သဘာဝဆန်တဲ့ ကာရိုက်တာမျိုးတွေနဲ့ အများဆုံးရိုက်ကူးဖြစ်ခဲ့တဲ့ လူမင်း

 
သဘာဝဆန်တဲ့ ကာရိုက်တာမျိုးတွေနဲ့ အများဆုံးရိုက်ကူးဖြစ်ခဲ့တဲ့  လူမင်း

မြန်မာဇာတ်ကားတွေအများအပြားထဲ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် အနုပညာလောကမှာ အချိန်အတော်ကြာ မြင့်အောင် အောင်မြင်မှုတွေ ရရှိနေတဲ့ သရုပ်ဆောင် လူမင်းဟာ သဘာဝဆန်တဲ့ ကာရိုက်တာ ဇာတ်ရုပ်မျိုး တွေကို အများဆုံးရိုက်ကူးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

သူ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေတာကြောင့် ယခု ၂၀၁၉ ခုနှစ်ထဲမှာ ဇာတ်ကားရိုက်ကူးတာတွေ လျှော့ခဲ့ပေမယ့် ယခင်ရိုက်ထားပြီးသား ဇာတ်ကားတွေထဲက ရုံတင်ဖို့ ပေါ်ထွက် လာခဲ့တဲ့ ကားတွေလည်းရှိခဲ့ပါတယ်။ “လောလောဆယ်က အလုပ်တွေများနေတာလည်း ပါပါတယ်၊ ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စအတွက်လည်း စိတ်နှစ်ထားတယ်၊ ဇာတ်ကားတွေကတော့ ရိုက်မှာပါ၊ ရှေ့နှစ်ထဲ လောက်တော့ ဖြစ်မှာပေါ့လေ၊ အခုရုံတင်နေတဲ့ကားတွေက ကျွန်တော်အရင်တုန်းက ရိုက်ထားတဲ့ကားတွေပါ၊ နောက်ပိုင်း ရိုက်မယ့်ကားတွေ မှာတော့ သဘာဝဆန်တဲ့ ကာရိုက်တာမျိုးတွေလောက်ပဲ လုပ်ဖြစ်ဖို့ရှိတော့မယ်” လို့ သရုပ်ဆောင် လူမင်းက ရုပ်ရှင်အထူးပွဲတစ်ခုမှာ တွေ့ဆုံစဉ်ပြောပြခဲ့ပါတယ်။

သူဟာ အဝတ်အစား ဒီဇိုင်းတွေကို ဖက်ရှင်ဆန်ဆန်နဲ့ စမတ်ကျကျရွေးချယ်ဝတ်ဆင်တတ်တာကြောင့် လူငယ် သရုပ်ဆောင်တွေနဲ့အပြိုင် နုပျိုကာ ဖက်ရှင်တွေကို လုပ်ဆောင်နိုင်သလို သရုပ်ဆောင်ရာမှာလည်း အကောင်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်ပြီး ကြိုးပမ်းနေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကိုကြိုက်နှစ်သက်တဲ့ ပရိသတ် တွေဟာ ယခုအထိ များပြားနေဆဲအခြေအနေမျိုးဖြစ်ပါတယ်။ “ဟာသကားလည်း ရိုက်ဖူးပါတယ်၊ ဒရမ်မာကား တွေလည်း ရိုက်ဖူးပါတယ်၊ အဲ့ဒီမှာ ဘယ်လိုအခြေအနေကြုံသလဲဆိုတော့ သူ့ဟာနဲ့သူတော့ သရုပ်ဆောင်ရတဲ့ အပိုင်းက နက်နဲပါတယ်၊ အကုန်လုံးက ကြိုတင်ပြင်ဆင်ရတာပေါ့၊ ဟာသကားလည်း ရိုက်ဖြစ်ဦးမှာပါ၊ ပရိသတ်ကို ဖျော်ဖြေတဲ့အနေနဲ့ ရိုက်မှာ၊ လောလောဆယ်က အလုပ်တွေများနေတာကြောင့် ကိုယ့်အိမ်စီးပွားရေး အလုပ်တွေကိုတောင် မလှည့်အားဘူး၊ အကုန်လုံးပစ်ထားရတာ”လို့ သူက ရှင်းပြခဲ့ပါတယ်။

ရုံတင်ဖို့စောင့်နေတဲ့အထဲမှာ သူရိုက်ကူးထားတဲ့ ဇာတ်ကားတွေအများအပြားရှိသေးတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၂၂

(  Zawgyi  )

