ရှိုးပွဲတွေကိုသာ အများဆုံးဆိုဖြစ်ဖို့ ရှိနေတယ်လို့ ဖြူဖြူကျော်သိန်း က ပြောလာ

ရှိုးပွဲတွေကိုသာ အများဆုံးဆိုဖြစ်ဖို့ ရှိနေတယ်လို့ ဖြူဖြူကျော်သိန်း က ပြောလာ

အခုရက်ပိုင်းမှာ ရှိုးပွဲတွေကိုသာ သွားရောက်ဖျော်ဖြေဖြစ်နေတဲ့ အခြေအနေမျိုး ရှိတယ်လို့ တေးသံရှင် ဖြူဖြူကျော်သိန်း က ပြောပါတယ်။

"အခုရက်ကတော့ ရှိုးပွဲတွေနဲ့ပဲ သွားနေတာပေါ့၊ ပွင့်လင်းရာသီ ဖြစ်တာကြောင့်လည်း ပါတယ်လေ၊ နယ်ကပွဲတွေ အတွက်လည်း လာကမ်းလှမ်းတာတွေတော့ ရှိပါတယ်၊ အဲ့ဒီ ရှိုးပွဲတွေပဲ ဆိုဖြစ်နေဦးမှာပါ၊ ၂၀၁၉ ထဲကျတော့ ပြည်ပ ခရီးတစ်ခုသွားဖို့တော့ ရှိဦးမယ်၊ ဒါကလည်း ယာယီပါပဲ ခုမှခန့်မှန်းထားတုန်း သွားဖြစ် မသွားဖြစ်တော့ မသိသေးဘူး" လို့လည်း သူက ပြောကြားပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပြောပြစရာ ရှိကြောင်း၊ သူကိုယ်တိုင် အပါအဝင် လူတိုင်းလိုလိုဟာ Branded အဝတ်အထည်နဲ့ အသုံးအဆောင် တွေကို နှစ်သက်မိပေမယ့် မိမိရဲ့ ဝင်ငွေနဲ့ ချင့်ချိန်သုံးစွဲနိုင်ဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။

"မိန်းကလေးတွေ ဆိုတော့လည်း အလှအပလည်း ကြိုက်တယ်၊ Brand တွေဆိုရင် ပိုတောင် သဘောကျ သေးတာပေါ့၊ ဒါပေမဲ့ မိမိရဲ့ဝင်ငွေနဲ့ ချင့်ချိန်နိုင်ဖို့တော့ လိုတာပေါ့နော်၊ ဒီလိုမှ မဟုတ်ရင် အဆင်မပြေနိုင်ဘူးလေ၊ အဲ့ဒီလို Brand တွေ ဝတ်ရဖို့၊ အသုံးအဆောင်တွေ ဝယ်ရဖို့ အတွက်တော့ ကိုယ့်ကိုယ်ကို ချမနင်းစေချင်ဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူးလေ" လို့လည်း သူက ပြောပြပါတယ်။

ရှိုးပွဲတွေအတွက်လည်း အကောင်းဆုံးသီဆို ပြသနိုင်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေရ တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

"ရှိုးပွဲလည်း ပေါ့ပေါ့တန်တန်မျိုး လုပ်ဖို့ မသင့်ဘူးလေ၊ ဖြူ အနေနဲ့ အကောင်းဆုံး ဖြစ်အောင်တော့ ပြင်ဆင်ပါတယ်၊ ဒါကလည်း ပရိသတ် အပေါ် တန်ဖိုးထားတာပါ၊ ဖြူ အနေနဲ့ သီချင်းတွေကို ဆိုနေဦးမှာပါ၊ အခွေကိစ္စကတော့ လိုသေးပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

အဲ့ဒီလို တေးသီချင်းသီဆို ဖျော်ဖြေပွဲတွေသာမကဘဲ သူ့အနေနဲ့ ပရိုးမိုးရှင်းပွဲတွေ အတွက်လည်း ဖိတ်ကြားလာတဲ့အခါ ခင်မင်ရင်းနှီးမှုတွေနဲ့ တက်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၂၈

( Zawgyi )

