ရုပ်ရှင်ဗီဒီယိုတွေ ရိုက်နေရလို့ ပရဟိတအလုပ်အတွက် အချိန်လုနေရတဲ့ သရုပ်ဆောင် စိုးထက်

ရုပ်ရှင်ဗီဒီယိုတွေ ရိုက်နေရလို့  ပရဟိတအလုပ်အတွက် အချိန်လုနေရတဲ့ သရုပ်ဆောင် စိုးထက်

အခုရက်ပိုင်း ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေကို တောက်လျှောက်ရိုက်နေရတာကြောင့်လည်း မိမိဝါသနာပါတဲ့ ပရဟိတအလုပ်တွေကို အချိန်လုကာ စီစဉ်နေရတယ်လို့ သရုပ်ဆောင် စိုးထက် က ပြောပါတယ်။

“ကျွန်တော် ခွေးဂေဟောလေးတစ်ခု လုပ်ပေးဖို့ စီစဉ်နေပါတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်းက ရိုက်ကွင်းတွေနဲ့ မအားတာကြောင့်လည်း ဒါကို အချိန်လုပြီးတော့ စီမံနေရတဲ့ အနေအထား ဖြစ်နေတာပါ” လို့ သူက ပြောပါတယ်။

အခုလတ်တလောမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲက “အပယ်ခံရှင်းတမ်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရုံတင်ဖို့ ရှိနေသလို ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်နေရပြီး “ကယ်တင်ရှင်အသည်းခွဲ”၊ သူပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ဇာတ်ကား တစ်ကားလည်း MRTV ရုပ်သံလိုင်းကနေ ပြသဖို့ ရှိနေသေးတယ်လို့ သိရပါတယ်။
 

“ကျွန်တော်က ပရဟိတကို စပြီးလုပ်ဖြစ်တာက ၉ တန်း ၁၀ တန်းလောက်ကပါ၊ အခုလည်း အားတဲ့အချိန်မှာ လုပ်သွားမှာပါ၊ လာမယ့် တစ်လနှစ်လထဲမှာတော့ ခွေးဂေဟာလေးတစ်ခု လုပ်ဖို့ရှိပါတယ်၊ လှည်းကူးဘက်မှာ လုပ်မှာပါ၊ ပိုင်ရှင်မဲ့ စွန့်ပစ်ထားတဲ့ ခွေးလေးတွေနဲ့ လမ်းပေါ်ကခွေးတွေကို အဲ့ဒီဂေဟာမှာ လက်ခံပြီး ကျွေးမွေးထားမယ်၊ အဲ့ဒီလိုလုပ်နိုင်ဖို့လည်း ပိုက်ဆံတော့စုထားရပေါ့၊ အခုခေတ်မှာက အစစအရာရာ ကုန်ကျစရိတ်တွေ များပြားနေတဲ့အချိန်ဆိုတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့” လို့လည်း သူက ရှင်းပြပါတယ်။

အခုဆိုရင် ခွေးလေခွေးလွင့်တွေကို စောင့်ရှောက်နေတဲ့ ဂေဟာအများစုမှာ လက်ခံထားတဲ့ ခွေးတွေ များပြားနေပြီး တစ်ချို့ဂေဟာတွေဆိုရင် လက်မခံနိုင်တော့တဲ့ အခြေအနေတွေ ရှိတာကြောင့် အဲ့ဒီလိုအပ်ချက် ကွက်လပ်ကို ဝင်ရောက်ကူညီပေးတာမျိုးလည်း ဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်ထဲမှာ ခွေးဂေဟာတစ်ခု စီစဉ်ပြီးတဲ့အခါ ပိုင်ရှင်မရှိတဲ့ ခွေးတွေကို လက်ခံသွားဖို့ရှိပြီး ဂေဟာမှာထားရှိမယ့် တိရစ္ဆာန်တွေကို အနီးကပ်စောင့်ရှောက်နိုင်ဖို့အတွက် နယ်မှာရှိတဲ့ ဆွေမျိုးတွေကို အကူအညီတောင်းကာ လုပ်ကိုင်သွားဖို့ ရှိနေတယ်လို့ သိရ ပါတယ်။
 

“စောင့်ရှောက်ဖို့အတွက်တော့ နယ်မှာရှိတဲ့ ကျွန်တော့်ရဲ့ အမျိုးတွေ၊ ဆွေမကင်း မျိုးမကင်းတွေကို ခေါ်ပြီးတော့ အကူအညီတောင်း လုပ်ဆောင်မှာပါ၊ ကျွန်တော့်ရဲ့ ဖန်တွေရဲ့ အကူအညီနဲ့လည်း ဆောင်ရွက်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၃

(zawgyi)

