သမီးဖြစ်သူကို သင်ကြားပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်

သမီးဖြစ်သူကို သင်ကြားပေးနေတဲ့ သရုပ်ဆောင် ခင်လှိုင်

တက်သစ်စ သရုပ်ဆောင်တွေထဲမှာ တဖြေးဖြေးလူသိများလာတဲ့ သရုပ်ဆောင် သဇင်ထူးမြင့် နဲ့ ပတ်သက်ပြီး သရုပ်ဆောင်တဲ့ပုံစံကို သင်ပေးမှုထက် သရုပ်ဆောင်တစ်ယောက် ထားရှိသင့်တဲ့ စိတ်ပုံစံမျိုးဖြစ်အောင် သွန်သင်ပြသပေးခဲ့တယ်လို့ သရုပ်ဆောင် ခင်လှိုင် က ပြောပါတယ်။

“အိုက်တင်တော့ မသင်ပါဘူး၊ အိုက်တင်သင်ရင် ကျွန်တော့်အိုက်တင် ဖြစ်လိမ့်မယ်၊ ဒါရိုက်တာကတော့ သူ့ကို လိုသလို သင်ပါလိမ့်မယ်၊ ကျွန်တော်ကတော့ သူ့ကို သရုပ်ဆောင်တစ်ယောက်ရဲ့ ထားရမယ့်စိတ်ပေါ့နော်၊ အဓိက က ဘာလဲဆိုတော့ ဒီစိတ်ကို ခံစားချက်ကို မွေးမြူနိုင်မှ ဒီထဲကဇာတ်ကောင် ဖြစ်မှာပေါ့နော်၊ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ဒီအတိုင်းသရုပ်ဆောင်နေရင် ဒီအတိုင်းဖြစ်မှာပေါ့နော်၊ ကာရိုက်တာ ဝင်စားနိုင်ဖို့က ကိုယ်ချင်းစာစိတ်နဲ့ သရုပ်ဆောင်ရမှာပေါ့၊ ဒါမှလည်း ဇာတ်လမ်းထဲက ကာရိုက်တာမျိုးဖြစ်ပြီးတော့ ပီပြင်အောင် လုပ်နိုင်မှာလေ” လို့လည်း သရုပ်ဆောင် ခင်လှိုင် က စာနယ်ဇင်းပွဲတစ်ခုမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ ဇာတ်ကားရိုက်ကူးတာတွေရှိသလို အားလပ်တဲ့အချိန်မှာ သမီးဖြစ်သူအတွက် လိုအပ်တဲ့ သွန်သင်တာတွေ လုပ်ဆောင်ပေမယ့် ပုံစံခွက်ထဲ အနေအထားမျိုးဖြစ်မှာကို စိုးရိမ်ကာ သရုပ်ဆောင်အတတ်ပညာနဲ့ ပတ်သက်တဲ့ အခြေခံသိရှိရမယ့် အကြောင်းအရာတွေလောက်သာ လမ်းညွှန်ပြသပေးခဲ့တာလို့ သိရပါတယ်။

“သူလုပ်တာတွေကို ဦးခင်လှိုင် ကြည့်တော့ မဆိုးဘူးပေါ့နော်၊ သိပ်ပြီးတော့ စိမ်းမနေဘူး၊ ကြောင်တောင်တောင်ဖြစ်မနေဘူး၊ အဓိက ကတော့ ဦးခင်လှိုင် တို့ ကြည့်တာက သရုပ်ဆောင်တစ်ယောက်ရဲ့ မျက်လုံးပေါ့၊ သူ့မျက်လုံးက Eye Power ကောင်းတယ်ပေါ့၊ အဆင်ပြေတယ်ပေါ့၊ အဲ့ဒါလေး အဓိက သူမကြောင်ဘူးပေါ့၊ တစ်ချို့က မျက်လုံးက မျက်ကြောတွေသေနေရင် သူဘယ်လောက်ပဲ အမူအယာတွေ လုပ်ထား လုပ်ထား နှလုံးသားရဲ့တံခါးက မျက်လုံးပဲလေ၊ ရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မျက်လုံးက အဓိကပဲလေ၊ သူ့အနေနဲ့ ဒီမျက်လုံးလေး အဆင်ပြေနေတာကိုက ဖြစ်နိုင်တဲ့အလားအလာ ရှိနေတာပါ။ သမီးလုပ်တတ်သလောက်လေးပဲ လုပ်နေတာကောင်းတယ်၊ အခုအချိန်မှာ သူ့ကို ပုံစံခွက်တစ်ခုထဲ သွားထည့်လိုက်လို့ရှိရင် အဲ့ပုံစံထဲကို ဘောင်ဝင်သွားမှာလေ၊ တဖြေးဖြေးနဲ့ သူလုပ်ရင်းနဲ့ သိလာပါလိမ့်မယ်၊ အနုပညာဆိုတာ ထင်သလောက်တော့ မလွယ်ဘူးဆိုတာလေ” လို့လည်း သရုပ်ဆောင် ခင်လှိုင် က ရှင်းပြပါတယ်။

