လျှို့ဝှက်သည်းဖိုသိပ္ပံဇာတ်ကား Underwaterနဲ့ ပရိသတ်တွေကို ဆွဲဆောင်မယ့် Kristen Stewart

လျှို့ဝှက်သည်းဖိုသိပ္ပံဇာတ်ကား Underwaterနဲ့ ပရိသတ်တွေကို ဆွဲဆောင်မယ့် Kristen Stewart

Twilightဇာတ်ကားနဲ့လူသိများတဲ့ Kristen Stewartပါဝင်သရုပ်ဆောင်ထားတဲ့ Underwater ဇာတ်ကားနမူနာနဲ့ ရုပ်ရှင်ပိုစတာ ပထမဆုံး ထွက်လာ ခဲ့ပြီ ဖြစ်ပါတယ်။ စိတ်ကူးယဉ်သိပ္ပံစွန့်စားခန်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တဲ့ Underwater ကို William Eubankက ရိုက်ကူးပြီး၊ Walt Disneyကနေ လာမယ့် ၂၀၂၀နှစ်ဆန်းပိုင်း ရုံတင်ပြသမှာဖြစ်ပါတယ်။

ဒီကားမှာ Kristen Stewart နဲ့အတူ နာမည်ကျော်ပြင်သစ်မင်းသားကြီး Vinent Cassel၊ Jessica Henwick၊ John Gallagher၊ T.J. Miller စတဲ့နာမည်ကျော်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် မြေငလျင်လှုပ်ခတ်ချိန် ရေအောက်က သိပ္ပံသုတေသနဓာတ်ခွဲခန်း အန္တရာယ်ကလွတ်မြောက်အောင် သုတေသနပညာရှင်တွေ စွန့်စားခဲ့ပုံတွေကို ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပါတယ်။

ရည်မွန်
Ref: thehollywoodnews
နယူးယောက်၊ သြဂုတ် ၂၁

(  Zawgyi  )

 Twilightဇာတ္ကားနဲ႔လူသိမ်ားတဲ့ Kristen Stewartပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Underwater ဇာတ္ကားနမူနာနဲ႔ ႐ုပ္ရွင္ပိုစတာ ပထမဆုံး ထြက္လာ ခဲ့ၿပီ ျဖစ္ပါတယ္။ စိတ္ကူးယဥ္သိပၸံစြန႔္စားခန္းနဲ႔ သည္းထိတ္ရင္ဖိုဇာတ္လမ္းျဖစ္တဲ့ Underwater ကို William Eubankက ႐ိုက္ကူးၿပီး၊ Walt Disneyကေန လာမယ့္ ၂၀၂၀ႏွစ္ဆန္းပိုင္း ႐ုံတင္ျပသမွာျဖစ္ပါတယ္။

ဒီကားမွာ Kristen Stewart နဲ႔အတူ နာမည္ေက်ာ္ျပင္သစ္မင္းသားႀကီး Vinent Cassel၊ Jessica Henwick၊ John Gallagher၊ T.J. Miller စတဲ့နာမည္ေက်ာ္သ႐ုပ္ေဆာင္ေပါင္းမ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကိုေျပာရရင္ ေျမငလ်င္လႈပ္ခတ္ခ်ိန္ ေရေအာက္က သိပၸံသုေတသနဓာတ္ခြဲခန္း အႏၲရာယ္ကလြတ္ေျမာက္ေအာင္ သုေတသနပညာရွင္ေတြ စြန႔္စားခဲ့ပုံေတြကို ႐ိုက္ကူး တင္ဆက္ ထားတာ ျဖစ္ပါတယ္။

ရည္မြန္
Ref: thehollywoodnews
နယူးေယာက္၊ ၾသဂုတ္ ၂၁