ရုပ်ရှင်ဇာတ်ကားကြီးထဲ သရုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

ရုပ်ရှင်ဇာတ်ကားကြီးထဲ သရုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

သရုပ်ဆောင် ကျော်ကျော်နန္ဒဟာ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားထဲ သရုပ်ဆောင်အဖြစ်ပါဝင်ခွင့်ရမှာ ဖြစ်တဲ့အတွက် အခုကတည်းက ကြိုတင်ကာ ပြင်ဆင်မှုတွေနဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်ကားဟာ “ပါးနီ”လို့နာမည်ပေးထားပြီး လတ်တလောမှာ မင်းသမီးနေရာအတွက် ရိုက်ကူးမယ့် သရုပ်ဆောင်အတွက် ဘယ်သူရဲ့ကာရိုက်တာနဲ့ပိုအဆင်ပြေနိုင်မယ်ဆိုတာကို ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာအားလပ်တဲ့အချိန်မှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာတွေ၊ အဝတ် Mask ချုပ်လုပ်တာတွေကိုလည်း လုပ်ဆောင်ပြီး လိုက်လံလှူဒါန်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
“အခု ဒီရက်ပိုင်းမှာ လှုပ်ရှားမှုအနေနဲ့က ကြော်ငြာတွေတော့ ရိုက်နေရပါတယ်၊ မကြာခင်ရိုက်မယ့် ရုပ်ရှင်ဇာတ်ကား အတွက် ပြင်ဆင် နေတာတော့ရှိပါတယ်၊ COVID အလွန်မှာ ရိုက်ဖို့ပြင်ဆင်ထားကြတာလေ၊ အဲ့ဒီကားက လောလောဆယ်မှာ မင်းသမီးရွေးဖို့ခက်နေတယ်၊ အဲ့ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ အဲ့ကားထဲမှာ မင်းသမီးအဖြစ် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ကျွန်တော့်ကို အားပေးကြ မှာလားဗျာ၊ ကိုယ်ကတော့ ကာရိုက်တာအစုံလုပ်မှာပဲလေ၊ ဒါမှလည်း အတွေ့အကြုံတွေပိုများလာမှာ၊ အခုကတော့ အားရင်အားသလို Mask လေးတွေချုပ်တယ်၊ မရှိတဲ့သူတွေ ချို့တဲ့သူတွေကိုသွားလှူနေတာရှိပါတယ်”လို့ သူက ရှင်းပြပါတယ်။

သူကိုယ်တိုင်ချုပ်ထားတဲ့ Mask တွေကို သင်္ဃန်းကျွန်းစံပြဆေးရုံအပါအဝင် ဆင်ခြေဖုံးဒေသက ပြည်သူတွေဆီ သွားရောက် လှူဒါန်း တာတွေရှိပြီး အချိန်ရရင်ရသလို Mask ချုပ်လုပ်တာတွေကိုလည်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ “ဟိုရက်ကလေးကပဲ ကိုယ်မြတ်နိုး ရတဲ့ K Pop ဖက်ရှင် ကြော်ငြာလေး ရိုက်ခွင့်ရခဲ့တယ်၊ အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်နော်၊ Mask ချုပ်လို့ ပျင်းလာရင် လက်ဝှေ့ ထိုးတာရှိတယ်၊ ကျွန်တော်က ဝါသနာပါတယ်လေ၊ အခု အချိန်မှာ အကောင်းဆုံးကတော့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရင်း စိတ်ကို လည်း ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ထားတယ်၊ ကျွန်တော့်ကို ဝေဖန်ဆဲဆိုနေတဲ့သူတွေလည်း မောကုန်ပြီထင်ရဲ့၊ ကျွန်တော် ကတော့ အကောင်းဆုံး ဖြစ်အောင်လို့ ကြိုးစားနေပါတယ်၊ တစ်ချို့ဆိုရင် ကျွန်တော့်ကို လာမိတ်ဆက်ကြတယ်၊ အရင်က ဆဲခဲ့တာ ကိုလည်း သူတို့က တောင်းပန်တာတွေရှိတယ်၊ အဲ့လို ဆဲခဲ့ဆိုခဲ့သူတွေက အပြင်မှာဆုံတော့ ကျွန်တော့်ရဲ့ We love ပရိသတ် အဖြစ် အခိုင်အမာဖြစ်လာတယ်၊ ကျွန်တော်ယုံပါတယ်လေ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပါ၊ ကျွန်တော်က အခုကောင်းတာတွေ လုပ်နေတာပဲမဟုတ်လား”လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် ၁၅

(  Zawgyi  )

 သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္နႏၵဟာ မၾကာခင္မွာ ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားထဲ သ႐ုပ္ေဆာင္အျဖစ္ပါဝင္ခြင့္ရမွာ ျဖစ္တဲ့အတြက္ အခုကတည္းက ႀကိဳတင္ကာ ျပင္ဆင္မႈေတြနဲ႔လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

