ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ကြိုတင်ပြင်ဆင်နေတဲ့ မိုးစက်ဝိုင်

ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ကြိုတင်ပြင်ဆင်နေတဲ့ မိုးစက်ဝိုင်

အလှမယ်အဖြစ် လူသိများလာရာကနေ အနုပညာလောကထဲ သရုပ်ဆောင်ရင်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာတဲ့ သရုပ်ဆောင် မိုးစက်ဝိုင်ကတော့ မကြာခင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် လက်ခံထားပြီး ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

 “မကြာခင်မှာ ရိုက်ဖို့ရုပ်ရှင်ကားတစ်ကား လက်ခံထားပါတယ်၊ အဲ့ဒီအတွက် မိုးစက်အနေနဲ့ ကြိုတင်ပြင်ဆင် နေပါတယ်၊ ပရိသတ်တွေအတွက် ထူးဆန်းမယ့်ဇာတ်ကားတစ်ကားပါပဲ၊ ဒီဘက်ခေတ်ကအကြောင်း မဟုတ်တဲ့ ပုံစံနဲ့ဇာတ်အိမ်ဖွဲ့ထားတဲ့ ဇာတ်ကားလေးပါ၊ လောလောဆယ်တော့ ဇာတ်ကားနာမည်ကို မပြောနိုင်သေးပါဘူး နော်၊ ဇာတ်ကားအတွက် မိတ်ဆက်တာတွေဘာတွေလုပ်ပြီးမှပဲ ပရိသတ်တွေသိအောင်ပြောပြပါမယ်” လို့ သရုပ်ဆောင် မိုးစက်ဝိုင်က ပြောပါတယ်။ သူမဟာ လတ်တလောမှာ အနုပညာအလုပ်ထက် စီးပွားရေးကိုဦးစားပေးလုပ်ဖြစ်နေပြီး အနုပညာ အလုပ်ကိုတော့ ဝါသနာအရလုပ်ကိုင်နေကြောင်း၊ ဘဝအတွက် အနုပညာမှတ်တမ်းအဖြစ် ကျန်ရှိစေမယ့် ဇာတ်ကားမျိုးတွေ၊ ပရိသတ်အတွက် အသိပညာရရှိစေမယ့် ပညာပေးဇာတ်ကားတွေအပါအဝင် သူနဲ့ လိုက်ဖက်မှု ရှိတဲ့ ဇာတ်ကားတွေကိုသာ ရွေးချယ်လက်ခံသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

 “မိုးစက်က အနုပညာအလုပ်တွေထက် စီးပွားရေးကို လုပ်နေပေမယ့် ပရိသတ်အတွက် ပညာရတာမျိုးတွေပေါ့၊ မိုးစက် အတွက်လည်း အနုပညာမှတ်တိုင်အနေနဲ့ ကျန်တာမျိုးတွေ အဲ့ဒီလိုဇာတ်ကားမျိုးတော့ ရိုက်မှာပါ၊ မိုးစက်ရဲ့ အသိုက်အဝိုင်း ကလည်း အနုပညာလောကထဲက မဟုတ်ဘူးလေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ပဲ လည်ပတ် လာခဲ့တော့ အနုပညာအလုပ် တစ်ခုခုလုပ်မယ်ဆိုရင် အိမ်ကိုခွင့်တောင်းတဲ့အခါ သိပ်ပြီးတော့ မနှစ်သက် ချင်ကြဘူးလေ၊ ဆွေမျိုးအသိုင်းအဝိုင်းက အနုပညာထဲကမဟုတ်တော့ တစ်ခုခု လုပ်ရင်ပြောနေရတယ်၊ သူတို့ကလည်း Art တွေဘာတွေသိပ်စိတ်မဝင်စားဘူး၊ ငယ်ငယ်ကတည်းကလည်း အနုပညာထဲ ဝင်တာမဟုတ်တဲ့အတွက် ဦးစားပေးလုပ်ရမယ့်အရွယ်လည်း မဟုတ်ဘူးလို့ ထင်တယ်၊ ဒါပေမဲ့ မိုးစက်ရဲ့ ဝါသနာအရတော့ အနုပညာကို လုပ်မှာပါ၊ အခုက စီးပွားရေးလုပ်နေတဲ့ အခါကျတော့ ဒါနဲ့ ပတ်သက်ပြီး ကိုယ့်မှာတာဝန်ရှိတယ်လေ၊ လုပ်ငန်းထဲက ဝန်ထမ်းတွေအတွက်ရော Customer တွေအတွက်ရော တာဝန်ရှိတယ်၊ ကိုယ်ပိုင်အလုပ်လုပ်တဲ့နေရာမှာ အဆိုးအကောင်းတွေအတွက် ကြိုးစားရတာပဲ၊ ပထမဆုံးမှာတော့ ရှုံးမယ်၊ ဒုက္ခရောက်မယ်၊ အခုထိလည်း ရှုံးနေဦးမှာပဲလေ၊ တဖြေးဖြေးတော့ အောင်မြင်အောင် ကြိုးစားရတာပေါ့၊ လောလောဆယ်က ကိုယ့်ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ အလုပ်နဲ့အိမ်နဲ့ပဲ သွားတာရှိတယ်”လို့ သူမက ရှင်းပြပါတယ်။