သရုပ်ဆောင်အလုပ်မှာ ဇာတ်ပို့ဇာတ်ရန်ပဲဖြစ်ဖြစ် အဓိကသရုပ်ဆောင်ပဲဖြစ်ဖြစ် ဒါရိုက်တာဖြစ်သူရဲ့ သွန်သင်ပြသမှုအပေါ် အာရုံစူးစိုက်ကာ စီးမြောနေဖို့လည်းလိုကြောင်း၊ သရုပ်ဆောင်အလုပ်ဟာ ကျားထိုးတာနဲ့တူသလို ကိုယ်မပါဝင်တဲ့ ဇာတ်ကားတွေဖြစ်ပေမယ့် ကြည့်ရှုသင့်ကြောင်း၊ ကျားထိုးတဲ့အခါ ဘေးကကြည့်တဲ့သူက အခြေအနေကောင်းကို ပိုမိုမြင်ရတာကြောင့်လည်း ဘေးမပြောရလို့ သတ်မှတ်ကြတာတွေရှိသလို သရုပ်ဆောင်အလုပ်ဟာလည်း ယင်းကဲ့သို့ဖြစ်ပြီး များများလေ့လာကြည့်ရှုတဲ့အခါ မိမိရဲ့ သရုပ်ဆောင်မှု ကောင်းမွန်စေဖို့ အများကြီးအထောက်အကူဖြစ်စေမယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် - ၂၈

( Zawgyi )

တက္သစ္စ သ႐ုပ္ေဆာင္ေတြထဲမွာ တေျဖးေျဖးလူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ သဇင္ထူးျမင့္ နဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္တဲ့ပုံစံကို သင္ေပးမႈထက္ သ႐ုပ္ေဆာင္တစ္ေယာက္ ထားရွိသင့္တဲ့ စိတ္ပုံစံမ်ိဳးျဖစ္ေအာင္ သြန္သင္ျပသေပးခဲ့တယ္လို႔ သ႐ုပ္ေဆာင္ ခင္လႈိင္ က ေျပာပါတယ္။

“အိုက္တင္ေတာ့ မသင္ပါဘူး၊ အိုက္တင္သင္ရင္ ကြၽန္ေတာ့္အိုက္တင္ ျဖစ္လိမ့္မယ္၊ ဒါ႐ိုက္တာကေတာ့ သူ႔ကို လိုသလို သင္ပါလိမ့္မယ္၊ ကြၽန္ေတာ္ကေတာ့ သူ႔ကို သ႐ုပ္ေဆာင္တစ္ေယာက္ရဲ႕ ထားရမယ့္စိတ္ေပါ့ေနာ္၊ အဓိက က ဘာလဲဆိုေတာ့ ဒီစိတ္ကို ခံစားခ်က္ကို ေမြးျမဴႏိုင္မွ ဒီထဲကဇာတ္ေကာင္ ျဖစ္မွာေပါ့ေနာ္၊ ကိုယ့္ရဲ႕ သ႐ုပ္ေဆာင္မႈကို ဒီအတိုင္းသ႐ုပ္ေဆာင္ေနရင္ ဒီအတိုင္းျဖစ္မွာေပါ့ေနာ္၊ ကာ႐ိုက္တာ ဝင္စားႏိုင္ဖို႔က ကိုယ္ခ်င္းစာစိတ္နဲ႔ သ႐ုပ္ေဆာင္ရမွာေပါ့၊ ဒါမွလည္း ဇာတ္လမ္းထဲက ကာ႐ိုက္တာမ်ိဳးျဖစ္ၿပီးေတာ့ ပီျပင္ေအာင္ လုပ္ႏိုင္မွာေလ” လို႔လည္း သ႐ုပ္ေဆာင္ ခင္လႈိင္ က စာနယ္ဇင္းပြဲတစ္ခုမွာ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

