လူငယ်အကြိုက် သံစဉ်တေးသွားများ ရေးသားနေတဲ့ တေးရေး/တေးဆို ထုံကြီး

လူငယ်အကြိုက် သံစဉ်တေးသွားများ ရေးသားနေတဲ့ တေးရေး/တေးဆို ထုံကြီး

တေးရေးအဖြစ်လည်းသာမက တေးဆိုအဖြစ်လည်း လုပ်ဆောင်နေတဲ့ ထုံကြီးဟာ အခုဆိုရင် လူငယ်အကြိုက် တေးသွားတွေကို ရေးသားနေတယ်လို့ ပြောပါတယ်။

သူရေးသားပြီးတဲ့ သီချင်းတွေထဲက တစ်ချို့ကိုတော့ ပရိသတ်တွေ ခံစားနားဆင်နိုင်ဖို့ လူမှုကွန်ရက်တွေပေါ်မှာ အမြည်းပုံစံမျိုးအဖြစ် တင်လာတာတွေရှိသလို လူငယ်တေးသံရှင်တွေအတွက်လည်း ရေးသားပေးနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော်ရေးထားတာတွေကတော့ အများကြီးရှိပါတယ်၊ လက်ရှိ ရေးလည်း ရေးနေပါတယ်၊ ပရိသတ်အရှေ့ကို ထုတ်ဖော်ဖို့တွေ ရှိနေပါသေးတယ်” လို့ တေးရေး/တေးဆို ထုံကြီး က ပြောပါတယ်။

သူကိုယ်တိုင်လည်း လူငယ်ဖြစ်တာကြောင့် လူငယ်တွေကြိုက်မယ့် သံစဉ်တေးသီချင်းတွေသာ ဦးတည်ရေးသားနေတာဖြစ်သလို ဂီတဈေးကွက်ထဲမှာ ဈေးကွက်မကောင်းတဲ့ အခြေအနေတွေကြောင့်လည်း ထင်သလောက် တွင်ကျယ်မှုမရှိသေးပေမယ့် သူ့ရဲ့ပရိသတ်တွေ ခံစားနားဆင်ဖို့အတွက်တော့ လူမှုကွန်ရက်ကနေ မကြာခဏ ထုတ်ဖော်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

“ဂီတဈေးကွက် ကောင်းတယ်၊ မကောင်းဘူး ဆိုတာက ဈေးကွက်ကတော့ ဈေးကွက်တစ်ပိုင်းပေါ့ဗျာ၊ ကျွန်တော်တို့က ဒီဟာကို ရူးသွပ်စွဲလန်းနေတာလေ၊ ဈေးကွက်ကြောင့် အခွေထုတ်ရတာဖြစ်စေ၊ မထုတ်ရတာဖြစ်စေ ကျွန်တော်တို့ကတော့ အနုပညာကို ဖန်တီးနေဦးမှာပဲ၊ ကျွန်တော်တို့ ဖန်တီးတဲ့ အနုပညာတွေကိုလည်း အခုခေတ်မှာ ပရိသတ်ဆီကိုရောက်ဖို့ လူမှုကွန်ရက်ကြီးရှိနေတာဟာ တော်တော်လေးကို အားသာချက်ပါပဲ၊ အဲ့ဒီပေါ်ကနေ ပရိသတ်အတွက် နားဆင်နိုင်ဖို့ တင်ပေးသွားမှာပါ” လို့ တေးရေး/တေးဆို ထုံကြီး က ရှင်းပြပါတယ်။

သူကိုယ်တိုင်က ရော့ခ်ဂီတကို အားသန်ပေမယ့် ရေးစပ်တဲ့ တေးသီချင်းတွေမှာ သံစဉ်မျိုးစုံအတွက် ရေးစပ်ထားတာတွေလည်း ရှိပါတယ်။တေးသီချင်းတစ်ပုဒ် ပေါက်တယ်ဆိုတာ ပရိသတ်နားထဲကို အဆင်ပြေပြေနဲ့ နှစ်သက်ခံစားနိုင်မယ့် အခြေအနေကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

“သံစဉ်မျိုးစုံ ရေးစပ်တာကလည်း အားလုံးဟာ ဖန်တီးမှု အနုပညာတွေပဲလေ၊ ဒါပေမဲ့ ဒီဘက်ခေတ်မှာက သီချင်းတစ်ပုဒ် ပေါက်ဖို့ဆိုတာက မလွယ်ဘူး၊ မလွယ်ရတဲ့ အကြောင်းအရင်းကလည်း အများကြီးရှိတာပေါ့လေ၊ ကံလည်းပါမယ်ထင်တယ်၊ တစ်ချို့သီချင်းတွေကျတော့လည်း သူစစထွက်ချင်းတုန်းက မပေါက်ဘူး၊ နောက်နှစ်နှစ်၊ သုံးနှစ်လောက်နေမှ ပေါက်တယ် အဲ့ဒီလိုသာဓကတွေကလည်း ရှိနေတော့ ကျွန်တော်တို့အနေနဲ့ ကြိုးစားမှုကိုတော့ မရပ်ဘဲ ဆက်တိုက် လုပ်ဆောင်နေပါတယ်၊ အားပေးကြပါ၊ ဝေဖန်အကြံပြုကြပါ” လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၂၂

( Zawgyi )

