သင်္ကြန်ကာလစားသောက်ရေး အခက်အခဲအတွက် အိမ်ရာမှာ စောင့်ရှောက်ထားတဲ့အမေများ အိမ်ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ကပြောကြား

သင်္ကြန်ကာလစားသောက်ရေး အခက်အခဲအတွက် အိမ်ရာမှာ စောင့်ရှောက်ထားတဲ့အမေများ အိမ်ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း ကပြောကြား

လာမယ့်သင်္ကြန်ကာလမှာ မကရတော့တဲ့အတွက် စားသောက်ရေး အခက်အခဲတွေ ကြုံလာနိုင် တာကြောင့် အမေများအိမ်ရာမှာ လက်ရှိစောင့်ရှောက်ထားတဲ့ အမေတွေကို အိမ်ပြန်ပို့ဖို့ စီစဉ် ထားတယ်လို့ အမေများအိမ်ရာတည်ထောင်သူ တစ်ဦးလည်းဖြစ်သူ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်းက ပြောပါတယ်။

“သင်္ကြန်တွင်းမှာ မကရတဲ့အတွက် အိမ်ပြန်ပို့မယ်လေ၊ အမေလည်း ဒီအုပ်စုကြီးကို မကျွေးနိုင် ဘူးလေ၊ နောက် သင်္ကြန်ပြီးမှ ပြန်လာကြပေါ့၊ ဥပုသ်စောင့်ချင်လည်း စောင့်ကြပေါ့နော်၊ အမေ့အိမ်ရာလေးက အနုပညာရှင် အားလုံးအတွက်ပေါ့၊ အရိပ်တစ်ခုအနေနဲ့ပေါ့၊ အမေတွေ ပျော်ပျော်ပါးပါးနဲ့ နေစေချင်တာ၊ အမေများအိမ်ရာက ရိပ်သာလည်းမဟုတ်ဘူး၊ မယ်သီလရှင် ကျောင်းလည်းမဟုတ်ဘူး၊ တစ်လ တစ်လကို ၆ သိန်းလောက်က မဖြစ်မနေပေးရတာရှိတယ်၊ ချက်ပြုတ်ရေးကအစ မီတာခတွေ အထိအကုန်လုံး ကုန်ကျစရိတ်ရှိတယ်၊ အမေ ကိုယ်တိုင်က ကားရိုက်ကလည်း နည်းလာတယ်၊ ကိုယ်တိုင်က မလုပ်နိုင်တော့ အခက်အခဲရှိတယ်”လို့ အမေ များ အဖွဲ့တည်ထောင်သူ ဒေါ်နွဲ့နွဲ့စန်းက ရှင်းပြပါတယ်။

အမေများအိမ်ရာကို ရန်ကုန်မြို့ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ ၁ ရပ်ကွက် တွင် တည်ထောင် ထားပြီး တစ်လလျှင် ကုန်ကျစရိတ် ၁၈ သိန်းလောက် ရှိနေကြောင်း၊ လက်ရှိအခက်အခဲ တွေကြောင့် အလှူလက်ခံမှုများကိုလည်း လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

“ဘဝရဲ့တိုက်ပွဲကို အမေတို့ ရင်ဆိုင်နေရဆဲပါပဲ၊ အမေတို့က တစ်ယောက်နဲ့တစ်ယောက်ကြင်နာဖို့ ဂရုဏာတွေ ဇွဲတွေနဲ့ တစ်ယောက်ကို တစ်ယောက် ဖေးမနေတယ်၊ တစ်ချို့ဆိုရင် အမေတို့အဖွဲ့မှာ လာပြီးလည်း မကတော့ဘူး၊ လာလည်း မလာတော့ဘူး၊ ဒါပေမဲ့လည်း အမေတို့ကတော့ ရှိတဲ့ ပဒေသာပင်ငွေလေးထဲကနေ ပံ့ပိုးတာပေါ့၊ ပဒေသာပင်ငွေကနေ သူတို့နေမကောင်းရင် တစ်ယောက်ကို ငါးသောင်းနှုန်းပေးတယ်၊ ဒီထက်လည်း မပေးနိုင်သေးဘူးလေ၊ ဒါပေမဲ့ ဆေးတွေအနေနဲ့ မေတ္တာဆေးခန်းတွေနဲ့ ဆက်သွယ်ပြီးတော့ အလကား ကူညီကုသပေးပါတယ်၊ သင်္ကြန်မှာ ပရိသတ်တွေကိုလည်း ကပြချင်ပါတယ်၊ လာချင်ပါတယ်၊ ဒါပေမဲ့လို့ ရောဂါ အခြေအနေ ကြောင့် မလာနိုင်တာကို နားလည်ပေးပါ၊ ခွင့်လွှတ်ပေးပါ၊ နောင်နှစ်ကျမှ တွေ့ကြ မယ်လို့ ပြောချင်ပါတယ်။

