လူမှုကွန်ရက်မှာ ထင်ပေါ်မှုထက် Quarlity ပိုင်းကို အဓိကထားနေတယ်ဆိုတဲ့ သဉ္ဇာမြင့်မိုရ်

 လူမှုကွန်ရက်မှာ ထင်ပေါ်မှုထက် Quarlity ပိုင်းကို အဓိကထားနေတယ်ဆိုတဲ့ သဉ္ဇာမြင့်မိုရ်

ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေထဲ ရိုက်ကူးလာရတဲ့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ် ဟာ လူမှုကွန်ရက်ပေါ်မှာ ထင်ပေါ်ကျော်ကြားမှုတွေထက် Quarlity ပိုင်းကို အဓိကထားကာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ယခုနောက်ပိုင်းမှာ တစ်ချို့ဟာလူသိများစေဖို့လုပ်ဆောင်တာတွေရှိသလို လူသိများလာတာနဲ့ အောင်မြင် တယ်လို့ ယူဆထားတာတွေလည်းရှိပြီး ထုတ်လုပ်သူတွေနဲ့ ဒါရိုက်တာတွေအများစု ကလည်း လူသိများတဲ့သူတွေကို တင်ကာ ရိုက်ကူးလေ့ရှိကြတယ်လို့ သိရပါတယ်။

“လူသိများပြီဆိုတာနဲ့ အောင်မြင်ပြီ ဆိုပြီး ယူဆကြတယ်၊ အဲ့ဒါနဲ့ ဒါရိုက်တာတွေ ပရိုဂျူဆာတွေ က လည်း ကားတွေခေါ်ရိုက်ကြတယ်၊ ဘယ်သူမှ ရယ်လို့မဟုတ်ဘူး၊ ဒါဟာခေတ်ရေစီးကြောင်း အရဖြစ် လာတယ်၊ ဒါကြောင့်လည်း လူတွေနဲ့လည်း ကန့်လိုက်တိုက်နေလို့ အဆင်မပြေဘူး၊ ကိုယ်လည်းရှေ့ဆက် သွားရမယ့်ဟာတွေရှိတယ်၊ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်း အလုပ်တွေလည်း ရှိတယ်၊ ဒီဟာကြီးကို ကြိုက်တော့မကြိုက်ဘူး၊ Social Media မှာလည်း လုပ်သင့်သလောက်တော့ လုပ်မယ်၊ အဓိကကတော့ ကိုယ့်ကို အလုပ်ပေးနေတဲ့ သူတွေကလည်း အရေးကြီးတယ်၊ ကိုယ့်ကို စိတ်ဝင်စားမှုမရှိရင် ကိုယ့်ကိုဒီအလုပ်လာအပ်မှာ မဟုတ်ဘူး၊ သဉ္ဇာတို့က Quarlity ပိုင်းကို အဓိက ထားတဲ့အတွက် ဖေ့ဘွတ်ဆိုတဲ့ဒီဟာကြီးကို အရမ်းအား ကိုးတဲ့ အထဲမပါဘူး”လို့ သူမက ရှင်းပြပါတယ်။

