လက်တစ်ဆုပ်စာလူတန်းစားက တရားဥပဒေစိုးမိုးရေးကို ကိုင်လှုပ်ပုံဖော်ထားတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

လက်တစ်ဆုပ်စာလူတန်းစားက တရားဥပဒေစိုးမိုးရေးကို ကိုင်လှုပ်ပုံဖော်ထားတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

တိုင်းပြည်ရဲ့ သယံဇာတတွေကို အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာသွားတဲ့သော လက် တစ်ဆုပ်စာ လူတန်းစားတွေက တရား ဥပဒေ စိုးမိုးရေးကို အပေါ်ကနေချုပ်ကိုင်ကာ လုပ်ဆောင်သွားသော အခြေအနေတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ “နိုင်ငံကြီးသား”လို့ နာမည်ရသော ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၈ ရက်မှာ မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်တဲ့ Red Carpet Show ကို သြဂုတ် ၅ရက် ည ၇နာရီခွဲက ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။“ဒီကားက ပေါ်လစီကားမဟုတ်ပါဘူး။ ပရိသတ်စိတ်ဝင်စားမယ့် ဇာတ်ကားပါပဲ၊ သရုပ်ဆောင် မင်းသွေး မကွယ်လွန်ခင်က ကြိုးစားခဲ့တဲ့ အနုပညာကိုလည်း မြင်တွေ့ရမှာ ဖြစ်သလို ပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန် လုံးက သူ့ဇာတ်ရုပ်နေရာနဲ့သူ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်ခဲ့ကြ တာကို မြင်ရမှာဖြစ်ပါတယ်၊ ရုံတင်ခွင့်ရဖို့ စောင့် ဆိုင်းတာကြာခဲ့ပေမယ့် မဟောင်းသွားဘဲ အခုအထိကို အဆင်ပြေပြီး ပရိသတ် ကြိုက်မယ်လို့ ယုံကြည်ပါတယ်၊ လာကြည့်ဖို့လည်း ဖိတ်ခေါ်ပါတယ်”လို့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ပြောပါတယ်။

ထိုဇာတ်ကားထဲမှာ ဦးကောင်းမြတ် အဖြစ် ဇင်ဝိုင်း၊ ဇင်ဝိုင်းရဲ့အနားမှာ ဦးထွဋ်တင် အဖြစ် နေမျိုး အောင် နဲ့ ဦးမင်းမောင်အဖြစ် နေထက်လင်း တို့က ဂျူနီယာ အဘတွေအဖြစ် ဝန်းရံရင်း နိုင်ငံ ရဲ့ဝန်ကြီး တွေနေရာမှာ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားပြုကာ အဂတိတွေနဲ့ ကိုယ်ကျိုး ရှာစီးပွားရှာ လုပ်ကိုင်တာတွေ၊ သားတွေရဲ့ ဆိုးသွမ်းမှုကို ဆုံးမရမယ့်အစား မလျော်သြဇာတွေနဲ့ အကာအကွယ်ပေးတာတွေ၊ သားတွေရဲ့ ဆိုးသွမ်းမှုကြောင့် လူသတ်မုဒိမ်းမှုတစ်ခု ဖြစ်ပေါ်ခဲ့တဲ့အပေါ် အာဏာပါဝါတွေနဲ့ အမှုကိုပျောက်ကွယ်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်း ပုံတွေကို ရိုက်ကူးထားပြသထားပါတယ်။

ထိုလက်တစ်ဆုပ်စာ လူတန်းစားတွေရဲ့ လုပ်ချင်တိုင်းလုပ်ကိုင်ကာ ရမ်းကားနေတာတွေကို ဥပဒေ ဘောင်အတွင်းကနေ တရားဥပဒေ စိုးမိုးရေးအတွက် မှန်မှန်ကန်ကန်နဲ့ အမှုမှန်ဖော်ထုတ်ပေးနိုင်ဖို့ ဘဝနဲ့ရင်းပြီး ကြိုးပမ်းဖော်ထုတ်သွားတဲ့ ဒုရဲမှူး ရဲသီဟအဖြစ် နေတိုး တို့ရဲ့ သရုပ်ဆောင်တာတွေကို ပီပြင်စွာ မြင်ရ မှာဖြစ်ပါတယ်။

ထိုဇာတ်ကားကို အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ကာ ဇာတ်လမ်း ဈာန်သခင်သွေး၊ ဒွေးမေတ္တာ၊ ဇာတ်ညွှန်း မောင်မြတ်ဆွေ တို့က ဖန်တီးရေးသားကာ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးထားပြီး နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း(Examplez)၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ ဒါရိုက်တာ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေမင်းသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦး တို့အပါအဝင် သရုပ်ဆောင်ပေါင်းများစွာတို့က အားဖြည့်ထားကြတဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုဇာတ်ကားအတွက် Red Carpet Show ကျင်းပစဉ်မှာပင် အားပေးသူတွေအများအပြားဖြင့် ရုံပြည့်တဲ့အထိဖြစ်ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၆

(  Zawgyi  )

 တိုင္းျပည္ရဲ႕ သယံဇာတေတြကို အာဏာအလြဲသုံးစားလုပ္ၿပီး ကိုယ္က်ိဳးရွာသြားတဲ့ေသာ လက္ တစ္ဆုပ္စာ လူတန္းစားေတြက တရား ဥပေဒ စိုးမိုးေရးကို အေပၚကေနခ်ဳပ္ကိုင္ကာ လုပ္ေဆာင္သြားေသာ အေျခအေနေတြနဲ႔ ပုံေဖာ္႐ိုက္ကူးထားတဲ့ “ႏိုင္ငံႀကီးသား”လို႔ နာမည္ရေသာ ႐ုပ္ရွင္ဇာတ္ကားကို ၾသဂုတ္ ၈ ရက္မွာ ျမန္မာတစ္ႏိုင္ငံလုံးက ႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။

