ဝါရင့် သရုပ်ဆောင်အချင်းချင်း အပေးအယူအချိတ်အဆက်မိမိသရုပ်ဆောင်ပြသမယ့် စိန်ဂေါ်လီမ ယောကျ်ား ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်

 ဝါရင့် သရုပ်ဆောင်အချင်းချင်း အပေးအယူအချိတ်အဆက်မိမိသရုပ်ဆောင်ပြသမယ့် စိန်ဂေါ်လီမ ယောကျ်ား ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်

ဟာသပြကွက်တွေကို ဝါရင့်သရုပ်ဆောင်တွေအချင်းချင်း အပေးအယူအချိတ်အဆက်မိမိ သရုပ်ဆောင် ပြသ သွားမယ့် စိန်ဂေါ်လီမ ယောကျ်ားလို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူး တော့မယ် လို့ သိရပါတယ်။
“ဒီဇာတ်ကားလေးကတော့ ဟာသကားလေးတစ်ကားပါပဲ၊ ပရိသတ်တွေအနေနဲ့ တကယ့်ကို ရယ်မော ပျော်ရွှင်ရမယ့် ဇာတ်ကားတစ်ကားပါ”လို့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ ကန်တော့ပွဲပေးတဲ့ အခမ်းအနားကိုလည်း နိုဝင်ဘာ ၁၇ ရက် မနက်က ရွှေတိဂုံစေတီတော် ရင်ပြင်က အောင်မြေမှာ ပြုလုပ်ခဲ့ကြတာပါ။ ထိုဇာတ်ကားမှာတော့ သရုပ်ဆောင်တွေအဖြစ် ကျော်ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဆုအိမ့်စံ၊ သူရိယ၊ ခင်လှိုင်၊ တက္ကသိုလ် ဂွမ်းပုံ၊ ဇော်ဝင်းနိုင်၊ ငှက်ပျောကြော်၊ ကေညီနဲ့ သရုပ်ဆောင်ပေါင်းများစွာတို့က ပါဝင်ထားကြပြီး စိန်ဂေါ်လီနဲ့ သံဂေါ်လီလို့ ဆိုတဲ့ အမျိုးသမီး နှစ်ယောက်က ပြဿနာတွေရှာကာ ဟာသဆန်ဆန် သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

“ဒီကားထဲမှာက ရိုးသားတဲ့ တောသူအနေနဲ့ သရုပ်ဆောင်ရတာပါ၊ ပွင့်ပွင့်လင်းလင်းနဲ့ပေါ့၊ နောက်ပိုးပုံစံနဲ့ ပွင့်ပွင့်လင်းလင်း ပုံစံမျိုးပါပဲ၊ တီတီ(ပြေတီဦး)နဲ့လည်း အရင်က ကားတွေမှာ ရိုက်ခဲ့ဖူးတယ်၊ မကြီး (စိုးမြတ်သူဇာ) နဲ့လည်း ပြောစရာမလိုဘူး၊ အရင်က ခဏခဏရိုက်ဖူးတယ်၊ ဟာသကားက အပေးအယူ အရမ်းအရေးကြီးပါတယ်၊ ဒီလိုမျိုး အကုန်လုံးနဲ့က ဆုံဖူးတယ်လေ၊ ဟာသဆိုတာက ရိုက်ကွင်းပေါ်မှာ ရောက်တော့မှ သူတို့ကောင်းနေရင် ကိုယ်က လွှတ်ပေးပြီး တစ်ခွန်းနှစ်ခွန်းလောက်ပဲ ပြောပြီး လွှတ်ပေးရတာမျိုးတော့ရှိပါတယ်။ မင်းသမီးချင်း အပေးအယူမျှပြီး အတွဲညီဖို့ဆိုတာ မလွယ်ဘူး၊ တစ်ယောက်က ရှေ့ကလုပ်လိုက်ရင် တစ်ယောက်က ကျန်ခဲ့တာမျိုးတော့ မရှိဘူး”လို့ သရုပ်ဆောင် ခိုင်သင်းကြည်က ပြောပါတယ်။

အခုကားမှာက အတွဲညီတဲ့ သရုပ်ဆောင်တွေ အချင်းချင်း ပါဝင်ကာ သရုပ်ဆောင်ကြမှာဖြစ်တဲ့အတွက် ပရိသတ် နှစ်သက်စေမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်လာမယ်လို့ ဆိုကြပါတယ်။ အဲ့ဒီဇာတ်ကား ကိုတော့ ဇာတ်လမ်း/ဇာတ်ညွှန်း နတ်ရဲ(ရူပဗေဒ)က ရေးသားထားပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးကာ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာ ဖြစ်သလို ဆင်ခြေဖုံးဒေသတွေက တိုက်ခန်းတွေရဲ့ လူနေမှုစနစ်ပုံစံကို ဖော်ကြူးကာ ရိုက်ကူးသွားမှာဖြစ်သလို သရုပ်ဆောင်အချင်းချင်း အားပြိုင်ကြမယ့် ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၇ 

( Zawgyi )