သူမအနေနဲ့ ဝါသနာအရ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သရုပ်ဆောင် နေတိုး၊ ရွှေထူးတို့နဲ့အတူ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့သလို ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းလာတဲ့အပေါ် စိစစ်ပြီးလက်ခံနေတယ်လို့ သိရပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၅

(  Zawgyi  )

 အလွမယ္အျဖစ္ လူသိမ်ားလာရာကေန အႏုပညာေလာကထဲ သ႐ုပ္ေဆာင္ရင္း ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးလာတဲ့ သ႐ုပ္ေဆာင္ မိုးစက္ဝိုင္ကေတာ့ မၾကာခင္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားတစ္ကားအတြက္ လက္ခံထားၿပီး ႀကိဳတင္ျပင္ဆင္တာေတြကို လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

 “မၾကာခင္မွာ ႐ိုက္ဖို႔႐ုပ္ရွင္ကားတစ္ကား လက္ခံထားပါတယ္၊ အဲ့ဒီအတြက္ မိုးစက္အေနနဲ႔ ႀကိဳတင္ျပင္ဆင္ ေနပါတယ္၊ ပရိသတ္ေတြအတြက္ ထူးဆန္းမယ့္ဇာတ္ကားတစ္ကားပါပဲ၊ ဒီဘက္ေခတ္ကအေၾကာင္း မဟုတ္တဲ့ ပုံစံနဲ႔ဇာတ္အိမ္ဖြဲ႕ထားတဲ့ ဇာတ္ကားေလးပါ၊ ေလာေလာဆယ္ေတာ့ ဇာတ္ကားနာမည္ကို မေျပာႏိုင္ေသးပါဘူး ေနာ္၊ ဇာတ္ကားအတြက္ မိတ္ဆက္တာေတြဘာေတြလုပ္ၿပီးမွပဲ ပရိသတ္ေတြသိေအာင္ေျပာျပပါမယ္” လို႔ သ႐ုပ္ေဆာင္ မိုးစက္ဝိုင္က ေျပာပါတယ္။ သူမဟာ လတ္တေလာမွာ အႏုပညာအလုပ္ထက္ စီးပြားေရးကိုဦးစားေပးလုပ္ျဖစ္ေနၿပီး အႏုပညာ အလုပ္ကိုေတာ့ ဝါသနာအရလုပ္ကိုင္ေနေၾကာင္း၊ ဘဝအတြက္ အႏုပညာမွတ္တမ္းအျဖစ္ က်န္ရွိေစမယ့္ ဇာတ္ကားမ်ိဳးေတြ၊ ပရိသတ္အတြက္ အသိပညာရရွိေစမယ့္ ပညာေပးဇာတ္ကားေတြအပါအဝင္ သူနဲ႔ လိုက္ဖက္မႈ ရွိတဲ့ ဇာတ္ကားေတြကိုသာ ေ႐ြးခ်ယ္လက္ခံသြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။

