လက်သည်းအလှနဲ့ ရေမွှေးအထိ လုပ်ငန်းတိုးချဲ့မယ့် ခိုင်လီဂျင်နာ

  လက်သည်းအလှနဲ့ ရေမွှေးအထိ လုပ်ငန်းတိုးချဲ့မယ့် ခိုင်လီဂျင်နာ

ကိုယ့်ထူးကိုယ်ချွန်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျံနာတစ်ဦးဖြစ်လာတဲ့ မော်ဒယ်နဲ့ ရုပ်သံစတား ခိုင်လီဂျင်နာဟာ သူ့ရဲ့အလှကုန်လုပ်ငန်း အင်ပါယာကို ချဲ့ထွင်ဖို့လုပ်နေပါတယ်။

လက်သည်းအလှ၊ ရေမွှေးအပါအဝင် ကလေးအသုံးအဆောင်ပစ္စည်း၊ ဆံသားအလှကုန်ပစ္စည်းတွေကို သူ့နာမည်အမှတ်တံဆိပ်နဲ့ ဖြန့်ချိရောင်းချ မှာ ဖြစ်ပါတယ်။ ဥပမာ- ကလေးအသုံးအဆောင်ဆိုရင် Kylie Baby၊ ဆံသားအလှကုန်ဆိုရင်တော့ Kylie Hair အမှတ်တံဆိပ်နဲ့ ရောင်းချဖို့ မှတ်ပုံတင်ထားပါတယ်။

လက်သည်းအလှနဲ့ ရေမွှေးအလှကုန်စျေးကွက်ချဲ့ထွင်ဖို့ မှတ်ပုံတင် ထားကြောင်း မကြာခင်က သတင်း ထွက်လာခဲ့တာပါ။ အသက် ၂၁ နှစ် အရွယ် ခိုင်လီဟာ မဝေးတော့တဲ့အနာဂတ်မှာ သူပိုင်ဆိုင်ထားတဲ့ အင်ပါယာကြီးကို စီးပွားရေးလုပ်ငန်းသစ်တွေနဲ့ တိုးချဲ့လိုတာဖြစ်တယ်လို့ The Blast အနုပညာသတင်းကလည်း ပြောပါတယ်။
 
သူဟာ ခိုင်လီအလှကုန်လုပ်ငန်း (Kylie Cosmetics)နဲ့ အတူ ကိုယ်ပိုင် အစွမ်းအစ နဲ့ ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ လက်သည်း အလှကုန်ပစ္စည်းတွေမှာ လက်သည်းနီအမျိုးမျိုး၊ အရောင်တင်ပစ္စည်း၊ လက်သည်းဖျက်ဆေးနဲ့ လက်သည်းအတုစတဲ့ အလှကုန်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှာလည်း ခိုင်လီကိုယ်တိုင် ဝတ်စုံနဲ့လိုက်ဖက်မှုရှိတဲ့လက်သည်း အလှဒီဇိုင်းပို့စ်တွေ တင်ထားပါတယ်။ သူကတော့ အစ်မဝမ်းကွဲဖြစ်သူ ကင်မ်ကာဒစ်ရှန်ရဲ့ခြေရာနင်းတာဖြစ်လို့ လုပ်ငန်းသစ်တိုးချဲ့မှု ရပ်တန့်မှာ မဟုတ်ပါဘူး။

မကြာခင်မှာ ရေမွှေးစျေးကွက်ထဲကိုလည်း သူဝင်လာဖို့လုပ်နေပါတယ်။ သူရဲ့တစ်နှစ်သားအရွယ် သမီးလေး Stormi ကြောင့်ပဲမိခင်တစ်ယောက် လိုအပ်မယ့် ကလေးအသုံးအဆောင်ပစ္စည်းမျိုးစုံ ဖြန့်ချိရောင်းချဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

လိုးရှင်း၊ ခရင်မ်နဲ့ ရေဓာတ်အားဖြည့်အလှကုန်တွေအပါအဝင် ပစ္စည်း အများစု ကကလေးတွေရဲ့နူးညံ့တဲ့အသားအရေမပျက်စီးရလေအောင် ဓာတုပစ္စည်းမပါဝင်တဲ့ပစ္စည်းတွေ များပါတယ်။ နောက်ပြီး အလှအပနှစ်သက်သူ အမျိုးသမီးတိုင်းအတွက် ဆံပင်အတုကစလို့ ဆံသား အလှကုန်ပစ္စည်းတွေ ကိုလည်း မကြာခင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

ရည်မွန်သော်
Ref:Dailymail.uk.co
နယူးယောက်၊ ဇူလိုင် ၂၃

(  Zawgyi  )