အခုရက္ပိုင္းမွာ ရႈိးပြဲေတြကိုသာ သြားေရာက္ေဖ်ာ္ေျဖျဖစ္ေနတဲ့ အေျခအေနမ်ိဳး ရွိတယ္လို႔ ေတးသံရွင္ ျဖဴျဖဴေက်ာ္သိန္း က ေျပာပါတယ္။

"အခုရက္ကေတာ့ ရႈိးပြဲေတြနဲ႔ပဲ သြားေနတာေပါ့၊ ပြင့္လင္းရာသီ ျဖစ္တာေၾကာင့္လည္း ပါတယ္ေလ၊ နယ္ကပြဲေတြ အတြက္လည္း လာကမ္းလွမ္းတာေတြေတာ့ ရွိပါတယ္၊ အဲ့ဒီ ရႈိးပြဲေတြပဲ ဆိုျဖစ္ေနဦးမွာပါ၊ ၂၀၁၉ ထဲက်ေတာ့ ျပည္ပ ခရီးတစ္ခုသြားဖို႔ေတာ့ ရွိဦးမယ္၊ ဒါကလည္း ယာယီပါပဲ ခုမွခန႔္မွန္းထားတုန္း သြားျဖစ္ မသြားျဖစ္ေတာ့ မသိေသးဘူး" လို႔လည္း သူက ေျပာၾကားပါတယ္။

ဒါ့အျပင္ သူ႔အေနနဲ႔ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီး ေျပာျပစရာ ရွိေၾကာင္း၊ သူကိုယ္တိုင္ အပါအဝင္ လူတိုင္းလိုလိုဟာ Branded အဝတ္အထည္နဲ႔ အသုံးအေဆာင္ ေတြကို ႏွစ္သက္မိေပမယ့္ မိမိရဲ႕ ဝင္ေငြနဲ႔ ခ်င့္ခ်ိန္သုံးစြဲႏိုင္ဖို႔ အေရးႀကီးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

"မိန္းကေလးေတြ ဆိုေတာ့လည္း အလွအပလည္း ႀကိဳက္တယ္၊ Brand ေတြဆိုရင္ ပိုေတာင္ သေဘာက် ေသးတာေပါ့၊ ဒါေပမဲ့ မိမိရဲ႕ဝင္ေငြနဲ႔ ခ်င့္ခ်ိန္ႏိုင္ဖို႔ေတာ့ လိုတာေပါ့ေနာ္၊ ဒီလိုမွ မဟုတ္ရင္ အဆင္မေျပႏိုင္ဘူးေလ၊ အဲ့ဒီလို Brand ေတြ ဝတ္ရဖို႔၊ အသုံးအေဆာင္ေတြ ဝယ္ရဖို႔ အတြက္ေတာ့ ကိုယ့္ကိုယ္ကို ခ်မနင္းေစခ်င္ဘူး၊ ျဖစ္လည္း မျဖစ္သင့္ဘူးေလ" လို႔လည္း သူက ေျပာျပပါတယ္။

ရႈိးပြဲေတြအတြက္လည္း အေကာင္းဆုံးသီဆို ျပသႏိုင္ဖို႔ လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနရ တာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

"ရႈိးပြဲလည္း ေပါ့ေပါ့တန္တန္မ်ိဳး လုပ္ဖို႔ မသင့္ဘူးေလ၊ ျဖဴ အေနနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ေတာ့ ျပင္ဆင္ပါတယ္၊ ဒါကလည္း ပရိသတ္ အေပၚ တန္ဖိုးထားတာပါ၊ ျဖဴ အေနနဲ႔ သီခ်င္းေတြကို ဆိုေနဦးမွာပါ၊ အေခြကိစၥကေတာ့ လိုေသးပါတယ္" လို႔လည္း သူက ဆက္ေျပာပါတယ္။

အဲ့ဒီလို ေတးသီခ်င္းသီဆို ေဖ်ာ္ေျဖပြဲေတြသာမကဘဲ သူ႔အေနနဲ႔ ပ႐ိုးမိုးရွင္းပြဲေတြ အတြက္လည္း ဖိတ္ၾကားလာတဲ့အခါ ခင္မင္ရင္းႏွီးမႈေတြနဲ႔ တက္ေရာက္ေလ့ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၈