သူ႔အေနနဲ႔ ဇာတ္ကား႐ိုက္ကူးတာေတြရွိသလို အားလပ္တဲ့အခ်ိန္မွာ သမီးျဖစ္သူအတြက္ လိုအပ္တဲ့ သြန္သင္တာေတြ လုပ္ေဆာင္ေပမယ့္ ပုံစံခြက္ထဲ အေနအထားမ်ိဳးျဖစ္မွာကို စိုးရိမ္ကာ သ႐ုပ္ေဆာင္အတတ္ပညာနဲ႔ ပတ္သက္တဲ့ အေျခခံသိရွိရမယ့္ အေၾကာင္းအရာေတြေလာက္သာ လမ္းၫႊန္ျပသေပးခဲ့တာလို႔ သိရပါတယ္။

“သူလုပ္တာေတြကို ဦးခင္လႈိင္ ၾကည့္ေတာ့ မဆိုးဘူးေပါ့ေနာ္၊ သိပ္ၿပီးေတာ့ စိမ္းမေနဘူး၊ ေၾကာင္ေတာင္ေတာင္ျဖစ္မေနဘူး၊ အဓိက ကေတာ့ ဦးခင္လႈိင္ တို႔ ၾကည့္တာက သ႐ုပ္ေဆာင္တစ္ေယာက္ရဲ႕ မ်က္လုံးေပါ့၊ သူ႔မ်က္လုံးက Eye Power ေကာင္းတယ္ေပါ့၊ အဆင္ေျပတယ္ေပါ့၊ အဲ့ဒါေလး အဓိက သူမေၾကာင္ဘူးေပါ့၊ တစ္ခ်ိဳ႕က မ်က္လုံးက မ်က္ေၾကာေတြေသေနရင္ သူဘယ္ေလာက္ပဲ အမူအယာေတြ လုပ္ထား လုပ္ထား ႏွလုံးသားရဲ႕တံခါးက မ်က္လုံးပဲေလ၊ ရင္ထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာ မ်က္လုံးက အဓိကပဲေလ၊ သူ႔အေနနဲ႔ ဒီမ်က္လုံးေလး အဆင္ေျပေနတာကိုက ျဖစ္ႏိုင္တဲ့အလားအလာ ရွိေနတာပါ။ သမီးလုပ္တတ္သေလာက္ေလးပဲ လုပ္ေနတာေကာင္းတယ္၊ အခုအခ်ိန္မွာ သူ႔ကို ပုံစံခြက္တစ္ခုထဲ သြားထည့္လိုက္လို႔ရွိရင္ အဲ့ပုံစံထဲကို ေဘာင္ဝင္သြားမွာေလ၊ တေျဖးေျဖးနဲ႔ သူလုပ္ရင္းနဲ႔ သိလာပါလိမ့္မယ္၊ အႏုပညာဆိုတာ ထင္သေလာက္ေတာ့ မလြယ္ဘူးဆိုတာေလ” လို႔လည္း သ႐ုပ္ေဆာင္ ခင္လႈိင္ က ရွင္းျပပါတယ္။

သ႐ုပ္ေဆာင္အလုပ္မွာ ဇာတ္ပို႔ဇာတ္ရန္ပဲျဖစ္ျဖစ္ အဓိကသ႐ုပ္ေဆာင္ပဲျဖစ္ျဖစ္ ဒါ႐ိုက္တာျဖစ္သူရဲ႕ သြန္သင္ျပသမႈအေပၚ အာ႐ုံစူးစိုက္ကာ စီးေျမာေနဖို႔လည္းလိုေၾကာင္း၊ သ႐ုပ္ေဆာင္အလုပ္ဟာ က်ားထိုးတာနဲ႔တူသလို ကိုယ္မပါဝင္တဲ့ ဇာတ္ကားေတြျဖစ္ေပမယ့္ ၾကည့္ရႈသင့္ေၾကာင္း၊ က်ားထိုးတဲ့အခါ ေဘးကၾကည့္တဲ့သူက အေျခအေနေကာင္းကို ပိုမိုျမင္ရတာေၾကာင့္လည္း ေဘးမေျပာရလို႔ သတ္မွတ္ၾကတာေတြရွိသလို သ႐ုပ္ေဆာင္အလုပ္ဟာလည္း ယင္းကဲ့သို႔ျဖစ္ၿပီး မ်ားမ်ားေလ့လာၾကည့္ရႈတဲ့အခါ မိမိရဲ႕ သ႐ုပ္ေဆာင္မႈ ေကာင္းမြန္ေစဖို႔ အမ်ားႀကီးအေထာက္အကူျဖစ္ေစမယ္လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ - ၂၈