လူကြမ်းသရုပ်ဆောင် ဇော်ကြီးအတွက် သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဘေဘီမောင်

လူကြမ်းသရုပ်ဆောင် ဇော်ကြီးအတွက် သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဘေဘီမောင်

မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ လူကြမ်းသရုပ်ဆောင် နေရာကနေ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ ဇော်ကြီးအတွက် ဇူလိုင် ၁၃ ရက်မှာ သွားရောက်လှူဒါန်းတာတွေ လုပ်ဆောင်ဖို့ သရုပ်ဆောင် ဘေဘီမောင် က စီစဉ်ထားပါတယ်။

“ကိုယ်ချင်းလည်းစာနာမိတဲ့ စိတ်ကလေးနဲ့ သွားလှူမှာပါ၊ ဘေဘီအနေနဲ့ ကိုယ်တတ်နိုင်သလောက် လှူမှာပါ၊ အွန်လိုင်းမှာ သတင်းတွေလည်း တွေ့ရတော့ ကိုဇော်ကြီးအတွက် စိတ်မကောင်းလည်း ဖြစ်ရတယ်၊ ဒါကြောင့်လည်း အခုလိုစီစဉ်ရတာ ဖြစ်ပါတယ်” လို့ သရုပ်ဆောင် ဘေဘီမောင် က ပြောပါတယ်။

ထိုသို့လှူဒါန်းတာကို မူလက ယနေ့ (ဇူလိုင် ၁၂ ရက်) မှာ သွားရောက်ဖို့ စီစဉ်ထားပေမယ့် သူငယ်ချင်းတွေကလည်း လိုက်ပါရန် စီစဉ်နေတာကြောင့် ဇူလိုင် ၁၃ ရက်မှာ သွားရောက်မှာ ဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင်တွေဟာ ဇာတ်ကားတွေထဲမှာ ပီပီပြင်ပြင်ဖြစ်အောင် ပစ်လှဲချရတာတွေ၊ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းနဲ့ သရုပ်ဆောင်ပြရတာတွေလည်းရှိပြီး တစ်ချို့လူကြမ်းတွေဆိုရင် ဒဏ်ရာအနာတရဖြစ်ကာ ထိခိုက်တာမျိုးကိုလည်း တွေ့ဖူးတယ်လို့ ဆိုပါတယ်။သူမဟာ ယခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲ ပါဝင်သရုပ်ဆောင်လာရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ကိုဇော်ကြီးနဲ့က ဇာတ်လမ်းကားတွေထဲ ဆုံဖူးတယ်၊ ထိုးကြကြိတ်ကြရင်းနဲ့ တကယ့်ကို ပစ်လှဲချပြီး သရုပ်ဆောင်ရတာပါ၊ အသားတွေမနာတမ်းကို ပစ်လှဲချပြီး လုပ်ပြကြရတာ၊ သူတို့အတွက်လည်း စာနာမိတာလည်း ပါတာပေါ့၊ ဘေဘီကိုယ်တိုင်ကလည်း ငယ်ငယ်ကဆိုရင် အိမ်ပိုင်မရှိ ဘဝကို ကြုံခဲ့ရတယ်လေ၊ ဝန်ထမ်းမိသားစုဆိုတော့ လိုင်းခန်းမှာနေထိုင်ရင်း ကြီးပြင်းခဲ့ရတယ်၊ ဒါကြောင့်လည်း ကိုယ်ချင်းစာမိတာတွေကြောင့်လည်း သွားလှူဖြစ်တာ ပါတာပေါ့၊ ဒီထက်လည်း အများကြီးလှူချင်သေးတယ်၊ ဒါပေမဲ့လည်း ဘေဘီတို့က အောင်မြင်တဲ့အနေအထားမျိုး မဟုတ်သေးတော့ အနုပညာကြေးတွေက အများကြီး သိပ်မရဘူးလေ၊ ဒါကြောင့်လည်း အခုရတဲ့ အနုပညာကြေးတွေထဲက ကိုယ်တတ်နိုင်သလောက် လှူမှာပါ” လို့ သရုပ်ဆောင် ဘေဘီမောင် က ရှင်းပြပါတယ်။

ထိုသို့သော အနုပညာလောကမှာ ချို့တဲ့ကာ အခက်အခဲကြုံနေသူတွေအတွက်ကိုလည်း နောက်ပိုင်းမှာ ကိုယ်တတ်နိုင်သလောက် သွားရောက်လှူဒါန်းဖို့လည်း စီစဉ်ထားတာတွေရှိကြောင်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၁၂

( Zawgyi )