အနုပညာလောကမှာ နာမည်တစ်ခုရလာစေဖို့ ခက်ခဲစွာရုန်းကန်ခဲ့ရသလို အခြေခံကုန်ကျစရိတ် တွေ အပါအဝင် အဝတ်အစား၊ မိတ်ကပ် အကုန်လုံးမိမိဘာသာကုန်ကျခံကာ Daily ကြေးနဲ့ ရိုက်ခဲ့ ရကြောင်း၊ ထို့ကြောင့် နာမည် တစ်ခုရလာတဲ့အချိန်မှာ ထိန်းသိမ်းတာကိုလည်း အဓိကထား လုပ်ဆောင်နေ တယ် လို့ သိရပါတယ်။ “အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ကောင်းနေဖို့ ကိုယ့်လိပ်ပြာကိုယ်လုံနေဖို့ပေါ့နော်၊ အဲ့ဒါအရေး အကြီးဆုံးပဲ၊ ဘယ်သူပဲဘာပဲလုပ်ပြလုပ်ပြ မဝေဖန် ချင်ဘူး၊ လက်ခံတဲ့သူအပေါ်မှာပဲ မူတည်နေတယ်၊ ဥပမာ ထားပါတော့ ညီမက အင်္ကျ ီချွတ်ပြရင် ထိုင်ကြည့်ပြီးအားပေးနေတဲ့ သူတွေရဲ့ သူတို့အကြိုက်နဲ့ သူတို့စရိုက်ပဲလေ၊ အဲ့ဒီလို ဆိုတော့ အများကြီးရေးမဝေဖန်ချင်ဘူး၊ သူတို့ရဲ့ ကံတရားလေ၊ ညီမတို့ထက်စာရင် သူတို့က ပိုကံကောင်းနေတာမျိုး၊ လူသိများခြင်းခံရတယ်၊ လူစိတ်ဝင်စားခြင်းခံရတယ်၊ ဒီသဘောပဲ ယူဆတယ်၊ အခုနောက်ပိုင်းမှာ ညီမတို့ အရမ်းသတိထားရတယ်၊ စကားပြောတွေ မှားမှာကိုပါ၊ သတိထားပြီးသုံးနှုန်း ရတာတွေရှိတယ်၊ ဖေ့ဘွတ်ပေါ်က Like တွေ၊ Share တွေ ရရှိမှုအပေါ် လုပ်ငန်းရှင်တွေက ဂရုစိုက်လာတယ်၊ အဲ့ဒီအပေါ်မူတည်ပြီး ခေါ်ရိုက်တာတို့ဘာတို့ရှိလာတာပေါ့၊ ဒါကြီးပေါ်မှာ အမြဲတမ်းကို ညီမတို့က လိုက်မလုပ်ချင်ဘူး၊ အသက်အရွယ် အပိုင်းအခြား တစ်ခု ရောက်လာတော့ ပိုပြီးလည်း သတိထားရတယ်”လို့ သူမက ဆက်ပြောပါတယ်။

မင်းခေတ်လင်း 

(  Zawgyi  )

 ယခုေနာက္ပိုင္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲ ႐ိုက္ကူးလာရတဲ့ သ႐ုပ္ေဆာင္ သၪၨာျမင့္မိုရ္ ဟာ လူမႈကြန္ရက္ေပၚမွာ ထင္ေပၚေက်ာ္ၾကားမႈေတြထက္ Quarlity ပိုင္းကို အဓိကထားကာ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

ယခုေနာက္ပိုင္းမွာ တစ္ခ်ိဳ႕ဟာလူသိမ်ားေစဖို႔လုပ္ေဆာင္တာေတြရွိသလို လူသိမ်ားလာတာနဲ႔ ေအာင္ျမင္ တယ္လို႔ ယူဆထားတာေတြလည္းရွိၿပီး ထုတ္လုပ္သူေတြနဲ႔ ဒါ႐ိုက္တာေတြအမ်ားစု ကလည္း လူသိမ်ားတဲ့သူေတြကို တင္ကာ ႐ိုက္ကူးေလ့ရွိၾကတယ္လို႔ သိရပါတယ္။

“လူသိမ်ားၿပီဆိုတာနဲ႔ ေအာင္ျမင္ၿပီ ဆိုၿပီး ယူဆၾကတယ္၊ အဲ့ဒါနဲ႔ ဒါ႐ိုက္တာေတြ ပ႐ိုဂ်ဴဆာေတြ က လည္း ကားေတြေခၚ႐ိုက္ၾကတယ္၊ ဘယ္သူမွ ရယ္လို႔မဟုတ္ဘူး၊ ဒါဟာေခတ္ေရစီးေၾကာင္း အရျဖစ္ လာတယ္၊ ဒါေၾကာင့္လည္း လူေတြနဲ႔လည္း ကန႔္လိုက္တိုက္ေနလို႔ အဆင္မေျပဘူး၊ ကိုယ္လည္းေရွ႕ဆက္ သြားရမယ့္ဟာေတြရွိတယ္၊ စားဝတ္ေနေရး အသက္ေမြးဝမ္းေက်ာင္း အလုပ္ေတြလည္း ရွိတယ္၊ ဒီဟာႀကီးကို ႀကိဳက္ေတာ့မႀကိဳက္ဘူး၊ Social Media မွာလည္း လုပ္သင့္သေလာက္ေတာ့ လုပ္မယ္၊ အဓိကကေတာ့ ကိုယ့္ကို အလုပ္ေပးေနတဲ့ သူေတြကလည္း အေရးႀကီးတယ္၊ ကိုယ့္ကို စိတ္ဝင္စားမႈမရွိရင္ ကိုယ့္ကိုဒီအလုပ္လာအပ္မွာ မဟုတ္ဘူး၊ သၪၨာတို႔က Quarlity ပိုင္းကို အဓိက ထားတဲ့အတြက္ ေဖ့ဘြတ္ဆိုတဲ့ဒီဟာႀကီးကို အရမ္းအား ကိုးတဲ့ အထဲမပါဘူး”လို႔ သူမက ရွင္းျပပါတယ္။

