ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရစ်စီဝှစ်သာစပွန်း၊ ဘီယွန်းစေးတို့နဲ့ အရွှန်းဖောက်ပျော်ရွှင်နေတဲ့ ဂျနီဖာအန်နစ္စတန်

 ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရစ်စီဝှစ်သာစပွန်း၊ ဘီယွန်းစေးတို့နဲ့ အရွှန်းဖောက်ပျော်ရွှင်နေတဲ့ ဂျနီဖာအန်နစ္စတန်

ဇန်နဝါရီ ၅ ရက်နေ့က ဟောလိဝုဒ်မှာကျင်းပခဲ့တဲ့ ၂၀၂၀ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဘရက်ပစ်ဇနီးဟောင်း ဂျနီဖာအန်နစ္စတန်ကို တောက်ပတဲ့ အပြုံးတွေနဲ့အတူ တွေ့မြင်ရပါတယ်။ ဒီပွဲမှာ ဂျနီဖာက အနက်ရောင် Dior Brand ဂါဝန်ရှည်ကို လှပကျော့ရှင်းစွာဝတ်ဆင်ထားပြီး၊ ညစာစားပွဲမှာ ရစ်စီဝှစ်သာစပွန်းနဲ့ တွဲရိုက်ထားတဲ့ Selfie ပို့စ်တင်ထားတာ တွေ့ရပါတယ်။ အဲဒီပုံက ဆုပေးပွဲညစားစားပွဲမှာ ရိုက်ထားတာပါ။ Captionမှာတော့ ဂျနီဖာနဲ့ ရစ်စီတို့ တစ်စားပွဲတည်းမှာ ညစာစားရင်းက သောက်ရေကုန်သွားချိန်မှာ ရစ်စီက အလိုက်တသိနဲ့ ဘီယွန်းစေးတို့ဘက်လှည့်ပြီး ရှန်ပိန်တစ်ခွက်လှမ်းတောင်းတာလို့ဆိုပါတယ်။ နောက်ပြီး ရစ်စီကို သူသဘောကျတဲ့အချက်တွေထဲမှာ ဒီတစ်ချက်လည်းပါတယ်လို့ ဂျနီဖာက ရေးထားပါတယ်။

ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဂျနီဖာဆုမရခဲ့ပေမဲ့ ခင်ပွန်းဟောင်း ဘရက်ပစ်ကတော့ Once Upon a Time ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုရခဲ့ပါတယ်။ ဘရက်ပစ်ကျေးဇူးတင်စကားပြောချိန် ကင်မရာမန်းကလည်း အကွက်ကျကျနဲ့ ဂျနီဖာကိုချည်း ရိုက်ပြပါတယ်။ ဒီအတွက် အဲဒီကင်မရာမန်း ပူလစ်ဇာဆုရသင့်တယ်လို့တောင် ပြောဆိုနေကြပါတယ်။ ဆုပေးပွဲကျေးဇူးတင်စကားပြောရာမှာ ဘရက်ပစ်က ဂျနီဖာ ရဲ့ကူညီပံ့ပိုးမှုတွေကိုလည်း ကျေးဇူးကြောင်းပြောသလို၊ ‘ကျွန်တော် အမေ့ကို ဒီပွဲခေါ်လာချင်ပေမဲ့ ကျွန်တော့်ဘေးကပါလာတဲ့အမျိုးသမီးတိုင်း က date လုပ်နေချိန် အမေပါတော့ အနေခက်တယ်ပြောလို့ ခေါ်မလာနိုင်ခဲ့ပါဘူး’လို့လည်း အရွှန်းဖောက်ပြောသွားပါတယ်။ အဲဒီအချိန်မှာ ဂျနီဖာတစ်ယောက် ဝါးလုံးကွဲထရယ်တာကို ကင်မရာမန်းက အမိအရရိုက်ပြနိုင်ခဲ့ပါတယ်။

ဆုပေးပွဲမှာ ဂျနီဖာအန်နစ္စတန် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုနဲ့လွဲချော်ခဲ့ပေမဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရသူ Russell Crowe ကိုယ်စား ဆုလက်ခံရယူပေးခဲ့ပါတယ်။ ၂၀၂၀အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Olivia Colmanက ရရှိခဲ့ပါတယ်။
 
ရည်မွန်
Ref: hellomagazine.com
ဟောလိဝုဒ်၊ ဇန်နဝါရီ ၇

(  Zawgyi  )