 ဟာသျပကြက္ေတြကို ဝါရင့္သ႐ုပ္ေဆာင္ေတြအခ်င္းခ်င္း အေပးအယူအခ်ိတ္အဆက္မိမိ သ႐ုပ္ေဆာင္ ျပသ သြားမယ့္ စိန္ေဂၚလီမ ေယာက်္ားလို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို မၾကာခင္႐ိုက္ကူး ေတာ့မယ္ လို႔ သိရပါတယ္။
“ဒီဇာတ္ကားေလးကေတာ့ ဟာသကားေလးတစ္ကားပါပဲ၊ ပရိသတ္ေတြအေနနဲ႔ တကယ့္ကို ရယ္ေမာ ေပ်ာ္႐ႊင္ရမယ့္ ဇာတ္ကားတစ္ကားပါ”လို႔ ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး)က ေျပာပါတယ္။ အဲ့ဒီဇာတ္ကားနဲ႔ ပတ္သက္တဲ့ ကန္ေတာ့ပြဲေပးတဲ့ အခမ္းအနားကိုလည္း ႏိုဝင္ဘာ ၁၇ ရက္ မနက္က ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္က ေအာင္ေျမမွာ ျပဳလုပ္ခဲ့ၾကတာပါ။ ထိုဇာတ္ကားမွာေတာ့ သ႐ုပ္ေဆာင္ေတြအျဖစ္ ေက်ာ္ရဲေအာင္၊ ေျပတီဦး၊ စိုးျမတ္သူဇာ၊ ခိုင္သင္းၾကည္၊ ဆုအိမ့္စံ၊ သူရိယ၊ ခင္လႈိင္၊ တကၠသိုလ္ ဂြမ္းပုံ၊ ေဇာ္ဝင္းႏိုင္၊ ငွက္ေပ်ာေၾကာ္၊ ေကညီနဲ႔ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာတို႔က ပါဝင္ထားၾကၿပီး စိန္ေဂၚလီနဲ႔ သံေဂၚလီလို႔ ဆိုတဲ့ အမ်ိဳးသမီး ႏွစ္ေယာက္က ျပႆနာေတြရွာကာ ဟာသဆန္ဆန္ သ႐ုပ္ေဆာင္သြားၾကမွာ ျဖစ္ပါတယ္။

“ဒီကားထဲမွာက ႐ိုးသားတဲ့ ေတာသူအေနနဲ႔ သ႐ုပ္ေဆာင္ရတာပါ၊ ပြင့္ပြင့္လင္းလင္းနဲ႔ေပါ့၊ ေနာက္ပိုးပုံစံနဲ႔ ပြင့္ပြင့္လင္းလင္း ပုံစံမ်ိဳးပါပဲ၊ တီတီ(ေျပတီဦး)နဲ႔လည္း အရင္က ကားေတြမွာ ႐ိုက္ခဲ့ဖူးတယ္၊ မႀကီး (စိုးျမတ္သူဇာ) နဲ႔လည္း ေျပာစရာမလိုဘူး၊ အရင္က ခဏခဏ႐ိုက္ဖူးတယ္၊ ဟာသကားက အေပးအယူ အရမ္းအေရးႀကီးပါတယ္၊ ဒီလိုမ်ိဳး အကုန္လုံးနဲ႔က ဆုံဖူးတယ္ေလ၊ ဟာသဆိုတာက ႐ိုက္ကြင္းေပၚမွာ ေရာက္ေတာ့မွ သူတို႔ေကာင္းေနရင္ ကိုယ္က လႊတ္ေပးၿပီး တစ္ခြန္းႏွစ္ခြန္းေလာက္ပဲ ေျပာၿပီး လႊတ္ေပးရတာမ်ိဳးေတာ့ရွိပါတယ္။ မင္းသမီးခ်င္း အေပးအယူမွ်ၿပီး အတြဲညီဖို႔ဆိုတာ မလြယ္ဘူး၊ တစ္ေယာက္က ေရွ႕ကလုပ္လိုက္ရင္ တစ္ေယာက္က က်န္ခဲ့တာမ်ိဳးေတာ့ မရွိဘူး”လို႔ သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္က ေျပာပါတယ္။

အခုကားမွာက အတြဲညီတဲ့ သ႐ုပ္ေဆာင္ေတြ အခ်င္းခ်င္း ပါဝင္ကာ သ႐ုပ္ေဆာင္ၾကမွာျဖစ္တဲ့အတြက္ ပရိသတ္ ႏွစ္သက္ေစမယ့္ ဇာတ္ကားတစ္ကားလည္း ျဖစ္လာမယ္လို႔ ဆိုၾကပါတယ္။ အဲ့ဒီဇာတ္ကား ကိုေတာ့ ဇာတ္လမ္း/ဇာတ္ၫႊန္း နတ္ရဲ(႐ူပေဗဒ)က ေရးသားထားၿပီး ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး) ႐ိုက္ကူးကာ ေအာင္သီရိ ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္မွာ ျဖစ္သလို ဆင္ေျခဖုံးေဒသေတြက တိုက္ခန္းေတြရဲ႕ လူေနမႈစနစ္ပုံစံကို ေဖာ္ၾကဴးကာ ႐ိုက္ကူးသြားမွာျဖစ္သလို သ႐ုပ္ေဆာင္အခ်င္းခ်င္း အားၿပိဳင္ၾကမယ့္ ဇာတ္ကား တစ္ကားလည္း ျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ ၁၇