သရုပ်ဆောင်ကောင်းတဲ့သူအဖြစ် သတ်မှတ်ခံရရင်သေပျော်ပြီလို့ဆိုလာတဲ့ ရွှေပိုးအိမ်

သရုပ်ဆောင်ကောင်းတဲ့သူအဖြစ် သတ်မှတ်ခံရရင်သေပျော်ပြီလို့ဆိုလာတဲ့ ရွှေပိုးအိမ်

 

သရုပ်ဆောင် ရွှေပိုးအိမ်ဟာ သရုပ်ဆောင်ကောင်းသူအဖြစ် ပရိသတ်က သတ်မှတ်တာကိုခံရရင် သူ့ရဲ့ဘဝမှာ သေပျော်ပြီလို့ပြောပါတယ်။ ယခုလတ်တလောမှာတော့ ဇာတ်ကောင်စရိုက်မျိုးစုံအောင် ပါဝင်ကာ သရုပ်ဆောင် နေသလို သရုပ်ဆောင်တာနဲ့ပတ်သက်တဲ့ အတွေ့အကြုံများစေဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

“မတူတဲ့ ကာရိုက်တာမျိုးကို ရိုက်ချင်တာပေါ့နော်၊ သရုပ်ဆောင်ကောင်းတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ပါတယ်၊ အောင်မြင်တဲ့အနုပညာရှင်လို့ဆိုတာထက် သရုပ်ဆောင်ကောင်းတဲ့သူ တစ်ယောက် အဖြစ် သတ်မှတ်ခံရရင် သေပျော်ပါပြီ၊ ဇာတ်ကားထဲ ကိုယ်ပါတဲ့အခန်းက များတာပဲဖြစ်ဖြစ် နည်းတာ ပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ”လို့ သရုပ်ဆောင် ရွှေပိုးအိမ်က ပြောပါတယ်။

သူဟာ သရုပ်ဆောင်တာကို ဝါသနာပါတဲ့သူဖြစ်သလို ငယ်စဉ်ကတည်းကလည်း မြန်မာရုပ်ရှင် ကားတွေ ကို ကြည့်လေ့ရှိကြောင်း၊ ယခုအခါ သရုပ်ဆောင်အလုပ်ကို လုပ်နေတာကြောင့် ခန္ဓာကိုယ် အလှအပကို ထိန်းသိမ်း နေပြီး အရင်က ပိန်ဆေးတွေသောက်ရ ပေမယ့် ယခုနောက်ပိုင်း Gym ဆော့ကစားတာကြောင့် ပိန်ဆေး သောက်စရာမလိုပဲ တစ်လအတွင်းမှာ ၁၀ ပေါင်လောက် ကျသွားတယ် လို့လည်း သိရပါတယ်။

“ရွှေပိုးက မြန်မာကားတွေအကြိုက်ဆုံးပဲ၊ မြန်မာကားတွေကို ရုပ်ရှင်ရုံမှာသွားကြည့်တယ်၊ အရင်က ဆိုရင် သိမ်ကြီးဈေး မင်္ဂလာရုံမှာ သွားကြည့်ဖြစ်တယ်၊ နိုင်ငံခြားကားတွေက ကြည့်တော့ကြည့်တယ်၊ နည်းတယ်၊ မြန်မာကားတွေပဲ ပိုကြည့်ဖြစ်တယ်၊ ရွှေပိုးက မှန်ဉာဏ်သိပ်မကောင်းဘူး၊ ရုပ်ရှင်ကြည့်ပြီးရင် ဇာတ်ကား နာမည်ကအစ မေ့မေ့သွားတယ်၊ မြန်မာကားတွေက ရယ်ရတော့ ပိုနားလည်တယ်၊ ပိုပြီးလည်း မှတ်မိတယ်၊ ဟာသကားလည်းကြိုက်တယ်၊ အချစ်ကား၊ သရဲကားတွေ လည်းကြိုက်တယ်၊ အကုန်ကြိုက်တယ်”လို့ သူမက ဆက်လက်ပြောကြားပါတယ်။

လာမယ့် တစ်ရက်နှစ်ရက်လောက်မှာ “ငါတို့သည်”လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မန္တလေး၊ ပြင်ဦးလွင် ဘက်မှာ သွားရောက်ရိုက်ကူးဖို့ ပြင်ဆင်ထားပြီး လက်ရှိကာအထိ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ၁၀ ကားလောက် ရှိပေမယ့် ရုံတင်မယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

 (မင်းခေတ်လင်း)  
ရန်ကုန်၊ ဇွန် ၃၀

(  Zawgyi  )