 ဇန္နဝါရီ ၅ ရက္ေန႔က ေဟာလိဝုဒ္မွာက်င္းပခဲ့တဲ့ ၂၀၂၀ ေ႐ႊကမာၻလုံးဆုေပးပြဲမွာ ဘရက္ပစ္ဇနီးေဟာင္း ဂ်နီဖာအန္နစၥတန္ကို ေတာက္ပတဲ့ အၿပဳံးေတြနဲ႔အတူ ေတြ႕ျမင္ရပါတယ္။ ဒီပြဲမွာ ဂ်နီဖာက အနက္ေရာင္ Dior Brand ဂါဝန္ရွည္ကို လွပေက်ာ့ရွင္းစြာဝတ္ဆင္ထားၿပီး၊ ညစာစားပြဲမွာ ရစ္စီဝွစ္သာစပြန္းနဲ႔ တြဲ႐ိုက္ထားတဲ့ Selfie ပို႔စ္တင္ထားတာ ေတြ႕ရပါတယ္။ အဲဒီပုံက ဆုေပးပြဲညစားစားပြဲမွာ ႐ိုက္ထားတာပါ။ Captionမွာေတာ့ ဂ်နီဖာနဲ႔ ရစ္စီတို႔ တစ္စားပြဲတည္းမွာ ညစာစားရင္းက ေသာက္ေရကုန္သြားခ်ိန္မွာ ရစ္စီက အလိုက္တသိနဲ႔ ဘီယြန္းေစးတို႔ဘက္လွည့္ၿပီး ရွန္ပိန္တစ္ခြက္လွမ္းေတာင္းတာလို႔ဆိုပါတယ္။ ေနာက္ၿပီး ရစ္စီကို သူသေဘာက်တဲ့အခ်က္ေတြထဲမွာ ဒီတစ္ခ်က္လည္းပါတယ္လို႔ ဂ်နီဖာက ေရးထားပါတယ္။

ေ႐ႊကမာၻလုံးဆုေပးပြဲမွာ ဂ်နီဖာဆုမရခဲ့ေပမဲ့ ခင္ပြန္းေဟာင္း ဘရက္ပစ္ကေတာ့ Once Upon a Time ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ ဆုရခဲ့ပါတယ္။ ဘရက္ပစ္ေက်းဇူးတင္စကားေျပာခ်ိန္ ကင္မရာမန္းကလည္း အကြက္က်က်နဲ႔ ဂ်နီဖာကိုခ်ည္း ႐ိုက္ျပပါတယ္။ ဒီအတြက္ အဲဒီကင္မရာမန္း ပူလစ္ဇာဆုရသင့္တယ္လို႔ေတာင္ ေျပာဆိုေနၾကပါတယ္။ ဆုေပးပြဲေက်းဇူးတင္စကားေျပာရာမွာ ဘရက္ပစ္က ဂ်နီဖာ ရဲ႕ကူညီပံ့ပိုးမႈေတြကိုလည္း ေက်းဇူးေၾကာင္းေျပာသလို၊ ‘ကြၽန္ေတာ္ အေမ့ကို ဒီပြဲေခၚလာခ်င္ေပမဲ့ ကြၽန္ေတာ့္ေဘးကပါလာတဲ့အမ်ိဳးသမီးတိုင္း က date လုပ္ေနခ်ိန္ အေမပါေတာ့ အေနခက္တယ္ေျပာလို႔ ေခၚမလာႏိုင္ခဲ့ပါဘူး’လို႔လည္း အ႐ႊန္းေဖာက္ေျပာသြားပါတယ္။ အဲဒီအခ်ိန္မွာ ဂ်နီဖာတစ္ေယာက္ ဝါးလုံးကြဲထရယ္တာကို ကင္မရာမန္းက အမိအရ႐ိုက္ျပႏိုင္ခဲ့ပါတယ္။

ဆုေပးပြဲမွာ ဂ်နီဖာအန္နစၥတန္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုနဲ႔လြဲေခ်ာ္ခဲ့ေပမဲ့ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုရသူ Russell Crowe ကိုယ္စား ဆုလက္ခံရယူေပးခဲ့ပါတယ္။ ၂၀၂၀အတြက္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုေတာ့ Olivia Colmanက ရရွိခဲ့ပါတယ္။
 
ရည္မြန္
Ref: hellomagazine.com
ေဟာလိဝုဒ္၊ ဇန္နဝါရီ ၇