ျမန္မာ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ လူၾကမ္းသ႐ုပ္ေဆာင္ ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ေလ့ရွိတဲ့ ေဇာ္ႀကီးအတြက္ ဇူလိုင္ ၁၃ ရက္မွာ သြားေရာက္လႉဒါန္းတာေတြ လုပ္ေဆာင္ဖို႔ သ႐ုပ္ေဆာင္ ေဘဘီေမာင္ က စီစဥ္ထားပါတယ္။

“ကိုယ္ခ်င္းလည္းစာနာမိတဲ့ စိတ္ကေလးနဲ႔ သြားလႉမွာပါ၊ ေဘဘီအေနနဲ႔ ကိုယ္တတ္ႏိုင္သေလာက္ လႉမွာပါ၊ အြန္လိုင္းမွာ သတင္းေတြလည္း ေတြ႕ရေတာ့ ကိုေဇာ္ႀကီးအတြက္ စိတ္မေကာင္းလည္း ျဖစ္ရတယ္၊ ဒါေၾကာင့္လည္း အခုလိုစီစဥ္ရတာ ျဖစ္ပါတယ္” လို႔ သ႐ုပ္ေဆာင္ ေဘဘီေမာင္ က ေျပာပါတယ္။

ထိုသို႔လႉဒါန္းတာကို မူလက ယေန႔ (ဇူလိုင္ ၁၂ ရက္) မွာ သြားေရာက္ဖို႔ စီစဥ္ထားေပမယ့္ သူငယ္ခ်င္းေတြကလည္း လိုက္ပါရန္ စီစဥ္ေနတာေၾကာင့္ ဇူလိုင္ ၁၃ ရက္မွာ သြားေရာက္မွာ ျဖစ္ပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္ေတြဟာ ဇာတ္ကားေတြထဲမွာ ပီပီျပင္ျပင္ျဖစ္ေအာင္ ပစ္လွဲခ်ရတာေတြ၊ တကယ့္ကို ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ သ႐ုပ္ေဆာင္ျပရတာေတြလည္းရွိၿပီး တစ္ခ်ိဳ႕လူၾကမ္းေတြဆိုရင္ ဒဏ္ရာအနာတရျဖစ္ကာ ထိခိုက္တာမ်ိဳးကိုလည္း ေတြ႕ဖူးတယ္လို႔ ဆိုပါတယ္။သူမဟာ ယခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲ ပါဝင္သ႐ုပ္ေဆာင္လာရတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

“ကိုေဇာ္ႀကီးနဲ႔က ဇာတ္လမ္းကားေတြထဲ ဆုံဖူးတယ္၊ ထိုးၾကႀကိတ္ၾကရင္းနဲ႔ တကယ့္ကို ပစ္လွဲခ်ၿပီး သ႐ုပ္ေဆာင္ရတာပါ၊ အသားေတြမနာတမ္းကို ပစ္လွဲခ်ၿပီး လုပ္ျပၾကရတာ၊ သူတို႔အတြက္လည္း စာနာမိတာလည္း ပါတာေပါ့၊ ေဘဘီကိုယ္တိုင္ကလည္း ငယ္ငယ္ကဆိုရင္ အိမ္ပိုင္မရွိ ဘဝကို ႀကဳံခဲ့ရတယ္ေလ၊ ဝန္ထမ္းမိသားစုဆိုေတာ့ လိုင္းခန္းမွာေနထိုင္ရင္း ႀကီးျပင္းခဲ့ရတယ္၊ ဒါေၾကာင့္လည္း ကိုယ္ခ်င္းစာမိတာေတြေၾကာင့္လည္း သြားလႉျဖစ္တာ ပါတာေပါ့၊ ဒီထက္လည္း အမ်ားႀကီးလႉခ်င္ေသးတယ္၊ ဒါေပမဲ့လည္း ေဘဘီတို႔က ေအာင္ျမင္တဲ့အေနအထားမ်ိဳး မဟုတ္ေသးေတာ့ အႏုပညာေၾကးေတြက အမ်ားႀကီး သိပ္မရဘူးေလ၊ ဒါေၾကာင့္လည္း အခုရတဲ့ အႏုပညာေၾကးေတြထဲက ကိုယ္တတ္ႏိုင္သေလာက္ လႉမွာပါ” လို႔ သ႐ုပ္ေဆာင္ ေဘဘီေမာင္ က ရွင္းျပပါတယ္။

ထိုသို႔ေသာ အႏုပညာေလာကမွာ ခ်ိဳ႕တဲ့ကာ အခက္အခဲႀကဳံေနသူေတြအတြက္ကိုလည္း ေနာက္ပိုင္းမွာ ကိုယ္တတ္ႏိုင္သေလာက္ သြားေရာက္လႉဒါန္းဖို႔လည္း စီစဥ္ထားတာေတြရွိေၾကာင္း သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၁၂