သ႐ုပ္ေဆာင္ ေ႐ႊပိုးအိမ္ဟာ သ႐ုပ္ေဆာင္ေကာင္းသူအျဖစ္ ပရိသတ္က သတ္မွတ္တာကိုခံရရင္ သူ႔ရဲ႕ဘဝမွာ ေသေပ်ာ္ၿပီလို႔ေျပာပါတယ္။ ယခုလတ္တေလာမွာေတာ့ ဇာတ္ေကာင္စ႐ိုက္မ်ိဳးစုံေအာင္ ပါဝင္ကာ သ႐ုပ္ေဆာင္ ေနသလို သ႐ုပ္ေဆာင္တာနဲ႔ပတ္သက္တဲ့ အေတြ႕အႀကဳံမ်ားေစဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

“မတူတဲ့ ကာ႐ိုက္တာမ်ိဳးကို ႐ိုက္ခ်င္တာေပါ့ေနာ္၊ သ႐ုပ္ေဆာင္ေကာင္းတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ခ်င္ပါတယ္၊ ေအာင္ျမင္တဲ့အႏုပညာရွင္လို႔ဆိုတာထက္ သ႐ုပ္ေဆာင္ေကာင္းတဲ့သူ တစ္ေယာက္ အျဖစ္ သတ္မွတ္ခံရရင္ ေသေပ်ာ္ပါၿပီ၊ ဇာတ္ကားထဲ ကိုယ္ပါတဲ့အခန္းက မ်ားတာပဲျဖစ္ျဖစ္ နည္းတာ ပဲျဖစ္ျဖစ္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားမွာပါ”လို႔ သ႐ုပ္ေဆာင္ ေ႐ႊပိုးအိမ္က ေျပာပါတယ္။

သူဟာ သ႐ုပ္ေဆာင္တာကို ဝါသနာပါတဲ့သူျဖစ္သလို ငယ္စဥ္ကတည္းကလည္း ျမန္မာ႐ုပ္ရွင္ ကားေတြ ကို ၾကည့္ေလ့ရွိေၾကာင္း၊ ယခုအခါ သ႐ုပ္ေဆာင္အလုပ္ကို လုပ္ေနတာေၾကာင့္ ခႏၶာကိုယ္ အလွအပကို ထိန္းသိမ္း ေနၿပီး အရင္က ပိန္ေဆးေတြေသာက္ရ ေပမယ့္ ယခုေနာက္ပိုင္း Gym ေဆာ့ကစားတာေၾကာင့္ ပိန္ေဆး ေသာက္စရာမလိုပဲ တစ္လအတြင္းမွာ ၁၀ ေပါင္ေလာက္ က်သြားတယ္ လို႔လည္း သိရပါတယ္။

“ေ႐ႊပိုးက ျမန္မာကားေတြအႀကိဳက္ဆုံးပဲ၊ ျမန္မာကားေတြကို ႐ုပ္ရွင္႐ုံမွာသြားၾကည့္တယ္၊ အရင္က ဆိုရင္ သိမ္ႀကီးေဈး မဂၤလာ႐ုံမွာ သြားၾကည့္ျဖစ္တယ္၊ ႏိုင္ငံျခားကားေတြက ၾကည့္ေတာ့ၾကည့္တယ္၊ နည္းတယ္၊ ျမန္မာကားေတြပဲ ပိုၾကည့္ျဖစ္တယ္၊ ေ႐ႊပိုးက မွန္ဉာဏ္သိပ္မေကာင္းဘူး၊ ႐ုပ္ရွင္ၾကည့္ၿပီးရင္ ဇာတ္ကား နာမည္ကအစ ေမ့ေမ့သြားတယ္၊ ျမန္မာကားေတြက ရယ္ရေတာ့ ပိုနားလည္တယ္၊ ပိုၿပီးလည္း မွတ္မိတယ္၊ ဟာသကားလည္းႀကိဳက္တယ္၊ အခ်စ္ကား၊ သရဲကားေတြ လည္းႀကိဳက္တယ္၊ အကုန္ႀကိဳက္တယ္”လို႔ သူမက ဆက္လက္ေျပာၾကားပါတယ္။

လာမယ့္ တစ္ရက္ႏွစ္ရက္ေလာက္မွာ “ငါတို႔သည္”လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို မႏၲေလး၊ ျပင္ဦးလြင္ ဘက္မွာ သြားေရာက္႐ိုက္ကူးဖို႔ ျပင္ဆင္ထားၿပီး လက္ရွိကာအထိ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကား ၁၀ ကားေလာက္ ရွိေပမယ့္ ႐ုံတင္မယ့္ရက္ကိုေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။

 (မင္းေခတ္လင္း)  
ရန္ကုန္၊ ဇြန္ ၃၀