ေတးေရးအျဖစ္လည္းသာမက ေတးဆိုအျဖစ္လည္း လုပ္ေဆာင္ေနတဲ့ ထုံႀကီးဟာ အခုဆိုရင္ လူငယ္အႀကိဳက္ ေတးသြားေတြကို ေရးသားေနတယ္လို႔ ေျပာပါတယ္။

သူေရးသားၿပီးတဲ့ သီခ်င္းေတြထဲက တစ္ခ်ိဳ႕ကိုေတာ့ ပရိသတ္ေတြ ခံစားနားဆင္ႏိုင္ဖို႔ လူမႈကြန္ရက္ေတြေပၚမွာ အျမည္းပုံစံမ်ိဳးအျဖစ္ တင္လာတာေတြရွိသလို လူငယ္ေတးသံရွင္ေတြအတြက္လည္း ေရးသားေပးေနတာေတြ ရွိတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္ေရးထားတာေတြကေတာ့ အမ်ားႀကီးရွိပါတယ္၊ လက္ရွိ ေရးလည္း ေရးေနပါတယ္၊ ပရိသတ္အေရွ႕ကို ထုတ္ေဖာ္ဖို႔ေတြ ရွိေနပါေသးတယ္” လို႔ ေတးေရး/ေတးဆို ထုံႀကီး က ေျပာပါတယ္။

သူကိုယ္တိုင္လည္း လူငယ္ျဖစ္တာေၾကာင့္ လူငယ္ေတြႀကိဳက္မယ့္ သံစဥ္ေတးသီခ်င္းေတြသာ ဦးတည္ေရးသားေနတာျဖစ္သလို ဂီတေဈးကြက္ထဲမွာ ေဈးကြက္မေကာင္းတဲ့ အေျခအေနေတြေၾကာင့္လည္း ထင္သေလာက္ တြင္က်ယ္မႈမရွိေသးေပမယ့္ သူ႔ရဲ႕ပရိသတ္ေတြ ခံစားနားဆင္ဖို႔အတြက္ေတာ့ လူမႈကြန္ရက္ကေန မၾကာခဏ ထုတ္ေဖာ္ေပးသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

“ဂီတေဈးကြက္ ေကာင္းတယ္၊ မေကာင္းဘူး ဆိုတာက ေဈးကြက္ကေတာ့ ေဈးကြက္တစ္ပိုင္းေပါ့ဗ်ာ၊ ကြၽန္ေတာ္တို႔က ဒီဟာကို ႐ူးသြပ္စြဲလန္းေနတာေလ၊ ေဈးကြက္ေၾကာင့္ အေခြထုတ္ရတာျဖစ္ေစ၊ မထုတ္ရတာျဖစ္ေစ ကြၽန္ေတာ္တို႔ကေတာ့ အႏုပညာကို ဖန္တီးေနဦးမွာပဲ၊ ကြၽန္ေတာ္တို႔ ဖန္တီးတဲ့ အႏုပညာေတြကိုလည္း အခုေခတ္မွာ ပရိသတ္ဆီကိုေရာက္ဖို႔ လူမႈကြန္ရက္ႀကီးရွိေနတာဟာ ေတာ္ေတာ္ေလးကို အားသာခ်က္ပါပဲ၊ အဲ့ဒီေပၚကေန ပရိသတ္အတြက္ နားဆင္ႏိုင္ဖို႔ တင္ေပးသြားမွာပါ” လို႔ ေတးေရး/ေတးဆို ထုံႀကီး က ရွင္းျပပါတယ္။

သူကိုယ္တိုင္က ေရာ့ခ္ဂီတကို အားသန္ေပမယ့္ ေရးစပ္တဲ့ ေတးသီခ်င္းေတြမွာ သံစဥ္မ်ိဳးစုံအတြက္ ေရးစပ္ထားတာေတြလည္း ရွိပါတယ္။ေတးသီခ်င္းတစ္ပုဒ္ ေပါက္တယ္ဆိုတာ ပရိသတ္နားထဲကို အဆင္ေျပေျပနဲ႔ ႏွစ္သက္ခံစားႏိုင္မယ့္ အေျခအေနကလည္း အေရးႀကီးတယ္လို႔ ဆိုပါတယ္။

“သံစဥ္မ်ိဳးစုံ ေရးစပ္တာကလည္း အားလုံးဟာ ဖန္တီးမႈ အႏုပညာေတြပဲေလ၊ ဒါေပမဲ့ ဒီဘက္ေခတ္မွာက သီခ်င္းတစ္ပုဒ္ ေပါက္ဖို႔ဆိုတာက မလြယ္ဘူး၊ မလြယ္ရတဲ့ အေၾကာင္းအရင္းကလည္း အမ်ားႀကီးရွိတာေပါ့ေလ၊ ကံလည္းပါမယ္ထင္တယ္၊ တစ္ခ်ိဳ႕သီခ်င္းေတြက်ေတာ့လည္း သူစစထြက္ခ်င္းတုန္းက မေပါက္ဘူး၊ ေနာက္ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ေနမွ ေပါက္တယ္ အဲ့ဒီလိုသာဓကေတြကလည္း ရွိေနေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ႀကိဳးစားမႈကိုေတာ့ မရပ္ဘဲ ဆက္တိုက္ လုပ္ေဆာင္ေနပါတယ္၊ အားေပးၾကပါ၊ ေဝဖန္အႀကံျပဳၾကပါ” လို႔လည္း သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၂၂