုသိုလ်ပွားနေတဲ့ သရုပ်ဆောင် ဆုပန်ထွာ

ရိုက်လက်စ ဇာတ်လမ်းတွဲအတွက် လုပ်ကိုင်ရင်း ကုသိုလ်ပွားနေတဲ့ သရုပ်ဆောင် ဆုပန်ထွာ

တစ်ခေတ်တစ်ခါက ဆံပင်အရှည်ကြီး တွေနဲ့ ပရိသတ် ကိုဖမ်းစားခဲ့တဲ့ သရုပ်ဆောင် ဆုပန်ထွာ ဟာ အခုဆိုရင် ရိုက်လက်စ ဇာတ်လမ်းတွဲအတွက် လုပ်ကိုင်ရင်းကုသိုလ်ပွား များနေတယ်လို့ ပြောပါတယ်။

"မပန် အနေနဲ့အခု ကားရိုက်သိပ်မရှိဘူး၊ ရိုက်လက်စ ဇာတ်လမ်းတွဲလေးတွေ ပြီးအောင်တော့ ဖြတ်နေတယ်၊ ကလေးတစ်ဖက်ကြောင့်လည်း ပါတာပေါ့လေ၊ ဒါပေမဲ့လည်း နောက်တစ်ခုက ဒီလိုကာလက ဘာတွေမှန်းမသိဘူးလေ၊ ရောဂါဆိုးတွေနဲ့ ဆိုတော့ ကြောက်တယ်၊ ကလေးက လည်း ထိန်းမယ့်သူ ရှိပေမယ့် ကိုယ်ဘယ်သွားသွား လိုက်ချင်တယ် လေ၊ အခုအချိန်က လူအများကြီးထူထပ်တဲ့ နေရာတွေကို သွားဖို့မှ မသင့်တာ၊ လူသိပ်မရှိတဲ့နေရာလို့ ထင်ပြီး သွားပေမယ့်လည်း မပန်တို့ အနုပညာရှင်တွေကို တွေ့လို့ ရောက်လာကြပြီး အားပေးတဲ့ ပရိသတ်တွေနဲ့ ဆိုတော့ လူက များသွားပြန်ရော၊ အဲ့ဒါကြောင့်လည်း ဒီရက်ပိုင်းက လုပ်စရာ အလုပ်မရှိရင် အပြင်မထွက်ဖြစ်ဘူး၊ ကုသိုလ်အလုပ်တွေ တော့ ပိုပြီး လုပ်ဖြစ်နေတယ်၊ အခုဆိုရင် ညောင် ၁၀ ပင် အဓိဋ္ဌာန် ဝင်တာ အကြိမ် ၄၀ ပြည့်သွားပြီးပြီ၊ ထပ်ပြီးလည်း အဓိဋ္ဌာန် တွေ ဝင်ဖို့ရှိတယ်"လို့ သရုပ်ဆောင် ဆုပန်ထွာက ရှင်းပြပါတယ်။

လက်ရှိအချိန်မှာ သူမဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခုကိုတည်ဆောက်နေသလို ချစ်စရာသားသားလေး တစ်ယောက်ရနေကြောင်း၊ သူမရဲ့သားလေးကို လိမ္မာ ယဉ်ကျေးဖို့၊ လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့ မိဘ တွေကို ရိုသေလေးစားတတ်ဖို့အတွက် အနီးကပ် စောင့်ရှောက် သွန်သင်ကာ ဆုံးမနေတယ်လို့ သိရပါတယ်။ "ကလေးထိန်း နေတာပေါ့၊ အဓိက ကတော့လေ ကောင်းတာလုပ်ရင် နတ်ပြည်သွားရမယ်၊ မကောင်းတာလုပ်ရင် ငရဲမင်းကြီး ရှိတာမို့ သတိလေးနဲ့ လိမ္မာယဉ်ကျေးစွာနေတတ်ဖို့ ဘာသာတရား နဲ့ ယှဉ်ပြီး ဆုံးမပါတယ်။

ခြောက်ပြောတာမျိုးတော့ မဟုတ်ဘူး၊ ဘာသာတရားနဲ့ နားလည်အောင်ပြောပြဆုံးမဖြစ်ပါတယ်၊ ဒီအချိန်က ကလေးနဲ့အနီးကပ်နေရမယ့်အချိန်လည်း ဖြစ်တယ်လေ၊ အနီးကပ်ဆုံးမဖို့လည်း လိုတဲ့အရွယ်ပါ၊ ဒါကြောင့်လည်း တခြားဟာတွေအကုန်လိုလို ဘေးဖယ်ထားတယ်"ဟု သရုပ်ဆောင် ဆုပန်ထွာက ဆက်လက်ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၂၂

(  Zawgyi  )