ကိုယ့္ထူးကိုယ္ခၽြန္ၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘီလ်ံနာတစ္ဦးျဖစ္လာတဲ့ ေမာ္ဒယ္နဲ႔ ႐ုပ္သံစတား ခိုင္လီဂ်င္နာဟာ သူ႔ရဲ့အလွကုန္လုပ္ငန္း အင္ပါယာကို ခ်ဲ႕ထြင္ဖို႔လုပ္ေနပါတယ္။

လက္သည္းအလွ၊ ေရေမႊးအပါအဝင္ ကေလးအသုံးအေဆာင္ပစၥည္း၊ ဆံသားအလွကုန္ပစၥည္းေတြကို သူ႔နာမည္အမွတ္တံဆိပ္နဲ႔ ျဖန႔္ခ်ိေရာင္းခ် မွာ ျဖစ္ပါတယ္။ ဥပမာ- ကေလးအသုံးအေဆာင္ဆိုရင္ Kylie Baby၊ ဆံသားအလွကုန္ဆိုရင္ေတာ့ Kylie Hair အမွတ္တံဆိပ္နဲ႔ ေရာင္းခ်ဖို႔ မွတ္ပုံတင္ထားပါတယ္။

လက္သည္းအလွနဲ႔ ေရေမႊးအလွကုန္ေစ်းကြက္ခ်ဲ႕ထြင္ဖို႔ မွတ္ပုံတင္ ထားေၾကာင္း မၾကာခင္က သတင္း ထြက္လာခဲ့တာပါ။ အသက္ ၂၁ ႏွစ္ အရြယ္ ခိုင္လီဟာ မေဝးေတာ့တဲ့အနာဂတ္မွာ သူပိုင္ဆိုင္ထားတဲ့ အင္ပါယာႀကီးကို စီးပြားေရးလုပ္ငန္းသစ္ေတြနဲ႔ တိုးခ်ဲ႕လိုတာျဖစ္တယ္လို႔ The Blast အႏုပညာသတင္းကလည္း ေျပာပါတယ္။
 
သူဟာ ခိုင္လီအလွကုန္လုပ္ငန္း (Kylie Cosmetics)နဲ႔ အတူ ကိုယ္ပိုင္ အစြမ္းအစ နဲ႔ ဘီလ်ံနာတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ လက္သည္း အလွကုန္ပစၥည္းေတြမွာ လက္သည္းနီအမ်ိဳးမ်ိဳး၊ အေရာင္တင္ပစၥည္း၊ လက္သည္းဖ်က္ေဆးနဲ႔ လက္သည္းအတုစတဲ့ အလွကုန္ေတြ ပါဝင္မယ္လို႔ ဆိုပါတယ္။

အြန္လိုင္းမွာလည္း ခိုင္လီကိုယ္တိုင္ ဝတ္စုံနဲ႔လိုက္ဖက္မႈရွိတဲ့လက္သည္း အလွဒီဇိုင္းပို႔စ္ေတြ တင္ထားပါတယ္။ သူကေတာ့ အစ္မဝမ္းကြဲျဖစ္သူ ကင္မ္ကာဒစ္ရွန္ရဲ့ေျခရာနင္းတာျဖစ္လို႔ လုပ္ငန္းသစ္တိုးခ်ဲ႕မႈ ရပ္တန႔္မွာ မဟုတ္ပါဘူး။

မၾကာခင္မွာ ေရေမႊးေစ်းကြက္ထဲကိုလည္း သူဝင္လာဖို႔လုပ္ေနပါတယ္။ သူရဲ့တစ္ႏွစ္သားအရြယ္ သမီးေလး Stormi ေၾကာင့္ပဲမိခင္တစ္ေယာက္ လိုအပ္မယ့္ ကေလးအသုံးအေဆာင္ပစၥည္းမ်ိဳးစုံ ျဖန႔္ခ်ိေရာင္းခ်ဖို႔ စိတ္ကူးရခဲ့တာျဖစ္ပါတယ္။

လိုးရွင္း၊ ခရင္မ္နဲ႔ ေရဓာတ္အားျဖည့္အလွကုန္ေတြအပါအဝင္ ပစၥည္း အမ်ားစု ကကေလးေတြရဲ့ႏူးညံ့တဲ့အသားအေရမပ်က္စီးရေလေအာင္ ဓာတုပစၥည္းမပါဝင္တဲ့ပစၥည္းေတြ မ်ားပါတယ္။ ေနာက္ၿပီး အလွအပႏွစ္သက္သူ အမ်ိဳးသမီးတိုင္းအတြက္ ဆံပင္အတုကစလို႔ ဆံသား အလွကုန္ပစၥည္းေတြ ကိုလည္း မၾကာခင္ျဖန႔္ခ်ိေတာ့မွာ ျဖစ္ပါတယ္။

ရည္မြန္ေသာ္
Ref:Dailymail.uk.co
နယူးေယာက္၊ ဇူလိုင္ ၂၃