အမေလည်း ဒီနှစ်သင်္ကြန်မှာ ဘာလုပ်ရမှန်းမသိဘူး၊ တရားရိပ်သာဝင်မယ်ဆိုတော့လည်း တရားရိပ်သာမဖွင့်ဘူးတဲ့ မလုပ်ရဘူးဆိုတော့ ဥပုသ်မစောင့်ရရင် ထက ကြရမလားပဲ၊ ဒါပေမဲ့လေ လူကြီးတွေဆိုတာ အရမ်းလည်း အစီအစဉ်ကောင်းပါတယ်၊ အမေတို့ထက် အမြင်အများကြီးရှိပါတယ်၊ ရောဂါဆိုတာ မဖြစ်ခင်က ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါ တယ်၊ ဖြစ်မှဆိုရင်မနိုင်ဘူးလေ၊ မြန်မာ့ နှစ်သစ်ကူးသင်္ကြန်ကို ဒီနေရာကပဲ နှုတ်ဆက်လိုက်ပါ တယ်နော်” လို့ ဒေါ်နွဲ့နွဲ့စန်းက ဆက်လက်ရှင်းပြပါတယ်။

ထိုအမေများအဖွဲ့မှာ ကပြသူ ၁၄ ယောက်ရှိပြီး မက နိုင်တာ ငါးယောက်ရှိကြောင်း၊ အဖွဲ့ဝင် အားလုံးပေါင်း ၂၀ လောက်ရှိကာ နှစ်စဉ်သင်္ကြန်ကာလတွင် ကပြ ဖျော်ဖြေရင်း တစ်နှစ်စာ အတွက် ရန်ပုံငွေကောက်ခံမှုများ ပြုလုပ်လေ့ရှိပါတယ်။ ယခုအခါလာရောက် လှူဒါန်းကြသော အလှူငွေများကို လက်ခံမှုများလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၂၂

(  Zawgyi  )

 လာမယ့္သၾကၤန္ကာလမွာ မကရေတာ့တဲ့အတြက္ စားေသာက္ေရး အခက္အခဲေတြ ႀကဳံလာႏိုင္ တာေၾကာင့္ အေမမ်ားအိမ္ရာမွာ လက္ရွိေစာင့္ေရွာက္ထားတဲ့ အေမေတြကို အိမ္ျပန္ပို႔ဖို႔ စီစဥ္ ထားတယ္လို႔ အေမမ်ားအိမ္ရာတည္ေထာင္သူ တစ္ဦးလည္းျဖစ္သူ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္ ေဒၚႏြဲ႕ႏြဲ႕စန္းက ေျပာပါတယ္။

“သၾကၤန္တြင္းမွာ မကရတဲ့အတြက္ အိမ္ျပန္ပို႔မယ္ေလ၊ အေမလည္း ဒီအုပ္စုႀကီးကို မေကြၽးႏိုင္ ဘူးေလ၊ ေနာက္ သၾကၤန္ၿပီးမွ ျပန္လာၾကေပါ့၊ ဥပုသ္ေစာင့္ခ်င္လည္း ေစာင့္ၾကေပါ့ေနာ္၊ အေမ့အိမ္ရာေလးက အႏုပညာရွင္ အားလုံးအတြက္ေပါ့၊ အရိပ္တစ္ခုအေနနဲ႔ေပါ့၊ အေမေတြ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ေနေစခ်င္တာ၊ အေမမ်ားအိမ္ရာက ရိပ္သာလည္းမဟုတ္ဘူး၊ မယ္သီလရွင္ ေက်ာင္းလည္းမဟုတ္ဘူး၊ တစ္လ တစ္လကို ၆ သိန္းေလာက္က မျဖစ္မေနေပးရတာရွိတယ္၊ ခ်က္ျပဳတ္ေရးကအစ မီတာခေတြ အထိအကုန္လုံး ကုန္က်စရိတ္ရွိတယ္၊ အေမ ကိုယ္တိုင္က ကား႐ိုက္ကလည္း နည္းလာတယ္၊ ကိုယ္တိုင္က မလုပ္ႏိုင္ေတာ့ အခက္အခဲရွိတယ္”လို႔ အေမ မ်ား အဖြဲ႕တည္ေထာင္သူ ေဒၚႏြဲ႕ႏြဲ႕စန္းက ရွင္းျပပါတယ္။