အႏုပညာေလာကမွာ နာမည္တစ္ခုရလာေစဖို႔ ခက္ခဲစြာ႐ုန္းကန္ခဲ့ရသလို အေျခခံကုန္က်စရိတ္ ေတြ အပါအဝင္ အဝတ္အစား၊ မိတ္ကပ္ အကုန္လုံးမိမိဘာသာကုန္က်ခံကာ Daily ေၾကးနဲ႔ ႐ိုက္ခဲ့ ရေၾကာင္း၊ ထို႔ေၾကာင့္ နာမည္ တစ္ခုရလာတဲ့အခ်ိန္မွာ ထိန္းသိမ္းတာကိုလည္း အဓိကထား လုပ္ေဆာင္ေန တယ္ လို႔ သိရပါတယ္။ “အဓိကကေတာ့ ကိုယ့္ပတ္ဝန္းက်င္မွာ ကိုယ္ေကာင္းေနဖို႔ ကိုယ့္လိပ္ျပာကိုယ္လုံေနဖို႔ေပါ့ေနာ္၊ အဲ့ဒါအေရး အႀကီးဆုံးပဲ၊ ဘယ္သူပဲဘာပဲလုပ္ျပလုပ္ျပ မေဝဖန္ ခ်င္ဘူး၊ လက္ခံတဲ့သူအေပၚမွာပဲ မူတည္ေနတယ္၊ ဥပမာ ထားပါေတာ့ ညီမက အက်ၤ ီခြၽတ္ျပရင္ ထိုင္ၾကည့္ၿပီးအားေပးေနတဲ့ သူေတြရဲ႕ သူတို႔အႀကိဳက္နဲ႔ သူတို႔စ႐ိုက္ပဲေလ၊ အဲ့ဒီလို ဆိုေတာ့ အမ်ားႀကီးေရးမေဝဖန္ခ်င္ဘူး၊ သူတို႔ရဲ႕ ကံတရားေလ၊ ညီမတို႔ထက္စာရင္ သူတို႔က ပိုကံေကာင္းေနတာမ်ိဳး၊ လူသိမ်ားျခင္းခံရတယ္၊ လူစိတ္ဝင္စားျခင္းခံရတယ္၊ ဒီသေဘာပဲ ယူဆတယ္၊ အခုေနာက္ပိုင္းမွာ ညီမတို႔ အရမ္းသတိထားရတယ္၊ စကားေျပာေတြ မွားမွာကိုပါ၊ သတိထားၿပီးသုံးႏႈန္း ရတာေတြရွိတယ္၊ ေဖ့ဘြတ္ေပၚက Like ေတြ၊ Share ေတြ ရရွိမႈအေပၚ လုပ္ငန္းရွင္ေတြက ဂ႐ုစိုက္လာတယ္၊ အဲ့ဒီအေပၚမူတည္ၿပီး ေခၚ႐ိုက္တာတို႔ဘာတို႔ရွိလာတာေပါ့၊ ဒါႀကီးေပၚမွာ အၿမဲတမ္းကို ညီမတို႔က လိုက္မလုပ္ခ်င္ဘူး၊ အသက္အ႐ြယ္ အပိုင္းအျခား တစ္ခု ေရာက္လာေတာ့ ပိုၿပီးလည္း သတိထားရတယ္”လို႔ သူမက ဆက္ေျပာပါတယ္။

မင္းေခတ္လင္း