အဆိုပါ ႐ုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္တဲ့ Red Carpet Show ကို ၾသဂုတ္ ၅ရက္ ည ၇နာရီခြဲက ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ က်င္းပခဲ့ပါတယ္။“ဒီကားက ေပၚလစီကားမဟုတ္ပါဘူး။ ပရိသတ္စိတ္ဝင္စားမယ့္ ဇာတ္ကားပါပဲ၊ သ႐ုပ္ေဆာင္ မင္းေသြး မကြယ္လြန္ခင္က ႀကိဳးစားခဲ့တဲ့ အႏုပညာကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္သလို ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြ အကုန္ လုံးက သူ႔ဇာတ္႐ုပ္ေနရာနဲ႔သူ ပီပီျပင္ျပင္နဲ႔သ႐ုပ္ေဆာင္ခဲ့ၾက တာကို ျမင္ရမွာျဖစ္ပါတယ္၊ ႐ုံတင္ခြင့္ရဖို႔ ေစာင့္ ဆိုင္းတာၾကာခဲ့ေပမယ့္ မေဟာင္းသြားဘဲ အခုအထိကို အဆင္ေျပၿပီး ပရိသတ္ ႀကိဳက္မယ္လို႔ ယုံၾကည္ပါတယ္၊ လာၾကည့္ဖို႔လည္း ဖိတ္ေခၚပါတယ္”လို႔ ဒါ႐ိုက္တာ စတီးလ္(ေဒြးေမတၱာ)က ေျပာပါတယ္။

ထိုဇာတ္ကားထဲမွာ ဦးေကာင္းျမတ္ အျဖစ္ ဇင္ဝိုင္း၊ ဇင္ဝိုင္းရဲ႕အနားမွာ ဦးထြဋ္တင္ အျဖစ္ ေနမ်ိဳး ေအာင္ နဲ႔ ဦးမင္းေမာင္အျဖစ္ ေနထက္လင္း တို႔က ဂ်ဴနီယာ အဘေတြအျဖစ္ ဝန္းရံရင္း ႏိုင္ငံ ရဲ႕ဝန္ႀကီး ေတြေနရာမွာ လုပ္ပိုင္ခြင့္ေတြကို အလြဲသုံးစားျပဳကာ အဂတိေတြနဲ႔ ကိုယ္က်ိဳး ရွာစီးပြားရွာ လုပ္ကိုင္တာေတြ၊ သားေတြရဲ႕ ဆိုးသြမ္းမႈကို ဆုံးမရမယ့္အစား မေလ်ာ္ၾသဇာေတြနဲ႔ အကာအကြယ္ေပးတာေတြ၊ သားေတြရဲ႕ ဆိုးသြမ္းမႈေၾကာင့္ လူသတ္မုဒိမ္းမႈတစ္ခု ျဖစ္ေပၚခဲ့တဲ့အေပၚ အာဏာပါဝါေတြနဲ႔ အမႈကိုေပ်ာက္ကြယ္ေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးပမ္း ပုံေတြကို ႐ိုက္ကူးထားျပသထားပါတယ္။

ထိုလက္တစ္ဆုပ္စာ လူတန္းစားေတြရဲ႕ လုပ္ခ်င္တိုင္းလုပ္ကိုင္ကာ ရမ္းကားေနတာေတြကို ဥပေဒ ေဘာင္အတြင္းကေန တရားဥပေဒ စိုးမိုးေရးအတြက္ မွန္မွန္ကန္ကန္နဲ႔ အမႈမွန္ေဖာ္ထုတ္ေပးႏိုင္ဖို႔ ဘဝနဲ႔ရင္းၿပီး ႀကိဳးပမ္းေဖာ္ထုတ္သြားတဲ့ ဒုရဲမႉး ရဲသီဟအျဖစ္ ေနတိုး တို႔ရဲ႕ သ႐ုပ္ေဆာင္တာေတြကို ပီျပင္စြာ ျမင္ရ မွာျဖစ္ပါတယ္။

ထိုဇာတ္ကားကို အားမာန္ ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ကာ ဇာတ္လမ္း ဈာန္သခင္ေသြး၊ ေဒြးေမတၱာ၊ ဇာတ္ၫႊန္း ေမာင္ျမတ္ေဆြ တို႔က ဖန္တီးေရးသားကာ ဒါ႐ိုက္တာ စတီးလ္(ေဒြးေမတၱာ) က ႐ိုက္ကူးထားၿပီး ေနတိုး၊ မင္းေမာ္ကြန္း၊ ထြန္းထြန္း(Examplez)၊ ေနထက္လင္း၊ ေနမ်ိဳးေအာင္၊ ဇင္ဝိုင္း၊ ဒါ႐ိုက္တာ ေမာင္သီ၊ ထူးျခား၊ မိုးယံဇြန္၊ မင္းေသြး၊ စည္ၿဖိဳး၊ ထြန္းကိုကို၊ ေနရဲ၊ သိန္းလင္းစိုး၊ ေ႐ႊမင္းသမီး၊ ေအာန္ဆိုင္း၊ ဆာရာေဆာင္းဦး တို႔အပါအဝင္ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာတို႔က အားျဖည့္ထားၾကတဲ့ ဇာတ္ကားေကာင္း တစ္ကားလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ထိုဇာတ္ကားအတြက္ Red Carpet Show က်င္းပစဥ္မွာပင္ အားေပးသူေတြအမ်ားအျပားျဖင့္ ႐ုံျပည့္တဲ့အထိျဖစ္ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၆