အေမမ်ားအိမ္ရာကို ရန္ကုန္ၿမိဳ႕ သန္လ်င္ၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာ ၁ ရပ္ကြက္ တြင္ တည္ေထာင္ ထားၿပီး တစ္လလွ်င္ ကုန္က်စရိတ္ ၁၈ သိန္းေလာက္ ရွိေနေၾကာင္း၊ လက္ရွိအခက္အခဲ ေတြေၾကာင့္ အလႉလက္ခံမႈမ်ားကိုလည္း လုပ္ေဆာင္ေနရတယ္လို႔ သိရပါတယ္။

“ဘဝရဲ႕တိုက္ပြဲကို အေမတို႔ ရင္ဆိုင္ေနရဆဲပါပဲ၊ အေမတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ၾကင္နာဖို႔ ဂ႐ုဏာေတြ ဇြဲေတြနဲ႔ တစ္ေယာက္ကို တစ္ေယာက္ ေဖးမေနတယ္၊ တစ္ခ်ိဳ႕ဆိုရင္ အေမတို႔အဖြဲ႕မွာ လာၿပီးလည္း မကေတာ့ဘူး၊ လာလည္း မလာေတာ့ဘူး၊ ဒါေပမဲ့လည္း အေမတို႔ကေတာ့ ရွိတဲ့ ပေဒသာပင္ေငြေလးထဲကေန ပံ့ပိုးတာေပါ့၊ ပေဒသာပင္ေငြကေန သူတို႔ေနမေကာင္းရင္ တစ္ေယာက္ကို ငါးေသာင္းႏႈန္းေပးတယ္၊ ဒီထက္လည္း မေပးႏိုင္ေသးဘူးေလ၊ ဒါေပမဲ့ ေဆးေတြအေနနဲ႔ ေမတၱာေဆးခန္းေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ အလကား ကူညီကုသေပးပါတယ္၊ သၾကၤန္မွာ ပရိသတ္ေတြကိုလည္း ကျပခ်င္ပါတယ္၊ လာခ်င္ပါတယ္၊ ဒါေပမဲ့လို႔ ေရာဂါ အေျခအေန ေၾကာင့္ မလာႏိုင္တာကို နားလည္ေပးပါ၊ ခြင့္လႊတ္ေပးပါ၊ ေနာင္ႏွစ္က်မွ ေတြ႕ၾက မယ္လို႔ ေျပာခ်င္ပါတယ္။

အေမလည္း ဒီႏွစ္သၾကၤန္မွာ ဘာလုပ္ရမွန္းမသိဘူး၊ တရားရိပ္သာဝင္မယ္ဆိုေတာ့လည္း တရားရိပ္သာမဖြင့္ဘူးတဲ့ မလုပ္ရဘူးဆိုေတာ့ ဥပုသ္မေစာင့္ရရင္ ထက ၾကရမလားပဲ၊ ဒါေပမဲ့ေလ လူႀကီးေတြဆိုတာ အရမ္းလည္း အစီအစဥ္ေကာင္းပါတယ္၊ အေမတို႔ထက္ အျမင္အမ်ားႀကီးရွိပါတယ္၊ ေရာဂါဆိုတာ မျဖစ္ခင္က ႀကိဳတင္ျပင္ဆင္ထားတာ ေကာင္းပါ တယ္၊ ျဖစ္မွဆိုရင္မႏိုင္ဘူးေလ၊ ျမန္မာ့ ႏွစ္သစ္ကူးသၾကၤန္ကို ဒီေနရာကပဲ ႏႈတ္ဆက္လိုက္ပါ တယ္ေနာ္” လို႔ ေဒၚႏြဲ႕ႏြဲ႕စန္းက ဆက္လက္ရွင္းျပပါတယ္။

ထိုအေမမ်ားအဖြဲ႕မွာ ကျပသူ ၁၄ ေယာက္ရွိၿပီး မက ႏိုင္တာ ငါးေယာက္ရွိေၾကာင္း၊ အဖြဲ႕ဝင္ အားလုံးေပါင္း ၂၀ ေလာက္ရွိကာ ႏွစ္စဥ္သၾကၤန္ကာလတြင္ ကျပ ေဖ်ာ္ေျဖရင္း တစ္ႏွစ္စာ အတြက္ ရန္ပုံေငြေကာက္ခံမႈမ်ား ျပဳလုပ္ေလ့ရွိပါတယ္။ ယခုအခါလာေရာက္ လႉဒါန္းၾကေသာ အလႉေငြမ်ားကို လက္ခံမႈမ်ားလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၂၂