 ျမန္မာဇာတ္ကားေတြအမ်ားအျပားထဲ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့အျပင္ အႏုပညာေလာကမွာ အခ်ိန္အေတာ္ၾကာ ျမင့္ေအာင္ ေအာင္ျမင္မႈေတြ ရရွိေနတဲ့ သ႐ုပ္ေဆာင္ လူမင္းဟာ သဘာဝဆန္တဲ့ ကာ႐ိုက္တာ ဇာတ္႐ုပ္မ်ိဳး ေတြကို အမ်ားဆုံး႐ိုက္ကူးျဖစ္ခဲ့တယ္လို႔ ေျပာပါတယ္။

သူ႔အေနနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ရွင္ျဖစ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းေနတာေၾကာင့္ ယခု ၂၀၁၉ ခုႏွစ္ထဲမွာ ဇာတ္ကား႐ိုက္ကူးတာေတြ ေလွ်ာ့ခဲ့ေပမယ့္ ယခင္႐ိုက္ထားၿပီးသား ဇာတ္ကားေတြထဲက ႐ုံတင္ဖို႔ ေပၚထြက္ လာခဲ့တဲ့ ကားေတြလည္းရွိခဲ့ပါတယ္။ “ေလာေလာဆယ္က အလုပ္ေတြမ်ားေနတာလည္း ပါပါတယ္၊ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကိစၥအတြက္လည္း စိတ္ႏွစ္ထားတယ္၊ ဇာတ္ကားေတြကေတာ့ ႐ိုက္မွာပါ၊ ေရွ႕ႏွစ္ထဲ ေလာက္ေတာ့ ျဖစ္မွာေပါ့ေလ၊ အခု႐ုံတင္ေနတဲ့ကားေတြက ကြၽန္ေတာ္အရင္တုန္းက ႐ိုက္ထားတဲ့ကားေတြပါ၊ ေနာက္ပိုင္း ႐ိုက္မယ့္ကားေတြ မွာေတာ့ သဘာဝဆန္တဲ့ ကာ႐ိုက္တာမ်ိဳးေတြေလာက္ပဲ လုပ္ျဖစ္ဖို႔ရွိေတာ့မယ္” လို႔ သ႐ုပ္ေဆာင္ လူမင္းက ႐ုပ္ရွင္အထူးပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ေျပာျပခဲ့ပါတယ္။

သူဟာ အဝတ္အစား ဒီဇိုင္းေတြကို ဖက္ရွင္ဆန္ဆန္နဲ႔ စမတ္က်က်ေ႐ြးခ်ယ္ဝတ္ဆင္တတ္တာေၾကာင့္ လူငယ္ သ႐ုပ္ေဆာင္ေတြနဲ႔အၿပိဳင္ ႏုပ်ိဳကာ ဖက္ရွင္ေတြကို လုပ္ေဆာင္ႏိုင္သလို သ႐ုပ္ေဆာင္ရာမွာလည္း အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္ၿပီး ႀကိဳးပမ္းေနသူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူ႔ကိုႀကိဳက္ႏွစ္သက္တဲ့ ပရိသတ္ ေတြဟာ ယခုအထိ မ်ားျပားေနဆဲအေျခအေနမ်ိဳးျဖစ္ပါတယ္။ “ဟာသကားလည္း ႐ိုက္ဖူးပါတယ္၊ ဒရမ္မာကား ေတြလည္း ႐ိုက္ဖူးပါတယ္၊ အဲ့ဒီမွာ ဘယ္လိုအေျခအေနႀကဳံသလဲဆိုေတာ့ သူ႔ဟာနဲ႔သူေတာ့ သ႐ုပ္ေဆာင္ရတဲ့ အပိုင္းက နက္နဲပါတယ္၊ အကုန္လုံးက ႀကိဳတင္ျပင္ဆင္ရတာေပါ့၊ ဟာသကားလည္း ႐ိုက္ျဖစ္ဦးမွာပါ၊ ပရိသတ္ကို ေဖ်ာ္ေျဖတဲ့အေနနဲ႔ ႐ိုက္မွာ၊ ေလာေလာဆယ္က အလုပ္ေတြမ်ားေနတာေၾကာင့္ ကိုယ့္အိမ္စီးပြားေရး အလုပ္ေတြကိုေတာင္ မလွည့္အားဘူး၊ အကုန္လုံးပစ္ထားရတာ”လို႔ သူက ရွင္းျပခဲ့ပါတယ္။

႐ုံတင္ဖို႔ေစာင့္ေနတဲ့အထဲမွာ သူ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြအမ်ားအျပားရွိေသးတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၂၂