လာမယ့် ၂၀၂၁ ထဲ တစ်ကိုယ်တော်ခွေထွက်ဖို့ ပြင်ဆင်နေတဲ့ တေးသံရှင် ရာ၀န

လာမယ့် ၂၀၂၁ ထဲ တစ်ကိုယ်တော်ခွေထွက်ဖို့ ပြင်ဆင်နေတဲ့ တေးသံရှင် ရာ၀န

လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားကာကျော်ကြားလာခဲ့တဲ့ တေးသံရှင် ရာ၀နဟာ လာမယ့် ၂၀၂၁ ခုနှစ်ထဲ တစ်ကိုယ်တော်ခွေ ထုတ်သွားနိုင်ဖို့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“ကျွန်တော့်အနေနဲ့တော့ လုပ်စရာတွေအများကြီးရှိတယ်၊ ဒီကာလကတော့ အားလုံးငြိမ်နေရတာလေ၊ ကျွန်တော်တို့အတွက်ကတော့ ထိခိုက်မှုများတယ်၊ ကျွန်တော်တို့မှမဟုတ်ဘူး၊ အနုပညာရှင်အားလုံးပါပဲ၊ လူတိုင်းပါပဲ ထိခိုက်ပါတယ်၊ ကျွန်တော်တို့က အခုမှ နာမည်ရလာတာဆိုတော့ ပွဲတွေကမ်းလှမ်းခဲ့ပြီး စရန်ငွေတွေ ယူခဲ့ပြီးမှ စရန်ငွေပြန်ပေးရတာတွေဖြစ်ခဲ့တယ်၊ ပရိသတ်နဲ့ အလှမ်းဝေးသလိုမျိုးဖြစ်ခဲ့တယ်”လို့ တေးသံရှင် ရာ၀န က ပြောပါတယ်။

သူဟာ ဘောလုံးသမားတစ်ယောက်ဘ၀ကနေ အဆိုတော်ဖြစ်ခဲ့သူလည်းဖြစ်ပြီး “စာလွှာ”လို့ နာမည်ရတဲ့ သီချင်းကြောင့် ပရိသတ်တွေ ကသူတို့ကို စပြီးလက်ခံခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့လည်း ရှေ့ဆက်ရမယ့် အနုပညာအလုပ်တွေကို ငါးနှစ်တာ Plan တွေဆွဲပြီး လုပ်လေ့ရှိတယ်လို့ဆိုပါတယ်။ ရှေ့ဆက်ပြီးလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ၊ Music Album တွေ များစွာလည်း ထုတ်သွားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်ကို ကျေးဇူးလည်းတင်ပါတယ်၊ ဒီကာလမှာ အားလုံးက ခက်ခဲကြပ်တည်းနေကြတာလည်း လက်ခံပါတယ်၊ အခက်အခဲဖြစ်လာတိုင်း အစိုးရလည်း အပြစ်မတင်နဲ့ ဘယ်သူမှလည်းအပြစ်မတင်နဲ့ ကိုယ်ကိုယ်တိုင် ဖြေရှင်းနိုင်အောင် ကြိုးစားပါ၊ ကျွန်တော်တို့လည်း အဲ့လိုပဲ ကြိုးစားနေပါတယ်၊ ကျွန်တော့်ဘ၀မှာ အကောင်းဆုံး ဆိုတာထက် အဆိုးဆုံးမဖြစ်အောင် ကြိုးစားနေပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG) 

(  Zawgyi  )

လာမယ့္ ၂၀၂၁ ထဲ တစ္ကိုယ္ေတာ္ေခြထြက္ဖို႔ ျပင္ဆင္ေနတဲ့ ေတးသံရွင္ ရာ၀န

လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားကာေက်ာ္ၾကားလာခဲ့တဲ့ ေတးသံရွင္ ရာ၀နဟာ လာမယ့္ ၂၀၂၁ ခုႏွစ္ထဲ တစ္ကိုယ္ေတာ္ေခြ ထုတ္သြားႏိုင္ဖို႔ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ေတာ့ လုပ္စရာေတြအမ်ားႀကီးရွိတယ္၊ ဒီကာလကေတာ့ အားလုံးၿငိမ္ေနရတာေလ၊ ကြၽန္ေတာ္တို႔အတြက္ကေတာ့ ထိခိုက္မႈမ်ားတယ္၊ ကြၽန္ေတာ္တို႔မွမဟုတ္ဘူး၊ အႏုပညာရွင္အားလုံးပါပဲ၊ လူတိုင္းပါပဲ ထိခိုက္ပါတယ္၊ ကြၽန္ေတာ္တို႔က အခုမွ နာမည္ရလာတာဆိုေတာ့ ပြဲေတြကမ္းလွမ္းခဲ့ၿပီး စရန္ေငြေတြ ယူခဲ့ၿပီးမွ စရန္ေငြျပန္ေပးရတာေတြျဖစ္ခဲ့တယ္၊ ပရိသတ္နဲ႔ အလွမ္းေဝးသလိုမ်ိဳးျဖစ္ခဲ့တယ္”လို႔ ေတးသံရွင္ ရာ၀န က ေျပာပါတယ္။

သူဟာ ေဘာလုံးသမားတစ္ေယာက္ဘ၀ကေန အဆိုေတာ္ျဖစ္ခဲ့သူလည္းျဖစ္ၿပီး “စာလႊာ”လို႔ နာမည္ရတဲ့ သီခ်င္းေၾကာင့္ ပရိသတ္ေတြ ကသူတို႔ကို စၿပီးလက္ခံခဲ့တယ္လို႔ သိရပါတယ္။ သူ႔အေနနဲ႔လည္း ေရွ႕ဆက္ရမယ့္ အႏုပညာအလုပ္ေတြကို ငါးႏွစ္တာ Plan ေတြဆြဲၿပီး လုပ္ေလ့ရွိတယ္လို႔ဆိုပါတယ္။ ေရွ႕ဆက္ၿပီးလည္း တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြ၊ Music Album ေတြ မ်ားစြာလည္း ထုတ္သြားႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္တို႔ကို အားေပးေနတဲ့ ပရိသတ္ကို ေက်းဇူးလည္းတင္ပါတယ္၊ ဒီကာလမွာ အားလုံးက ခက္ခဲၾကပ္တည္းေနၾကတာလည္း လက္ခံပါတယ္၊ အခက္အခဲျဖစ္လာတိုင္း အစိုးရလည္း အျပစ္မတင္နဲ႔ ဘယ္သူမွလည္းအျပစ္မတင္နဲ႔ ကိုယ္ကိုယ္တိုင္ ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားပါ၊ ကြၽန္ေတာ္တို႔လည္း အဲ့လိုပဲ ႀကိဳးစားေနပါတယ္၊ ကြၽန္ေတာ့္ဘ၀မွာ အေကာင္းဆုံး ဆိုတာထက္ အဆိုးဆုံးမျဖစ္ေအာင္ ႀကိဳးစားေနပါတယ္” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)