အဆိုပါ ဇာတ္ကားဟာ “ပါးနီ”လို႔နာမည္ေပးထားၿပီး လတ္တေလာမွာ မင္းသမီးေနရာအတြက္ ႐ိုက္ကူးမယ့္ သ႐ုပ္ေဆာင္အတြက္ ဘယ္သူရဲ႕ကာ႐ိုက္တာနဲ႔ပိုအဆင္ေျပႏိုင္မယ္ဆိုတာကို ေဆြးေႏြးေနၾကတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူဟာအားလပ္တဲ့အခ်ိန္မွာ က်န္းမာေရးေလ့က်င့္ခန္းလုပ္တာေတြ၊ အဝတ္ Mask ခ်ဳပ္လုပ္တာေတြကိုလည္း လုပ္ေဆာင္ၿပီး လိုက္လံလႉဒါန္းတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
 
“အခု ဒီရက္ပိုင္းမွာ လႈပ္ရွားမႈအေနနဲ႔က ေၾကာ္ျငာေတြေတာ့ ႐ိုက္ေနရပါတယ္၊ မၾကာခင္႐ိုက္မယ့္ ႐ုပ္ရွင္ဇာတ္ကား အတြက္ ျပင္ဆင္ ေနတာေတာ့ရွိပါတယ္၊ COVID အလြန္မွာ ႐ိုက္ဖို႔ျပင္ဆင္ထားၾကတာေလ၊ အဲ့ဒီကားက ေလာေလာဆယ္မွာ မင္းသမီးေ႐ြးဖို႔ခက္ေနတယ္၊ အဲ့ဒါေၾကာင့္လည္း ကြၽန္ေတာ့္အေနနဲ႔ အဲ့ကားထဲမွာ မင္းသမီးအျဖစ္ ပီပီျပင္ျပင္နဲ႔ သ႐ုပ္ေဆာင္ခြင့္ရမယ္ဆိုရင္ ကြၽန္ေတာ့္ကို အားေပးၾက မွာလားဗ်ာ၊ ကိုယ္ကေတာ့ ကာ႐ိုက္တာအစုံလုပ္မွာပဲေလ၊ ဒါမွလည္း အေတြ႕အႀကဳံေတြပိုမ်ားလာမွာ၊ အခုကေတာ့ အားရင္အားသလို Mask ေလးေတြခ်ဳပ္တယ္၊ မရွိတဲ့သူေတြ ခ်ိဳ႕တဲ့သူေတြကိုသြားလႉေနတာရွိပါတယ္”လို႔ သူက ရွင္းျပပါတယ္။

သူကိုယ္တိုင္ခ်ဳပ္ထားတဲ့ Mask ေတြကို သဃၤန္းကြၽန္းစံျပေဆး႐ုံအပါအဝင္ ဆင္ေျခဖုံးေဒသက ျပည္သူေတြဆီ သြားေရာက္ လႉဒါန္း တာေတြရွိၿပီး အခ်ိန္ရရင္ရသလို Mask ခ်ဳပ္လုပ္တာေတြကိုလည္း လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။ “ဟိုရက္ကေလးကပဲ ကိုယ္ျမတ္ႏိုး ရတဲ့ K Pop ဖက္ရွင္ ေၾကာ္ျငာေလး ႐ိုက္ခြင့္ရခဲ့တယ္၊ အေကာင္းဆုံး လုပ္ေပးခဲ့ပါတယ္ေနာ္၊ Mask ခ်ဳပ္လို႔ ပ်င္းလာရင္ လက္ေဝွ႔ ထိုးတာရွိတယ္၊ ကြၽန္ေတာ္က ဝါသနာပါတယ္ေလ၊ အခု အခ်ိန္မွာ အေကာင္းဆုံးကေတာ့ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ရင္း စိတ္ကို လည္း ေပါ့ေပါ့ပါးပါးနဲ႔ လြတ္လြတ္လပ္လပ္ ထားတယ္၊ ကြၽန္ေတာ့္ကို ေဝဖန္ဆဲဆိုေနတဲ့သူေတြလည္း ေမာကုန္ၿပီထင္ရဲ႕၊ ကြၽန္ေတာ္ ကေတာ့ အေကာင္းဆုံး ျဖစ္ေအာင္လို႔ ႀကိဳးစားေနပါတယ္၊ တစ္ခ်ိဳ႕ဆိုရင္ ကြၽန္ေတာ့္ကို လာမိတ္ဆက္ၾကတယ္၊ အရင္က ဆဲခဲ့တာ ကိုလည္း သူတို႔က ေတာင္းပန္တာေတြရွိတယ္၊ အဲ့လို ဆဲခဲ့ဆိုခဲ့သူေတြက အျပင္မွာဆုံေတာ့ ကြၽန္ေတာ့္ရဲ႕ We love ပရိသတ္ အျဖစ္ အခိုင္အမာျဖစ္လာတယ္၊ ကြၽန္ေတာ္ယုံပါတယ္ေလ၊ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မွာပါ၊ ကြၽန္ေတာ္က အခုေကာင္းတာေတြ လုပ္ေနတာပဲမဟုတ္လား”လို႔ သူက ဆက္လက္ရွင္းျပခဲ့ပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ ၁၅