 “မိုးစက္က အႏုပညာအလုပ္ေတြထက္ စီးပြားေရးကို လုပ္ေနေပမယ့္ ပရိသတ္အတြက္ ပညာရတာမ်ိဳးေတြေပါ့၊ မိုးစက္ အတြက္လည္း အႏုပညာမွတ္တိုင္အေနနဲ႔ က်န္တာမ်ိဳးေတြ အဲ့ဒီလိုဇာတ္ကားမ်ိဳးေတာ့ ႐ိုက္မွာပါ၊ မိုးစက္ရဲ႕ အသိုက္အဝိုင္း ကလည္း အႏုပညာေလာကထဲက မဟုတ္ဘူးေလ၊ စီးပြားေရးလုပ္ငန္းေတြနဲ႔ပဲ လည္ပတ္ လာခဲ့ေတာ့ အႏုပညာအလုပ္ တစ္ခုခုလုပ္မယ္ဆိုရင္ အိမ္ကိုခြင့္ေတာင္းတဲ့အခါ သိပ္ၿပီးေတာ့ မႏွစ္သက္ ခ်င္ၾကဘူးေလ၊ ေဆြမ်ိဳးအသိုင္းအဝိုင္းက အႏုပညာထဲကမဟုတ္ေတာ့ တစ္ခုခု လုပ္ရင္ေျပာေနရတယ္၊ သူတို႔ကလည္း Art ေတြဘာေတြသိပ္စိတ္မဝင္စားဘူး၊ ငယ္ငယ္ကတည္းကလည္း အႏုပညာထဲ ဝင္တာမဟုတ္တဲ့အတြက္ ဦးစားေပးလုပ္ရမယ့္အ႐ြယ္လည္း မဟုတ္ဘူးလို႔ ထင္တယ္၊ ဒါေပမဲ့ မိုးစက္ရဲ႕ ဝါသနာအရေတာ့ အႏုပညာကို လုပ္မွာပါ၊ အခုက စီးပြားေရးလုပ္ေနတဲ့ အခါက်ေတာ့ ဒါနဲ႔ ပတ္သက္ၿပီး ကိုယ့္မွာတာဝန္ရွိတယ္ေလ၊ လုပ္ငန္းထဲက ဝန္ထမ္းေတြအတြက္ေရာ Customer ေတြအတြက္ေရာ တာဝန္ရွိတယ္၊ ကိုယ္ပိုင္အလုပ္လုပ္တဲ့ေနရာမွာ အဆိုးအေကာင္းေတြအတြက္ ႀကိဳးစားရတာပဲ၊ ပထမဆုံးမွာေတာ့ ရႈံးမယ္၊ ဒုကၡေရာက္မယ္၊ အခုထိလည္း ရႈံးေနဦးမွာပဲေလ၊ တေျဖးေျဖးေတာ့ ေအာင္ျမင္ေအာင္ ႀကိဳးစားရတာေပါ့၊ ေလာေလာဆယ္က ကိုယ့္ရဲ႕အႏုပညာလႈပ္ရွားမႈေတြနဲ႔ အလုပ္နဲ႔အိမ္နဲ႔ပဲ သြားတာရွိတယ္”လို႔ သူမက ရွင္းျပပါတယ္။

သူမအေနနဲ႔ ဝါသနာအရ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို သ႐ုပ္ေဆာင္ ေနတိုး၊ ေ႐ႊထူးတို႔နဲ႔အတူ “ပက္ပက္စက္စက္ညႇိဳ႕” ႐ုပ္ရွင္ ဇာတ္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားခဲ့သလို ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးဖို႔ ကမ္းလွမ္းလာတဲ့အေပၚ စိစစ္ၿပီးလက္ခံေနတယ္လို႔ သိရပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၅