 တစ္ေခတ္တစ္ခါက ဆံပင္အရွည္ႀကီး ေတြနဲ႔ ပရိသတ္ ကိုဖမ္းစားခဲ့တဲ့ သ႐ုပ္ေဆာင္ ဆုပန္ထြာ ဟာ အခုဆိုရင္ ႐ိုက္လက္စ ဇာတ္လမ္းတြဲအတြက္ လုပ္ကိုင္ရင္းကုသိုလ္ပြား မ်ားေနတယ္လို႔ ေျပာပါတယ္။

"မပန္ အေနနဲ႔အခု ကား႐ိုက္သိပ္မရွိဘူး၊ ႐ိုက္လက္စ ဇာတ္လမ္းတြဲေလးေတြ ၿပီးေအာင္ေတာ့ ျဖတ္ေနတယ္၊ ကေလးတစ္ဖက္ေၾကာင့္လည္း ပါတာေပါ့ေလ၊ ဒါေပမဲ့လည္း ေနာက္တစ္ခုက ဒီလိုကာလက ဘာေတြမွန္းမသိဘူးေလ၊ ေရာဂါဆိုးေတြနဲ႔ ဆိုေတာ့ ေၾကာက္တယ္၊ ကေလးက လည္း ထိန္းမယ့္သူ ရွိေပမယ့္ ကိုယ္ဘယ္သြားသြား လိုက္ခ်င္တယ္ ေလ၊ အခုအခ်ိန္က လူအမ်ားႀကီးထူထပ္တဲ့ ေနရာေတြကို သြားဖို႔မွ မသင့္တာ၊ လူသိပ္မရွိတဲ့ေနရာလို႔ ထင္ၿပီး သြားေပမယ့္လည္း မပန္တို႔ အႏုပညာရွင္ေတြကို ေတြ႕လို႔ ေရာက္လာၾကၿပီး အားေပးတဲ့ ပရိသတ္ေတြနဲ႔ ဆိုေတာ့ လူက မ်ားသြားျပန္ေရာ၊ အဲ့ဒါေၾကာင့္လည္း ဒီရက္ပိုင္းက လုပ္စရာ အလုပ္မရွိရင္ အျပင္မထြက္ျဖစ္ဘူး၊ ကုသိုလ္အလုပ္ေတြ ေတာ့ ပိုၿပီး လုပ္ျဖစ္ေနတယ္၊ အခုဆိုရင္ ေညာင္ ၁၀ ပင္ အဓိ႒ာန္ ဝင္တာ အႀကိမ္ ၄၀ ျပည့္သြားၿပီးၿပီ၊ ထပ္ၿပီးလည္း အဓိ႒ာန္ ေတြ ဝင္ဖို႔ရွိတယ္"လို႔ သ႐ုပ္ေဆာင္ ဆုပန္ထြာက ရွင္းျပပါတယ္။

လက္ရွိအခ်ိန္မွာ သူမဟာ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရး တစ္ခုကိုတည္ေဆာက္ေနသလို ခ်စ္စရာသားသားေလး တစ္ေယာက္ရေနေၾကာင္း၊ သူမရဲ႕သားေလးကို လိမၼာ ယဥ္ေက်းဖို႔၊ လူေတာ္လူေကာင္းတစ္ေယာက္ျဖစ္ဖို႔ မိဘ ေတြကို ႐ိုေသေလးစားတတ္ဖို႔အတြက္ အနီးကပ္ ေစာင့္ေရွာက္ သြန္သင္ကာ ဆုံးမေနတယ္လို႔ သိရပါတယ္။ "ကေလးထိန္း ေနတာေပါ့၊ အဓိက ကေတာ့ေလ ေကာင္းတာလုပ္ရင္ နတ္ျပည္သြားရမယ္၊ မေကာင္းတာလုပ္ရင္ ငရဲမင္းႀကီး ရွိတာမို႔ သတိေလးနဲ႔ လိမၼာယဥ္ေက်းစြာေနတတ္ဖို႔ ဘာသာတရား နဲ႔ ယွဥ္ၿပီး ဆုံးမပါတယ္။

ေျခာက္ေျပာတာမ်ိဳးေတာ့ မဟုတ္ဘူး၊ ဘာသာတရားနဲ႔ နားလည္ေအာင္ေျပာျပဆုံးမျဖစ္ပါတယ္၊ ဒီအခ်ိန္က ကေလးနဲ႔အနီးကပ္ေနရမယ့္အခ်ိန္လည္း ျဖစ္တယ္ေလ၊ အနီးကပ္ဆုံးမဖို႔လည္း လိုတဲ့အ႐ြယ္ပါ၊ ဒါေၾကာင့္လည္း တျခားဟာေတြအကုန္လိုလို ေဘးဖယ္ထားတယ္"ဟု သ႐ုပ္ေဆာင္ ဆုပန္ထြာက ဆက္လက္ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၂၂