ရုပ်ရှင်ဇာတ်ကား ပရိသတ်နှစ်သက်စေဖို့ ဇာတ်ညွှန်းအနေအထားက အရေးကြီးဟု ဆရာငြိမ်းမင်း ဆို

ရုပ်ရှင်ဇာတ်ကား ပရိသတ်နှစ်သက်စေဖို့ ဇာတ်ညွှန်းအနေအထားက အရေးကြီးဟု ဆရာငြိမ်းမင်း ဆို

ပရိသတ်နှစ်သက်စေတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ပေါ်ထွက်လာဖို့ဆိုတာ ဇာတ်ညွှန်းအနေအထား ကောင်းဖို့ကလည်း အရေးကြီးတယ်လို့ ဇာတ်ညွှန်း ဦးငြိမ်းမင်း က ပြောပါတယ်။

“ကိုယ်တွေက အသက်တွေကြီးတာလည်း ပါတာပေါ့၊ ဇာတ်ညွှန်းပညာနဲ့ ပတ်သက်ပြီး မျိုးဆက်သစ်တွေကို မျှဝေပေးနေတာတွေ ရှိပါတယ်၊ ဇာတ်ကားတစ်ကား ကောင်းဖို့ဆိုတာက အခြေခံကျောရိုးက ဇာတ်ညွှန်းကောင်းဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်၊ ဘယ်လိုပဲ ခေတ်မီနည်းပညာတွေနဲ့ပဲသုံးပြီး ရိုက်စေဦးတော့ အစကတည်းက ဇာတ်ညွှန်းက မကောင်းရင်သွားတာပဲလေ၊ ဇာတ်လမ်းရှိတဲ့နေရာမှာ ဇာတ်ညွှန်းရှိတယ်၊ ဇာတ်ညွှန်းရဲ့ အခြေခံသဘောကို နားလည်တဲ့အခါ ဝတ္တု၊ ပြဇာတ်၊ ရုပ်ရှင် စတဲ့ ပညာရပ်တွေအတွက် လေ့လာရတာလည်း လွယ်တယ်၊ ဇာတ်ညွှန်းပညာရပ်ကို တတ်နိုင်သမျှ တိုးတက်စေချင်တယ်၊ ဒါကြောင့်လည်း မျိုးဆက်သစ်တွေကို ဆွဲခေါ်ရင်းနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ဦးငြိမ်းမင်းဟာ “ငါ သူတစ်ပါး ယောကျ်ားမိန်းမ”၊ “အမေ့နို့ဖိုး”၊ “လျှို့ဝှက်သောနှင်း” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ အကယ်ဒမီဆုတွေ ရရှိထားပြီး စာပေနဲ့ပတ်သက်လို့လည်း အမျိုးသားစာပေဆုကို ရရှိထားပါတယ်။

ဇာတ်လမ်းရှိတဲ့နေရာမှာ ဇာတ်ညွှန်းရှိသလို ဇာတ်လမ်းကို ဝတ္ထုလို၊ ပြဇာတ်လို ကဗျာလို ရေးသားတာမျိုးတွေလည်းရှိပြီး မြန်မာစာပေလောက ဖွံ့ဖြိုးရေးအတွက်လည်း များစွာအထောက်အကူပြုစေသလို ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်လာဖို့ အထောက်ပံ့များစွာလည်း ဖြစ်စေမယ်လို့ သိရပါတယ်။

“ဇာတ်ညွှန်းပညာရပ် အရည်အသွေးမြင့်မားပြီး မျိုးဆက်သစ်တွေရဲ့ကြားမှာ ပြန့်ပွားတိုးတက်ရေးအတွက် အခု ရန်ကုန်တက္ကသိုလ်မှာ သင်တန်းတွေ လုပ်နေပါတယ်၊ မန္တလေးမှာလည်း သွားရောက်ပြီးတော့ သင်တန်းတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ဇာတ်ညွှန်း ဦးငြိမ်းမင်း က ပြောပါတယ်။

ရုပ်ရှင်လောကကို မြှင့်တင်တဲ့နေရာမှာ အရည်အသွေးကောင်းတဲ့ ဇာတ်ကားကောင်းတွေ များစွာပေါ်ထွက်စေဖို့အတွက် သူကျွမ်းကျင်တဲ့ နယ်ပယ်ကနေ ကြိုးပမ်းလုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၁၅

( Zawgyi )

