ရုပ်ရှင်ရိုက်ကူးမှု ယာယီနားနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်း

ရုပ်ရှင်ရိုက်ကူးမှု ယာယီနားနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းဟာ ယခု ရုပ်ရှင်ရိုက်ကူးတာတွေကို ယာယီနားထားပြီး ဇာတ်လမ်းရှာကာ ပြင်ဆင် လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

“လောလောဆယ်က ကျွန်တော်ခဏလေးနားနေတာပါ၊ နားတယ်ဆိုတာကလည်း နောက်ထပ် ရိုက်မယ့် ကားတွေအတွက် ဇာတ်လမ်းတွေရှာနေတာပေါ့၊ လိုအပ်တဲ့ ပြင်ဆင်သင့်တာတွေလည်း ပြင်ဆင်ရင်းနဲ့ပေါ့လေ၊ အဲ့ဒီလိုပါ”လို့ သရုပ်ဆောင် မင်းမော်ကွန်းက ပြောပါတယ်။

သူ့အနေနဲ့ ရုပ်ရှင်ရိုက်ကူးမှုခေတ္တနားနေတဲ့ အချိန်မှာ သားဖြစ်သူရဲ့ အနုပညာလုပ်ငန်းတွေကို ထောက်ပံ့ ကူညီပေးတာတွေနဲ့ လုပ်ဆောင်နေသလို ပြည်ပမှာ ပညာသင်သွားတဲ့ သမီးဖြစ်သူ အတွက် လည်း လိုအပ်တဲ့ ကူညီမှုတွေနဲ့ လုပ်ဆောင်နေပါတယ်။

“မိသားစုအလုပ်တွေလည်း ပိုလုပ်ဖြစ်နေတာပေါ့၊ မကြာခင်တော့ အနုပညာအလုပ်တွေပြန်လုပ်မှာပါ၊ ဇာတ်လမ်းကောင်းကောင်းလေးတွေ ရအောင်လို့တော့ ရှာရင်းနဲ့ လုပ်ကိုင်နေရတာလည်း ရှိတာပေါ့လေ၊ သားသမီးတွေက သူတို့ ဝါသနာပါရာကို ရွေးချယ်ကြတာပါ၊ ကျွန်တော့်အနေနဲ့က ဒါနဲ့ပတ်သက်ပြီးတော့လည်း ဘာမှကန့်ကွက်စရာမရှိပါဘူး၊ အဓိကက သူတို့ကိုယ်တိုင် စိတ်ဝင်စားမှုရှိဖို့လည်း အရေးကြီးတာပဲလေ၊ ဒါမှလည်း ကြိုးစားမှုတွေပိုရှိလာမယ်”လို့ သူက ရှင်းပြပါတယ်။

သူ့အနေနဲ့ တေးသီချင်းတွေကို ပြန်လည်လုပ်ကိုင်နေတာတွေရှိသလို ယခင်က ထွက်ရှိခဲ့ဖူးတဲ့ “မြေပဲယို” တေးသီချင်းတွေကို ပြန်ဆိုနေတာတွေလည်းရှိပါတယ်။ “သီချင်းလေးတွေလည်းလုပ်သွား မှာပါ၊ အခု လောလောဆယ်က မြေပဲယိုသီချင်းလေးတွေ ပြန်ပြီးဆိုနေတယ်၊ သရုပ်ဆောင်တာလည်း လုပ်မယ်၊ တေးသီချင်းပိုင်းလည်း လုပ်မှာပါ၊ ဒါတွေက ကိုယ်ဝါသနာပါလို့ ဖန်တီးခဲ့တဲ့ဟာတွေလေ၊ ဒါတွေကိုပဲ ဆက်လုပ်သွားမှာ”လို့ သူက ဆက်ပြောပါတယ်။ သူဟာ ဂီတနဲ့ပတ်သက်ပြီး စွဲမက်သူ တစ်ဦးလည်း ဖြစ်သလို သူသီဆိုထုတ်ဝေခဲ့တဲ့ “မြေပဲယို”သီချင်းခွေဟာလည်း နှစ်သက်တဲ့ ပရိသတ်တွေ များပြားခဲ့ပါတယ်။

 တေးသီချင်း တွေကိုသီဆိုရင်း တစ်ဖက်ကလည်း သရုပ်ဆောင်တဲ့ အလုပ်ကို လုပ်ကိုင်တာတွေ ရှိသလို ပရဟိတ အစီအစဉ်တွေအဖြစ် ဖျော်ဖြေတင်ဆက်ဖို့ ဖိတ်ကြားကာ အကူအညီတောင်း လာ တာတွေ အပေါ်မှာလည်း အားသက်သရောနဲ့ ပါဝင် ကူညီဖျော် ဖြေတတ်သူလည်း ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၂၀

(  Zawgyi  )

 သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းဟာ ယခု ႐ုပ္ရွင္႐ိုက္ကူးတာေတြကို ယာယီနားထားၿပီး ဇာတ္လမ္းရွာကာ ျပင္ဆင္ လုပ္ေဆာင္ေနတယ္လို႔ သူကေျပာပါတယ္။

“ေလာေလာဆယ္က ကြၽန္ေတာ္ခဏေလးနားေနတာပါ၊ နားတယ္ဆိုတာကလည္း ေနာက္ထပ္ ႐ိုက္မယ့္ ကားေတြအတြက္ ဇာတ္လမ္းေတြရွာေနတာေပါ့၊ လိုအပ္တဲ့ ျပင္ဆင္သင့္တာေတြလည္း ျပင္ဆင္ရင္းနဲ႔ေပါ့ေလ၊ အဲ့ဒီလိုပါ”လို႔ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းက ေျပာပါတယ္။

သူ႔အေနနဲ႔ ႐ုပ္ရွင္႐ိုက္ကူးမႈေခတၱနားေနတဲ့ အခ်ိန္မွာ သားျဖစ္သူရဲ႕ အႏုပညာလုပ္ငန္းေတြကို ေထာက္ပံ့ ကူညီေပးတာေတြနဲ႔ လုပ္ေဆာင္ေနသလို ျပည္ပမွာ ပညာသင္သြားတဲ့ သမီးျဖစ္သူ အတြက္ လည္း လိုအပ္တဲ့ ကူညီမႈေတြနဲ႔ လုပ္ေဆာင္ေနပါတယ္။

“မိသားစုအလုပ္ေတြလည္း ပိုလုပ္ျဖစ္ေနတာေပါ့၊ မၾကာခင္ေတာ့ အႏုပညာအလုပ္ေတြျပန္လုပ္မွာပါ၊ ဇာတ္လမ္းေကာင္းေကာင္းေလးေတြ ရေအာင္လို႔ေတာ့ ရွာရင္းနဲ႔ လုပ္ကိုင္ေနရတာလည္း ရွိတာေပါ့ေလ၊ သားသမီးေတြက သူတို႔ ဝါသနာပါရာကို ေ႐ြးခ်ယ္ၾကတာပါ၊ ကြၽန္ေတာ့္အေနနဲ႔က ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း ဘာမွကန႔္ကြက္စရာမရွိပါဘူး၊ အဓိကက သူတို႔ကိုယ္တိုင္ စိတ္ဝင္စားမႈရွိဖို႔လည္း အေရးႀကီးတာပဲေလ၊ ဒါမွလည္း ႀကိဳးစားမႈေတြပိုရွိလာမယ္”လို႔ သူက ရွင္းျပပါတယ္။

သူ႔အေနနဲ႔ ေတးသီခ်င္းေတြကို ျပန္လည္လုပ္ကိုင္ေနတာေတြရွိသလို ယခင္က ထြက္ရွိခဲ့ဖူးတဲ့ “ေျမပဲယို” ေတးသီခ်င္းေတြကို ျပန္ဆိုေနတာေတြလည္းရွိပါတယ္။ “သီခ်င္းေလးေတြလည္းလုပ္သြား မွာပါ၊ အခု ေလာေလာဆယ္က ေျမပဲယိုသီခ်င္းေလးေတြ ျပန္ၿပီးဆိုေနတယ္၊ သ႐ုပ္ေဆာင္တာလည္း လုပ္မယ္၊ ေတးသီခ်င္းပိုင္းလည္း လုပ္မွာပါ၊ ဒါေတြက ကိုယ္ဝါသနာပါလို႔ ဖန္တီးခဲ့တဲ့ဟာေတြေလ၊ ဒါေတြကိုပဲ ဆက္လုပ္သြားမွာ”လို႔ သူက ဆက္ေျပာပါတယ္။ သူဟာ ဂီတနဲ႔ပတ္သက္ၿပီး စြဲမက္သူ တစ္ဦးလည္း ျဖစ္သလို သူသီဆိုထုတ္ေဝခဲ့တဲ့ “ေျမပဲယို”သီခ်င္းေခြဟာလည္း ႏွစ္သက္တဲ့ ပရိသတ္ေတြ မ်ားျပားခဲ့ပါတယ္။

 ေတးသီခ်င္း ေတြကိုသီဆိုရင္း တစ္ဖက္ကလည္း သ႐ုပ္ေဆာင္တဲ့ အလုပ္ကို လုပ္ကိုင္တာေတြ ရွိသလို ပရဟိတ အစီအစဥ္ေတြအျဖစ္ ေဖ်ာ္ေျဖတင္ဆက္ဖို႔ ဖိတ္ၾကားကာ အကူအညီေတာင္း လာ တာေတြ အေပၚမွာလည္း အားသက္သေရာနဲ႔ ပါဝင္ ကူညီေဖ်ာ္ ေျဖတတ္သူလည္း ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၂၀