အခုရက္ပိုင္း ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေတြကို ေတာက္ေလွ်ာက္႐ိုက္ေနရတာေၾကာင့္လည္း မိမိဝါသနာပါတဲ့ ပရဟိတအလုပ္ေတြကို အခ်ိန္လုကာ စီစဥ္ေနရတယ္လို႔ သ႐ုပ္ေဆာင္ စိုးထက္ က ေျပာပါတယ္။

“ကြၽန္ေတာ္ ေခြးေဂေဟာေလးတစ္ခု လုပ္ေပးဖို႔ စီစဥ္ေနပါတယ္၊ ဒါေပမဲ့ ဒီရက္ပိုင္းက ႐ိုက္ကြင္းေတြနဲ႔ မအားတာေၾကာင့္လည္း ဒါကို အခ်ိန္လုၿပီးေတာ့ စီမံေနရတဲ့ အေနအထား ျဖစ္ေနတာပါ” လို႔ သူက ေျပာပါတယ္။

အခုလတ္တေလာမွာေတာ့ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ကားေတြထဲက “အပယ္ခံရွင္းတမ္း” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကား ႐ုံတင္ဖို႔ ရွိေနသလို ဇာတ္ကားေတြလည္း ဆက္တိုက္႐ိုက္ေနရၿပီး “ကယ္တင္ရွင္အသည္းခြဲ”၊ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေနာက္ထပ္ဇာတ္ကား တစ္ကားလည္း MRTV ႐ုပ္သံလိုင္းကေန ျပသဖို႔ ရွိေနေသးတယ္လို႔ သိရပါတယ္။
 

“ကြၽန္ေတာ္က ပရဟိတကို စၿပီးလုပ္ျဖစ္တာက ၉ တန္း ၁၀ တန္းေလာက္ကပါ၊ အခုလည္း အားတဲ့အခ်ိန္မွာ လုပ္သြားမွာပါ၊ လာမယ့္ တစ္လႏွစ္လထဲမွာေတာ့ ေခြးေဂဟာေလးတစ္ခု လုပ္ဖို႔ရွိပါတယ္၊ လွည္းကူးဘက္မွာ လုပ္မွာပါ၊ ပိုင္ရွင္မဲ့ စြန႔္ပစ္ထားတဲ့ ေခြးေလးေတြနဲ႔ လမ္းေပၚကေခြးေတြကို အဲ့ဒီေဂဟာမွာ လက္ခံၿပီး ေကြၽးေမြးထားမယ္၊ အဲ့ဒီလိုလုပ္ႏိုင္ဖို႔လည္း ပိုက္ဆံေတာ့စုထားရေပါ့၊ အခုေခတ္မွာက အစစအရာရာ ကုန္က်စရိတ္ေတြ မ်ားျပားေနတဲ့အခ်ိန္ဆိုေတာ့ နည္းနည္းေတာ့ အခက္အခဲရွိတာေပါ့” လို႔လည္း သူက ရွင္းျပပါတယ္။

အခုဆိုရင္ ေခြးေလေခြးလြင့္ေတြကို ေစာင့္ေရွာက္ေနတဲ့ ေဂဟာအမ်ားစုမွာ လက္ခံထားတဲ့ ေခြးေတြ မ်ားျပားေနၿပီး တစ္ခ်ိဳ႕ေဂဟာေတြဆိုရင္ လက္မခံႏိုင္ေတာ့တဲ့ အေျခအေနေတြ ရွိတာေၾကာင့္ အဲ့ဒီလိုအပ္ခ်က္ ကြက္လပ္ကို ဝင္ေရာက္ကူညီေပးတာမ်ိဳးလည္း ျဖစ္ေၾကာင္း၊ လွည္းကူးၿမိဳ႕နယ္ထဲမွာ ေခြးေဂဟာတစ္ခု စီစဥ္ၿပီးတဲ့အခါ ပိုင္ရွင္မရွိတဲ့ ေခြးေတြကို လက္ခံသြားဖို႔ရွိၿပီး ေဂဟာမွာထားရွိမယ့္ တိရစာၦန္ေတြကို အနီးကပ္ေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ နယ္မွာရွိတဲ့ ေဆြမ်ိဳးေတြကို အကူအညီေတာင္းကာ လုပ္ကိုင္သြားဖို႔ ရွိေနတယ္လို႔ သိရ ပါတယ္။
 

“ေစာင့္ေရွာက္ဖို႔အတြက္ေတာ့ နယ္မွာရွိတဲ့ ကြၽန္ေတာ့္ရဲ႕ အမ်ိဳးေတြ၊ ေဆြမကင္း မ်ိဳးမကင္းေတြကို ေခၚၿပီးေတာ့ အကူအညီေတာင္း လုပ္ေဆာင္မွာပါ၊ ကြၽန္ေတာ့္ရဲ႕ ဖန္ေတြရဲ႕ အကူအညီနဲ႔လည္း ေဆာင္႐ြက္သြားမွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၃