ပရိသတ္ႏွစ္သက္ေစတဲ့ ႐ုပ္ရွင္ဇာတ္ကားေကာင္းတစ္ကား ေပၚထြက္လာဖို႔ဆိုတာ ဇာတ္ၫႊန္းအေနအထား ေကာင္းဖို႔ကလည္း အေရးႀကီးတယ္လို႔ ဇာတ္ၫႊန္း ဦးၿငိမ္းမင္း က ေျပာပါတယ္။

“ကိုယ္ေတြက အသက္ေတြႀကီးတာလည္း ပါတာေပါ့၊ ဇာတ္ၫႊန္းပညာနဲ႔ ပတ္သက္ၿပီး မ်ိဳးဆက္သစ္ေတြကို မွ်ေဝေပးေနတာေတြ ရွိပါတယ္၊ ဇာတ္ကားတစ္ကား ေကာင္းဖို႔ဆိုတာက အေျခခံေက်ာ႐ိုးက ဇာတ္ၫႊန္းေကာင္းဖို႔ကလည္း သိပ္ကိုအေရးႀကီးပါတယ္၊ ဘယ္လိုပဲ ေခတ္မီနည္းပညာေတြနဲ႔ပဲသုံးၿပီး ႐ိုက္ေစဦးေတာ့ အစကတည္းက ဇာတ္ၫႊန္းက မေကာင္းရင္သြားတာပဲေလ၊ ဇာတ္လမ္းရွိတဲ့ေနရာမွာ ဇာတ္ၫႊန္းရွိတယ္၊ ဇာတ္ၫႊန္းရဲ႕ အေျခခံသေဘာကို နားလည္တဲ့အခါ ဝတၱဳ၊ ျပဇာတ္၊ ႐ုပ္ရွင္ စတဲ့ ပညာရပ္ေတြအတြက္ ေလ့လာရတာလည္း လြယ္တယ္၊ ဇာတ္ၫႊန္းပညာရပ္ကို တတ္ႏိုင္သမွ် တိုးတက္ေစခ်င္တယ္၊ ဒါေၾကာင့္လည္း မ်ိဳးဆက္သစ္ေတြကို ဆြဲေခၚရင္းနဲ႔ လုပ္ေဆာင္မွာ ျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

ဦးၿငိမ္းမင္းဟာ “ငါ သူတစ္ပါး ေယာက်္ားမိန္းမ”၊ “အေမ့ႏို႔ဖိုး”၊ “လွ်ိဳ႕ဝွက္ေသာႏွင္း” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ အကယ္ဒမီဆုေတြ ရရွိထားၿပီး စာေပနဲ႔ပတ္သက္လို႔လည္း အမ်ိဳးသားစာေပဆုကို ရရွိထားပါတယ္။

ဇာတ္လမ္းရွိတဲ့ေနရာမွာ ဇာတ္ၫႊန္းရွိသလို ဇာတ္လမ္းကို ဝတၳဳလို၊ ျပဇာတ္လို ကဗ်ာလို ေရးသားတာမ်ိဳးေတြလည္းရွိၿပီး ျမန္မာစာေပေလာက ဖြံ႕ၿဖိဳးေရးအတြက္လည္း မ်ားစြာအေထာက္အကူျပဳေစသလို ႐ုပ္ရွင္ဇာတ္ကားေကာင္းတစ္ကား ျဖစ္လာဖို႔ အေထာက္ပံ့မ်ားစြာလည္း ျဖစ္ေစမယ္လို႔ သိရပါတယ္။

“ဇာတ္ၫႊန္းပညာရပ္ အရည္အေသြးျမင့္မားၿပီး မ်ိဳးဆက္သစ္ေတြရဲ႕ၾကားမွာ ျပန႔္ပြားတိုးတက္ေရးအတြက္ အခု ရန္ကုန္တကၠသိုလ္မွာ သင္တန္းေတြ လုပ္ေနပါတယ္၊ မႏၲေလးမွာလည္း သြားေရာက္ၿပီးေတာ့ သင္တန္းေတြ လုပ္ေဆာင္သြားဖို႔ ရွိပါတယ္” လို႔ ဇာတ္ၫႊန္း ဦးၿငိမ္းမင္း က ေျပာပါတယ္။

႐ုပ္ရွင္ေလာကကို ျမႇင့္တင္တဲ့ေနရာမွာ အရည္အေသြးေကာင္းတဲ့ ဇာတ္ကားေကာင္းေတြ မ်ားစြာေပၚထြက္ေစဖို႔အတြက္ သူကြၽမ္းက်င္တဲ့ နယ္ပယ္ကေန ႀကိဳးပမ္းလုပ္ေဆာင္ေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၁၅